





၁၉၇၄ မေလ နှင့်ဇွန်လ လုပ်သားအခွင့်အရေးလှုပ်ရှားမှု(၄၈)နှစ်ပြည့်မှာစစ်အာဏာရှင်ကိုအံတုတိုက်ပွဲဝင်ခဲ့ကြတဲ့ လုပ်သားရဲဘော်များအတွက်အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးမှဂုဏ်ပြုအမှာစကားပြောကြား
ဇွန် ၊ ၆ ရက်
(အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သုဝဏ္ဏ)
“မေလနှင့်ဇွန်လလုပ်သားလှုပ်ရှားမှုမှာလုပ်သားထုကလုပ်သားအခွင့်အရေးသာတောင်းဆိုခဲ့ကြပေမယ့်စစ်အာဏာရှင်တွေကတော့ကျည်ဆံပဲပေးခဲ့ကြတာဖြစ်ပါတယ်လုပ်သားတွေရဲ့အခွင့်အရေးလုပ်ငန်းခွင်လုံခြုံရေးတွေကစစ်အာဏာရှင်တွေရဲ့လက်အောက် မှာရဖို့မလွယ်လှပါဘူး ဒါကြောင့်ယခုအခါဒီမိုကရေစီ၊လူ့အခွင့်အရေး၊ဖက်ဒရယ်အရေးတို့အတွက်စစ်အာဏာရှင်တို့ကိုသွားလာတိုက်ခိုက်နေတဲ့တော်လှန်ရေးသမားများနဲ့ပူးပေါင်းပြီးစီးပွားရေး၊အခွင့်အရေးတိုက်ပွဲတွေကနေနိုင်ငံရေးတိုက်ပွဲတွေအထိဆင်နွဲကြဖို့သမိုင်းကတောင်းဆိုလာပြီဖြစ်ပါတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သုဝဏ္ဏ၏ ၁၉၇၄ ခုနှစ် လုပ်သားအခွင့်အရေးလှုပ်ရှားမှု ၄၈နှစ်ပြည့် အမှတ်တရဂုဏ်ပြုစကားမှကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက စီစဉ်ထုတ်ဝေသည့် “နွေဦးလုပ်သား” သတင်းလွှာ အတွဲ(၁)၊ အမှတ်စဉ်(၁) ယနေ့စတင်ထုတ်ဝေ
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်
[pdf-embedder url=”https://assets-mol.nugmyanmar.org/images/2022/06/MoLMayNews-Final.pdf”]

ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနှင့်
ပြည်ပအလုပ်အကိုင်အသိအမှတ်ပြုကတ် (OERC) ထုတ်ပေးခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ (တရားဝင် နေထိုင်လုပ်ကိုင်နေသည့် အလုပ်သမားများ၊ သက်တမ်းကျော်လွန် နေထိုင်လုပ်ကိုင်နေသူများ၊ အလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ၊ ခိုလှုံခွင့်ဗီဇာ တစ်မျိုးမျိုးဖြင့် နေထိုင်လုပ်ကိုင်နေသူ များ) ၏ အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက်များကို စစ်တမ်းကောက်ယူခြင်းနှင့် ပြည်ပ အလုပ်အကိုင်အသိအမှတ်ပြုကတ် (Overseas Employment Registration Card-OERC) ထုတ်ပေးခြင်းကို အောက်ပါရည်ရွယ်ချက်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်-
(က) ပြည်ပနိုင်ငံများတွင် အမှန်တကယ်ရောက်ရှိလုပ်ကိုင်နေသူ ဦးရေ (ခန့်မှန်း) သိရှိနိုင်ရန် နှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်အကိုင်ဆိုင်ရာ အခြေခံအချက်အလက်များ မှတစ်ဆင့် ပိုမိုကောင်းမွန်သည့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် အထောက်အကူဖြစ်စေရန်၊
( ခ) ပြည်ပနိုင်ငံများတွင် ရောက်ရှိလုပ်ကိုင်နေသူများ ကြုံတွေ့နေရသည့် အခက်အခဲများကို လျင်မြန်ထိရောက်စွာ ချိတ်ဆက်ကူညီဆောင်ရွက်ပေးနိုင်ရန်၊
( ဂ) နွေဦးတော်လှန်ရေးကြားကာလအတွင်း NUG ပြည်သူ့အစိုးရအား ထောက်ခံသည့် အင်အားတစ်ရပ်အနေဖြင့် ပါဝင်နိုင်ရန်နှင့် နွေဦးတော်လှန်ရေး ဘဏ္ဍာရန်ပုံငွေ ရရှိရန်၊
(ဃ) ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပတွင် အလုပ်လုပ်ကိုင်ခွင့် အတွက် အသိအမှတ်ပြု သက်သေခံကတ်အဖြစ် ထုတ်ပေးထားသည့် Overseas Worker Identification Card-OWIC အစား Overseas Employment Registration Card-OERC အဖြစ် ပြောင်းလဲထုတ်ပေးရန်၊
( င) သက်ဆိုင်ရာ ပြည်ပနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identification- C of I) ထုတ်ပေးရာတွင် အထောက်အထားတစ်ရပ်အနေဖြင့် အသုံးပြုနိုင်ရန်။
၂။ OERC ကတ်အတွက် လျှောက်လွှာတင်သွင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းကို online Application Form အသုံးပြုသွားမည်ဖြစ်ပြီး Application Form တွင် ဖြည့်သွင်းထားသည့် အချက်အလက်များကို စိစစ်အတည်၍ OERC (Smart Card) ပြန်လည်ထုတ်ပေးသွားမည် ဖြစ်သည်။
၃။ Application Form ဖြည့်သွင်းရာတွင် အခက်အခဲရှိပါက လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန်၊ OERC (Smart Card) ဖြန့်ဝေပေးရန်နှင့် မလိုလားအပ်သည့် လိမ်လည်မှု၊ မသမာမှုများမှ ကာကွယ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီများ (MMWCs)၊ ကိုယ်စားလှယ်အဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ တာဝန်ယူကူညီဆောင်ရွက်ပေးမည့် အဖွဲ့အစည်း၊ ကိုယ်စားလှယ်ပုဂ္ဂိုလ် အမည်များနှင့် အသေးစိတ်အစီအစဉ်ကို နိုင်ငံအလိုက် သီးခြားစီ ထပ်မံထုတ်ပြန်ပေးမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
[pdf-embedder url=”https://assets-mol.nugmyanmar.org/images/2022/05/26-5-2022..6-2022..OERC-Noti.pdf” title=”26-5-2022..6-2022..OERC Noti”]

ထိုင်းနိုင်ငံ ပါရှန်ပူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမား မရွှေဇင်လင်း ပါ (၃) ဦးသည် လုပ်ခလစာများမရရှိခြင်း၊ တရားဝင်အလုပ်ပိတ်ရက်များ ခံစားခွင့်မရရှိခြင်းနှင့် လုပ်ငန်းခွင် ဖိနှိပ်မှုရှိခြင်း စသည်အချက်များအား ၃.၅.၂၀၂၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ သို့ တိုင်ကြားလာပါသည်။
၄.၅.၂၀၂၂ ရက်နေ့တွင် အလုပ်သမား မရွှေဇင်လင်းပါ (၃) ဦးအား
ပါရှန်ပူရီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ ခေါ်ဆောင်သွားပြီး အလုပ်သမား နစ်နာမှုများနှင့် လုပ်ခလစာ အကျိုးခံစားခွင့် စုစုပေါင်း ၇၂၅၀၀ ဘတ် အား ရရှိနိုင်ရေး တိုင်ကြားခဲ့ပြီး အလုပ်သမားများအား လုံခြုံစိတ်ချသည့် အခြားလုပ်ငန်းခွင်သို့ ရွှေ့ပြောင်းခွင့်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
အလုပ်သမား၏ အခွင့်အရေးများရရှိအောင် ပူပေါင်းဆောင်ရွက်ပေးသည့် ထိုင်းနိုင်ငံ အလုပ်သမားဌာနမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ကူညီဆောင်ရွက်ပေးသည့် ကိုရဲမင်း ဦးဆောင်သော (AAC) အဖွဲ့အား ကျေးဇူးအထူးတင်ရှိပါသည်။

၂၀၂၂ခုနှစ်၊ မေလ ၁ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ပြီး ပထမပိုင်းအနေဖြင့် မေဒေးနေ့ အခမ်းအနား နှင့် ဒုတိယပိုင်းအနေဖြင့် “တော်လှန်လုပ်သား နွေဦးအင်အား” ခေါင်းစဉ်ဖြင့် မေဒေးနေ့အထိမ်းအမှတ် စကားဝိုင်းတို့ကို စီစဉ်ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းတွင် ကမ္ဘာ့အလုပ်သမားနေ့၌ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ကျော်က မိမိတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးဖြစ်သည့် တစ်နေ့ အလုပ်ချိန် ၈ နာရီ သတ်မှတ်နိုင်အောင် ဖိနှိပ်မှုအမျိုးမျိုးကို ဆန့်ကျင်ပြီး ညီညွတ်စွာ တိုက်ပွဲဝင်တောင်းဆိုခဲ့တဲ့ နိုင်ငံတကာအလုပ်သမားထုကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အခမ်းအနားများကို နည်းလမ်းအသွယ်သွယ်ဖြင့် ကျင်းပကြပါတယ်
မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်ဆန့်ကျင် တိုက်ဖျက်ရေးအတွက် ခေတ်အဆက်ဆက် မှာ ပြည်သူအားလုံးနဲ့ အတူ ရှေ့တန်းမှ ဦးဆောင် တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုက်ပွဲဝင်နေတဲ့ ပြည်တွင်းပြည်ပရှိ အလုပ်သမားထုကြီးအား ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကိုတော်လှန်မှုများ၌ ကျဆုံးခဲ့သော အလုပ်သမားများနှင့် ဖမ်းဆီး ထောင်ချခံနေရသော အလုပ်သမားများ၏ သူရသတ္တိနှင့်စွန့်လွှတ်အနစ်နာခံမှုအား မော်ကွန်းတင်နိုင်ရန်အတွက်လည်းကောင်း ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါတယ်
အခမ်းအနားကို အောက်ပါ Facebook Page များမှ Live ထုတ်လွှင့်သွားမှာဖြစ်ကြောင်းအသိပေးကြေညာအပ်ပါတယ်
[pdf-embedder url=”https://assets-mol.nugmyanmar.org/images/2022/04/2022_MayDay_Flyer_Public.pdf”]

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ YouTube Channel အား စတင်ဖွင့်လှစ်ပြီးဖြစ်ကြောင်း အသိပေးကြေညာခြင်း
ဝန်ကြီးဌာန၏အခမ်းအနားအစီအစဉ်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးတို့၏ မိန့်ခွန်းများ၊ အင်တာဗျူးများ ကို ဝန်ကြီးဌာန၏ ဖော်ပြပါ YouTube Channel တွင် Subscribe ပြုလုပ်ကြည့်ရှုနိုင်ပြီဖြစ်ပါသည်။
https://go.molmyanmar.org/YouTube



နှစ်စဉ် ဧပြီလ ၂၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မှစ၍ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းခွင် အသီးသီး၌ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရမှုကိုအပြင်းအထန်ရှုံ့ချကြောင်းနှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ ဥပဒေမဲ့ ဖမ်းစီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းကို ခံနေရသော အလုပ်သမားခေါင်းဆောင်များနှင့်အလုပ်သမားများအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်ရေး အတူဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း

အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေး၊ တိုင်ကြားမှုယန္တရားနှင့်စပ်လျဉ်းသည့် ကြေညာချက်အမှတ် ၅/၂၀၂၂ ကိုကြေညာလိုက်သည်။
အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေးနှင့် တိုင်ကြားမှုယန္တရားအား ၂၀၂၂ ခုနှစ်၊ ဧပြီ လ ၁၇ ရက်နေ့မှ စတင်၍တိုင်ကြားနိုင်ပါကြောင်းနှင့် ဖော်ပြပါနည်းလမ်းများဖြင့်ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
တိုင်ကြားနိုင်သည့် နည်းလမ်းများ –
Website မှတဆင့်တိုင်ကြားနိုင်ရန် – complaint.molmyanmar.org
Facebook Messenger Bot မှတဆင့်တိုင်ကြားနိုင်ရန် – https://m.me/MoLNUGMyanmar
Email မှတဆင့်တိုင်ကြားနိုင်ရန် – complaint@molmyanmar.org
[pdf-embedder url=”https://assets-mol.nugmyanmar.org/images/2022/04/52022-CM-Letter.pdf” title=”52022 CM Letter”]
[pdf-embedder url=”https://assets-mol.nugmyanmar.org/images/2022/04/MoLComplaint.pdf”]

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ပြည်တွင်း အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်နှင့် စပ်လျဉ်းသည့် ကြေညာချက်အမှတ် ၄/၂၀၂၂
ပြည်တွင်း အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများနှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများအနေဖြင့် မိမိတို့၏လုပ်ငန်းလိုင်စင်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ အောက်ပါ လင့်(ခ်) တွင် Online စနစ်ဖြင့်ပြန်လည် မှတ်ပုံတင်လျှောက်ထားရမည်။
မှတ်ပုံတင်လျှောက်ထားရမည့် Website URL – (https://slha-content.nugmyanmar.org/forms)
https://slha-content.nugmyanmar.org/forms
[pdf-embedder url="https://assets-mol.nugmyanmar.org/images/2022/03/31-3-2022-Agency-Announcement-4-2022.pdf" title="31-3-2022 Agency Announcement 4-2022"]
[flipbook pdf="https://assets-mol.nugmyanmar.org/images/2022/03/31-3-2022-Agency-Announcement-4-2022.pdf"]