uBlog
-

အမျိုးသားကျန်းမာရေးကော်မတီ (NHC) ဖွဲ့စည်းခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar) ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားသည့်မိန့်ခွန်း
uအမျိုးသားကျန်းမာရေးကော်မတီ (NHC) ဖွဲ့စည်းခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar) ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ မှ ပြောကြားသည့် မိန့်ခွန်းဒီနေ့ အမျိုးသားကျန်းမာရေးကော်မတီ (NHC) ဖွဲ့စည်းခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖက်ဒရယ် ကျန်းမာရေးစနစ်ဖော်ဆောင်ရန်အတွက် ဒီကနေ့ ကျင်းပသည့် အမျိုးသားကျန်းမာရေး နှီးနှောဖလှယ်ပွဲ (National Health Seminar) ကို တက်ရောက်လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ် များနှင့် ဧည့်သည်တော်များကို မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ကျနော်ကတော့ မွန်ပြည်ကြားကာကပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) မှ ဥက္ကဌအဖြစ် တာဝန်ယူထားသလို အမျိုးသားညီညွတ်ရေးအစိုးရ၏အလုပ်သမားဝန်းကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ နိုင်ထွန်းဖေ ခေါ် နိုင်သုဝဏ္ဏ ဖြစ်ပါတယ်။ ဒီကနေ့ အခမ်းအနားမှာ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ Mon State Interim Coordination Committee (MSICC)ကိုယ်စား အမှာစကားပြောခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျား –မြန်မာတို့ပြောလေ့ရှိတဲ့ “အာရောဂျံ ပရမံ လာဘံ”ကျန်းမာခြင်းသည်လာဘ်တစ်ပါး လို့ ဆိုတာပဲ ဖြစ်ပါ တယ်။ ကျမ်းမာခြင်းဟာ မင်္ဂလာရှိတယ်၊ ကံကောင်းခြင်းဖြစ်တယ်လို့ သက်မှတ်ထားကြပါတယ်။ မြန်မာမှုအရ ဆုမွန်ကောင်းတောင်းပေးတာပဲဖြစ်ဖြစ် ဆုမွန်ကောင်းခြွေပေးတာပဲဖြစ်ဖြစ် မေတ္တာပို့ကြ တာပဲဖြစ်ဖြစ်”ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ” ဆိုပြီး တဖက်သူ၊ တဖက်သား အများသူငါ ကို ကျမ်းမာရေး ကောင်းစေချင်တဲ့စေသနာ၊ သဒ္ဓါတရားထက်သန်တဲ့ ယဉ်ကျေးမှုအခြေခံရှိပြီး ဖြစ်ပါတယ်။ဒီလိုကျန်းမာရေးကို ဦးစားပေးတဲ့ ယဉ်ကျေးမှုအခြေခံရှိထားပြီးတဲ့ ကျနော်တို့တိုင်းပြည်ဟာ ယနေ့ အချိန်မှာ ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှုအနိမ့်ဆုံး၊အဆိုးရွားအညံ့ဖျင်းဆုံး တိုင်းပြည်တွေထဲမှာ ကျ ရောက်သွားပါတယ်။ တချိန်က အရှေ့တောင်အာရှမှာ ကျမ်းမာရေးစောင့်ရှောက်မှုမှာ ရှေ့တန်းမှာ ရှိခဲ့ ရာကနေ အဆိုးရွားဆုံးအခြေအနေထိ ဆုတ်ယုတ်ကျဆင်းသွားခဲ့ပါတယ်။ဒီလိုအခြေအနေသို့ ကျဆင်းသွားရတာဟာ နိုင်ငံကို စစ်တပ်ကအာဏာသိမ်းပြီး စတင်အုပ်ချုပ်လိုက်က ထဲက ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီး စစ်အာဏာရှင်စနစ် ထူထောင်ပြီးတဲ့နောက် တိုင်းပြည်ရဲ့ အရင်းအမြစ်မှန်သမျှဟာ စစ်တပ်နဲ့စစ်အာဏာရှင်တို့ အကျိုးစီးပွားအတွက်ပဲ ဖြစ်သွား ပါတယ်။ ပြည်သူလူထုအပေါ်မှာ ကဏ္ဍစုံ လျစ်လျူရှုခံရတဲ့အထဲမှာ ကျန်းမာရေးကဏ္ဍဟာလည်း ပါဝင်ခဲ့ပါတယ်။ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျာ…..ယခုအခါ စစ်အာဏာရှင်စနစ်ကိုအပြီးအပိုင်ဖျက်သိမ်းမယ့် တော်လှန်ရေးတရပ်ကို ဆင်နွဲနေတဲ့ ကာလ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့တော်လှန်ရေးဟာ ဘက်စုံ၊ကဏ္ဍစုံကိုပါ တော်လှန်ပြောင်းလဲနေရတဲ့ တော် လှန်ရေး ဖြစ်ပါတယ်။ယနေ့တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ကျနော်တို့ ပြည်သူတရပ်လုံး လိုလား တောင့်တသည့် ကျနော်တို့နိုင်ငံ၏ငြိမ်းချမ်းရေး တိုးတက်ဖွံ့ဖြိုးရေးနှင့် ကျနော်တို့ တိုင်းရင်းသားလူမျိုး များအကြား သွေးစည်းညီညွတ်စွာ အတူယှဉ်တွဲနေထိုင်နိုင်သည့် ပြည်ထောင်စုစနစ်ကိုလည်း တည် ဆောက်ရမည့် တော်လှန်ရေး ဖြစ်ပါတယ်။ဒီအထဲမှာ ကျန်းမာရေးကဏ္ဍလည်း ကျနော်တို့နိုင်ငံနှင့် ကိုက်ညီသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကို တနည်းအားဖြင့် ဖက်ဒရယ်ကျန်းမာရေးစနစ်ကို ထူထောင်ရမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ် ထူ ထောင်ပြီး ဖက်ဒရယ်ကျန်းမာရေးစနစ်၊ ဖက်ဒရယ်ပညာရေးစနစ် စတာတွေ မထူထောင်ရင် အင်္ဂါမပြည့် စုံတဲ့ ဖက်ဒရယ်ဖြစ်သွားပါလိမ့်မယ်။ဒီကနေ့ ဒီနေ့ အမျိုးသားကျန်းမာရေးကော်မတီ (NHC) က ပြုလုပ်သည့် အမျိုးသားကျန်းမာရေး နှီးနှော ဖလှယ်ပွဲ (National Health Seminar) ဟာ ဖက်ဒရယ်ကျန်းမာရေး စနစ်တည်ဆောက်ဘို့အတွက် လိုအပ်တဲ့ အုတ်မြစ်တွေကို ပြင်ဆင်ချမှတ်တဲ့ နှီးနှောဖလှယ်ပွဲလို့ နားလည်ရပါတယ်။ဒီနှီးနှောဖလှယ်ပွဲမှာ ဆေးနွေးမည့် Themes ငါးခုဖြစ်တဲ့ Health policies, (Human resources for health, Universal health coverage – UHC, Current challenges on health system, Occupational safety & health တွေဟာ ယနေ့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ ကျန်းမာရေးလိုအပ်ချက်နှင့် အနာဂတ်တည်ဆောက်မည့် ဖက်ဒရယ်ကျန်းမာရေးစနစ်အတွက် အရေးကြီးခေါင်းစဉ်များဖြစ်သည့်အတွက် ဒီနှီးနှောဖလှယ်ပွဲကနေ ထွက်လာတဲ့ ရလဒ်တွေကို ဖက်ဒရယ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုလည်း ပုံဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျားနိုင်ငံရေး၊ စီးပွားရေး၊ လူမှု့ရေး၊ ကျမ်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု့ စသဖြင့်အဖက်ဖက်က ချွတ်ခြုံကျပြီး နာမကျမ်း ဖြစ်နေတဲ့၊ရောဂါစုံနေတဲ့လူမမာနိုင်ငံကြီးကို ကယ်တင်ကုစားဖို့နိုင်ဘို့အတွက် စစ်အာဏာရှင် စနစ်ကိုအမြန်ဆုံးဖယ်ရှားရှင်းလင်းတိုက်ဖျက်ရန် တိုက်တွန်းနှိုးဆော်ရင်းဖြင့် လာမယ့် ဖက်ဒရယ်နိုင်ငံတော်သစ်၊ ဖက်ဒရယ်လူ့ဘောင်သစ်၊ ဖက်ဒရယ်ကျန်းမာရေးစနစ်သစ်ကို လျောက်လှမ်း ကြပါစို့ဟု ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။“ဖက်ဒရယ်ကျန်းမာရေးစနစ်ပေါ်ထွန်းစေရမည်”“အရေးတော်ပုံအောင်ရမည်”နိုင်သုဝဏ္ဏဥက္ကဌ၊ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန -

တယ်လီဂရမ် ချန်နယ်စတင်ဖွင့်လှစ်ကြောင်းအသိပေးကြေညာခြင်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန တယ်လီဂရမ် ချန်နယ်စတင်ဖွင့်လှစ်ကြောင်းအသိပေးကြေညာခြင်း
စက်တင်ဘာလ ၅ ရက် ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန တယ်လီဂရမ် ချန်နယ်စတင်ဖွင့်လှစ်ကြောင်း ပြည်သူများသိစေရန် အသိပေးကြေညာအပ်ပါသည်။
အဆိုပါတယ်လီဂရမ် ချန်နယ်တွင် လုပ်သား ပြည်သူများ သိသင့်သိထိုက်သည့်သတင်းအချက်အလက်များအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ၏ အသိပေးထုတ်ပြန်ချက်များ၊ ကြေညာချက်များကို အချိန်နှင့်တပြေးညီဖော်ပြပေးသွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ လုပ်သားပြည်သူများအနေဖြင့်အောက်ဖော်ပြပါ တယ်လီဂရမ် ချန်နယ်မှတဆင့် ဝန်ကြီးဌာန၏ သတင်းအချက်အလက်များ၊ အသိပေးထုတ်ပြန်ချက်များ၊ ကြေညာချက်များ ကိုအချိန်နှင့်တပြေးညီဝင်ရောက်ဖတ်ရှုနိုင်ပြီဖြစ်ပါသည်။
တယ်လီဂရမ်ချန်နယ် – https://t.me/MoLNUGMyanmar

-
“နွေဦးလုပ်သား” သတင်းလွှာ အတွဲ(၁)၊ အမှတ်စဉ် (၄)
အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)မှစီစဥ်သည့် နွေဦးလုပ်သား သတင်းလွှာ အတွဲ ၁ ၊ အမှတ် ၄ ထွက်ရှိ
သတင်းမာတိကာ
– ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ သည် သြဂုတ်လ ၈ ရက်နေ့ တွင်ကျရောက်သည့်(၃၄)နှစ်ပြည့်ရှစ်လေးလုံးနှစ်ပတ်လည်နေ့၌ပြောကြားခဲ့သည့်အထိမ်းအမှတ်မိန့်ခွန်း
– (၇၂)နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတက်ရောက်ဂုဏ်ပြုခဲ့
– မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)ဥက္ကဌ မမိုးစန္ဒာမြင့်နှင့်တွေ့ဆုံခြင်း နှင့်အလုပ်သမားရေးရာသတင်းများ၊ ဆောင်းပါးများပါဝင်သည်။
နွေဦးလုပ်သားသတင်းလွှာတွင် လုပ်သားပြည်သူတို့၏ အသံများကိုကြားနိုင်ရန်အတွက် စာမူဖိတ်ခေါ်လွှာနှင့် လုပ်သားအသံကဏ္ဍများထည့်သွင်း ဖော်ပြပေးသွားဖို့ရှိတဲ့အတွက် စာမူနှင့်လုပ်သားအသံများပေးပို့နိုင်ပါရန်ပန်ကြားထားပါသည်။
သတင်းလွှာအားရယူဖတ်ရှုလိုပါက – Download

-

အလုပ်သမားဝန်ကြီးဌာန ကြေညာချက်အမှတ် ၁၁ /၂၀၂၂၊ သြဂုတ်လ၊ (၂၇) ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
အလုပ်သမားဝန်ကြီးဌာန
ကြေညာချက်အမှတ် ( ၁၁ /၂၀၂၂)
၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်
(၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့)
အလုပ်သမားများနှင့် အလုပ်ခန့်ထားမှုအပေါ်တွင် ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေခြင်းအပေါ် ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ကြေညာခြင်း
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက် စစ်တပ်က မတရား အာဏာသိမ်းယူရန်ကြိုးပမ်းလျက်ရှိသည့် ကြားကာလတွင် အလုပ်ရှင်၊ အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဖိနှိပ်မှုများနှင့် အခွင့်အရေးချိုးဖောက်ခံရမှုများကို တတ်နိုင်သည့် နည်းလမ်း ပေါင်းစုံဖြင့် ကူညီဖြေရှင်းပေးလျက်ရှိပါသည်။ တဘက်တွင်လည်း အခြေခံအလုပ်သမား အခွင့်အရေးများ ဥပဒေနှင့်အညီရရှိရေး၊ အလုပ်အကိုင်တည်မြဲရေး၊ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ ပြည်တွင်းနှင့် ပြည်ပရောက် မြန်မာအလုပ်သမားများအား ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေးလုပ်ငန်းများ စနစ်တကျ ဖြစ်စေရန်အတွက် တည်ဆဲဥပဒေမူဘောင်များအား ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း လုပ်ငန်းကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။
၂။ သို့သော် အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ အပေါင်းအပါ လုပ်ငန်းရှင်များသည် တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြု၍ အလုပ်သမားများအပေါ် ဥပဒေမဲ့ရမ်းကားမှုများ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေပြီး စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့ အပါအဝင် ပြည်နယ်အချို့မှ အလုပ်သမားများအား ၎င်းတို့ ကိုင်ဆောင်ထားသည့် မှတ်ပုံတင်ကို အခြေခံ၍ အလုပ်ထုတ်ခြင်း၊ အလုပ်မခန့်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ နှင့်ပူးပေါင်း၍ အဆောင်များတွင်ဆက်လက် နေထိုင်ခွင့်မရရန် ဖိအားပေးခြင်း အစရှိသည့် နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်မှုများ ပြုလုပ်နေကြောင်း တွေ့ရှိရပါသည်။
၃။ စစ်အာဏာရှင်တော်လှန်ရေးတွင် ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်နေကြသည့် အလုပ်သမားများ အပါအဝင် ပြည်သူများအပေါ် ထိုသို့ခွဲခြားဆက်ဆံမှုများသည် စစ်အာဏာရှင်စနစ်တည်မြဲစေရန် ထောက်တိုင်သဖွယ် ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုံ့ချပါသည်။
၄။ အလုပ်ရှင်များအနေဖြင့် မည်သည့်အကြောင်းကြောင့်မျှ အလုပ်သမားများ အပါအဝင် ပြည်သူအားလုံးအပေါ် ခွဲခြားဆက်ဆံမှုမပြုလုပ်ရန်နှင့် အတတ်နိုင်ဆုံးကူညီဖေးမခြင်းဖြင့် စစ်အာဏာရှင်တော်လှန်ရေးတွင် တဘက်တလမ်းမှ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပါသည်။
၅။ လုပ်ငန်းခွင် သို့မဟုတ် အလုပ်ခန့်ထားမှုတွင် တနည်းနည်းဖြင့် ခွဲခြားဆက်ဆံခံရသော အလုပ်သမားများအနေဖြင့် အလုပ်သမားဝန်ကြီးဌာန တိုင်ကြားရေးယန္တရားသို့ တိုင်ကြားရန်နှင့် ထိုသို့ အခြေခံလူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်နေသော အလုပ်ရှင်များအား မှတ်တမ်းများရယူ၍ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
[pdf-embedder url=”https://assets-mol.nugmyanmar.org/images/2022/08/6309c9fc6dc3b-6309c9fc6dc3d27-8-2022…11-2022….For-58…pdf.pdf” title=”2022-08-27-statement-11-2022″]
-
(၇၂)နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတက်ရောက်ဂုဏ်ပြုခဲ့

(၇၂)နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတက်ရောက်ဂုဏ်ပြုခဲ့
-
(၇၂)နှစ်မြောက်ကရင်အာဇာနည်နေ့အားဂုဏ်ပြုအပ်ပါသည်

“(၇၂)နှစ်မြောက်ကရင်အာဇာနည်နေ့အားဂုဏ်ပြုအပ်ပါသည်”
သြဂုတ်လ ၊ ၁၂ ရက်
ယနေ့ကျရောက်သည့်၇၂နှစ်မြောက်ကရင့်အာဇာနည်နေ့သည့်ကရင်တိုင်းရင်းသားတို့၏လွတ်လပ်ခွင့်၊တန်းတူညှီမျှခွင့်၊ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက်ဖိနှိပ်သူအပေါင်းကိုတော်လှန်လှန်ရင်းကျဆုံးသွားခဲ့ရသည့်သောဘဦးကြီးနှင့်တကွကရင့်အာဇာနည်အပေါင်းကိုအောက်မေ့ဂုဏ်ပြုသောအားဖြင့်သတ်မှတ်ထားသည့်ကရင့်အာဇာနည်နေ့ဖြစ်သည်။
ကရင်တိုင်းရင်းသားများသည်ရှေးယခင်ကပင်ပြည်ထောင်စုဖွားတိုင်းရင်းသားသွေးခြင်းညီကိုများနှင့်အတူတကွအင်္ဂလိပ်ကိုလိုနီ၊ဖက်ဆစ်ဂျပန်များကိုတွန်းလှန်တိုက်ခိုက်ယုံသာမကမြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်းပေါ်ပေါက်လာသည့်စစ်အာဏာရှင်အဆက်ဆက်ကိုလည်းအနိုင်မခံအရှူံးမပေးစိတ်ဓါတ်ဖြင့်မိမိတို့ကရင်တိုင်းရင်းသားများအပါအဝင်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအာဏာရှင်စနစ်ဆိုးလက်အောက်မှလွတ်မြောက်အောင်ရွပ်ရွပ်ချွံချွံခုခံတော်လှန်တိုက်ခိုက်ခဲ့ကြပြီးယနေ့အချိန်အထိလည်းဆက်လက်တိုက်ပွဲဝင်နေကြဆဲဖြစ်သည်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပေါ်ပေါက်လာသည့်အကြမ်းဖက်စစ်အုပ်စုရဲ့အာဏာသိမ်းမှု့အတွင်းယခုပြည်သူလူထုတရပ်လုံးတခဲနက်ပါဝင်နေကြသည့်နွေဦးတော်လှန်ရေးကာလခုခံကာကွယ်ရေးတိုက်ပွဲများတွင်းလည်းပြည်တွင်း၊ပြည်ပရှိကရင်လူမျိုးများအနေဖြင့်တိုင်းရင်းသားညီအကိုများလက်တွဲမဖြုတ်တမ်းပါဝင်တိုက်ပွဲဝင်နေမှု့များအတွက်လည်းပြည်သူလူထုကိုယ်စားဂုဏ်ပြုလေးစားအပ်ပါသည်။
ယနေ့အချိန်အထိစစ်အုပ်စု၏ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကိုထူးချွန်ပြောင်မြောက်စွာကာကွယ်ခုခံနိုင်နေသည်မှာတိုင်းရင်းသားညီအကိုများ၏စစ်အာဏာရှင်စနစ်ဆိုးပြတ်မှသာလျှင်တန်းတူညီမျှပြီးကိုယ်ပိုင်ပြဌာန်းခွင့်၊လွတ်လပ်သောဖဒရာယ်နိုင်ငံတော်သစ်ကြီးကိုရမည်ဟူသောမြဲမြံ ခိုင်မာသောစိတ်ဓါတ်ကြောင့်ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနအနေနှင့်ယနေ့ကျရောက်သည့် (၇၂)နှစ်မြောက်ကရင့်အာဇာနည်နေ့တွင်ဖိနှိပ်သူအာဏာရှင်အဆက်ဆက်အားခုခံတော်လှန်ရင်းကျဆုံးသွားခဲ့ရရှာသောကရင်အာဇာနည်များအပါအဝင်တိုင်းရင်းသားလူမျိုးစုအသီးသီးမှအာဇာနည်အပေါင်းအားပြည်သူလူထုနဲ့ထပ်တူထပ်မျှလေးစားဂုဏ်ယူစွာဖြင့်ဦးညွှတ်အလေးပြုအပ်ပါကြောင်း အထူးပင်အလေးအနက်ထားပြောကြားအပ်ပါသည်။
ခေတ်အဆက်ဆက်စစ်အာဏာရှင်များနှင့်ဖိနှိပ်သူများကိုတွန်းလှန်ရင်းကျဆုံးသွားသည့်အာဇာနည်များ၏ရည်မှန်းချက်ဖြစ်သည့်အာဏာရှင်စနစ် အပြီးတိုင်ပပျောက်စေရေးနှင့် တိုင်းရင်းသားအားလုံး တန်းတူယှဉ်တွဲ နေထိုင်နိုင်မည့် တရားမျှတပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက် ရေး တို့အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနအနေ ဖြင့် တိုင်းရင်းသားပြည်သူများနှင့်တကွမြဲမြံခိုင်မာသည့်စိတ်ဓါတ်ဖြင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းကတိသစ္စာပြုပါသည်။
အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)
-
စိန်ရတု မွန်တော်လှန်ရေးနေ့
အမျိုးသားညီညွတ်ရေးအစိုးရအလုပ်သမားဝန်ကြီးဌာန
သြဂုတ်လ ၊ ၁၁ ရက် ၊ ၂၀၂၂ ခုနှစ်
ယနေ့မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ဝါခေါင်လပြည့်နေ့ (ခရစ်နှစ် ၂၀၂၂ ခုနှစ် သြဂုတ်လ (၁၁) ရက်) သည် မွန်အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ခြင်း (၇၅) နှစ် ပြည့်မြောက်သော နေ့ဖြစ်ပါသည်။မွန်လူမျိုးတို့သည် သက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် ဖဆပလ အစိုးရကို မလွဲမရှောင်သာဘဲ စတင်တော်လှန်ခဲ့ရခြင်းဖြစ်ပြီး အဆိုပါ နေ့ကို “မွန်တော်လှန်ရေးနေ့” အဖြစ် သတ်မှတ်လာခဲ့ကာ ယခုဆိုလျှင် မွန်တော်လှန်ရေးခရီးသည်လည်း ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
၁၉၄၈ ခုနှစ် ၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးကြေညာပြီး “ပြည်ထောင်စုမြန်မာနိုင်ငံတော်” အဖြစ် အမည်နာမ ပေးရာတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းဝိသေသတိုင်း စသည်တို့ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော်လည်း မွန်လူမျိုးတို့မှာ လူမျိုးရေးအရ အသိအမှတ်ပြုခြင်း မခံခဲ့ရပေ။ အထက်ပါ အခြေအနေများကြောင့် မွန်လူမျိုးရေးရာအဖွဲ့ချုပ်သည် ငြိမ်းချမ်းသော ဒီမိုကရေစီလှုပ်ရှားမှုအသွင်တရပ် အဖြစ် ၁၉၄၈ နှစ်ဦးပိုင်းတွင် မွန်ပြည်နယ်ဖော်ထုတ်ပေးရေး ဆန္ဒပြပွဲကြီးကို ပြုလုပ်ခဲ့ကြပြီး အဆိုပါဆန္ဒပြပွဲကြီးတွင် မွန်သံဃာတော်များအပါအဝင် အလွှာအသီးသီးမှ မွန်လူမျိုး ထောင်ပေါင်းများစွာတို့က “မွန်ပြည်နယ်ချက်ချင်းပေး” ဟူသော ကြွေးကြော်သံနဲ့အတူ မော်လမြိုင်မြို့တွင် ဆန္ဒပြခဲ့ကြသည်။
မွန်လူမျိုးရေးရာအဖွဲ့ချုပ်က ဦးဆောင်လှုပ်ရှားသည့် မွန်ပြည်နယ် ဖော်ထုတ်ရေးကိစ္စရပ်များ တဖြည်းဖြည်း တိုးတက်အောင်မြင်လာသည်နှင့်အမျှ ဖဆပလအစိုးရခေါင်းဆောင်များမှ မွန်အမျိုးသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် “မွန်နှင့်မြန်မာ အတူတူပဲ၊ မွန်တို့တောင်းဆိုချက်နဲ့ပတ်သက်လို့ သီးခြားစဉ်းစားစရာမလိုအပ်” ဟု အကြောင်းပြန်လာပါသည်။ ထို့ကြောင့် မွန်လူမျိုးတို့သည် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် သီးခြားမွန်ပြည်နယ်တရပ် ပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနည်းဖြင့် မရရှိနိုင်ကြောင်း နားလည်သဘောပေါက်လာပြီး သက္ကရာဇ် ၁၃၁၀ ခုနှစ် ၊ ဝါခေါင်လပြည့်နေ့တွင် နိုင်ပန်းသာ၊ နိုင်မောင်သိန်း (ခ) ဗိုလ်သိန်း နှင့် မွန်မျိုးချစ်လူငယ် (၂၇) ဦး တို့မှ ဦးဆောင်ကာ ဘားအံမြိုနယ်၊ ဇာသပြင်ကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်သိမ်းပိုက်လိုက်ပြီး လက်နက်စွဲကိုင်၍ စတင်တော်လှန်ခဲ့ကြသည်။
ထိုသို့ တော်လှန်ခဲ့သည့် ၁၃၁၀ ခုနှစ် ၊ ဝါခေါင်လပြည့်နေ့မှ စတင်ခဲ့သည့် မွန်တော်လှန်ရေးနေ့သည် ယနေ့ သက္ကရာဇ် ၁၃၈၄ ခုနှစ် ၊ ဝါခေါင်လပြည့်နေ့တွင် (၇၅) နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ မွန်အမျိုးသားတို့ လက်နက်စွဲကိုင်တော်လှန်ရသည့် အနေအထားကို ကြည့်မည်ဆိုလျှင် တော်လှန်ရေးတို့မည်သည် သူ့အလိုအလျောက် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ဖိနှိပ်မှုများကြောင့် တော်လှန်ရေးပေါ်ပေါက်လာရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးကို ရရှိခဲ့သော်လည်း လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒီမိုကရေစီအရေး တန်းတူညီမျှမှု မရှိခြင်းတို့ကြောင့် ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီအရေးတော်ပုံနဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတို့အပြင် ယနေ့ပြည်သူလူထုတရပ်လုံးပါဝင်ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးကြီးများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။
သို့ဖြစ်၍ ယနေ့ကျရောက်သည့် ၇၅ နှစ်ပြည့် စိန်ရတု “မွန်တော်လှန်ရေးနေ့” တွင် ခေတ်အဆက်ဆက်မှ ယနေ့အချိန်အထိ အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေး တို့အတွက် တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြသည့် မွန်အမျိုးသားအပေါင်းကို ဂုဏ်ပြုဦးညွှတ်ပါကြောင်းနှင့် မွန်လူမျိုးများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ လေးနက်စွာဖြင့် ဆန္ဒပြုအပ်ပါသည်။
-
ကချင်အာဇာနည်နေ့ (Kachin Martyrs’ Day)
“ကချင်အာဇာနည်နေ့ (Kachin Martyrs’ Day) အားမိဘပြည်သူတိုင်းရင်းသားညီကိုမောင်နှမများနှင့်ထပ်တူထပ်မျှအောက်မေ့သတိရအပ်ပါသည်”သြဂုတ် ၊ ၁၀ ရက် ၊ ၂၀၂၂ ခုနှစ်ဒီကနေ့ဩဂုတ်လ (၁၀) ရက်နေ့မှာကျရောက်တဲ့(၄၇)နှစ်မြောက်ကချင်အာဇာနည်နေ့ (Kachin Martyrs’ Day) အားမိဘပြည်သူတိုင်းရင်းသားညီကိုမောင်နှမများနှင့်ထပ်တူထပ်မျှအောက်မေ့သတိရအပ်ပါကြောင်းပြောကြားလိုပါသည်။ဒီကနေ့ဟာသွေးချင်းညီအစ်ကိုမောင်နှမ ကချင်တိုင်းရင်းသားလူမျိုးတို့ရဲ့“Share Shagan Masat Ninghtoi” လို့ခေါ်တဲ့ ကချင်အာဇာနည်နေ့ဖြစ်လေးပဲဖြစ် ပြီးတော့ သြဂုတ်လ (၁၀) ရက်ကိုကချင်အာဇာနည်နေ့အဖြစ် ကျင်းပလာတာ ဒီနှစ်ဟာ (၄၇) ကြိမ်မြောက်တောင်ရှိခဲ့ပြီဖြစ်ပါတယ်။ကချင်အာဇာနည်နေ့ဟာ မိမိတို့နယ်မြေနဲ့လူမျိုးလွတ်လပ်ရေးအတွက် မိမိတို့ရဲ့အသက်၊ဉာဏ်စွမ်းကို ဂုဏ်ယူစွာပေးလှူပြီးအသက်စွန့်တိုက်ပွဲဝင်ခဲ့တဲ့ KIO, KIA တပ်သားများနဲ့ ရန်သူစစ်အာဏာရှင်လက်အောက်မှာ ကျဆုံးသွားခဲ့ရတဲ့ အရပ်သားပြည်သူများကို ချီးကျူးဂုဏ်ပြုအောက်မေ့သော အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ သြဂုတ်လ(၁၀) ရက်ကို ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ရတဲ့အဓိကအကြောင်းအရင်းကတော့ ၁၉၇၅ ခုနှစ်၊ သြဂုတ်လ(၁၀) ရက်မှာ ကချင်လူမျိုးတို့ရဲ့ KIO, KIA အဖွဲ့အစည်းရဲ့ ပထမဆုံးသောခေါင်းဆောင်ကြီးဖြစ်တဲ့ G.O.C Lahtaw Zau Seng အသက်ပေးလှူခဲ့ရပါတယ်။ GOC.Lahtaw Zau Seng ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ကေအိုင်အို နိုင်ငံခြား ဆက်ဆံရေးရုံးမှ ချင်းမိုင်ခရိုင် အတွင်း ရှိ (ထိုစဉ်က )ကေအိုင်အေ စစ်တပ် စခန်းသို့ အလာ တပ်စခန်း သို့ မရောက်မီ လမ်းတစ်ဝက်မှာ မသမာသူတို့ရဲ့ လုပ်ကြံပစ်ခတ်ခံရခြင်းကြောင့် အသက်ပေးလှူခဲ့ရတာပါ။ထိုနေ့ကိုအောက်မေ့သတိရသောအားဖြင့် ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။KIO အဖွဲ့အစည်းကြီးကနေ ၂၀၀၉ ခုနှစ်မှာ ကချင်အာဇာနည်နေ့အဖြစ် တရားဝင်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကချင်အာဇာနည်နေ့မှာ ပြည်တွင်းမှကချင်လူမျိုးများသာမက ပြည်ပရောက်ကချင်လူမျိုးတို့ကပါ အသက်ပေးလှူသွားသောရဲဘော်များနဲ့ အရပ်သားပြည်သူများကို ဂုဏ်ပြုအောက်မေ့ကြပါတယ်။မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနအနေနှင့်လည်းယနေ့နွေဦးတော်လှန်ရေးကာလအထိခေတ်အဆက်ဆက်တိုင်းရင်းသားညီအကိုများနှင့်ထပ်တူထပ်မျှစစ်အာဏာရှင်အဆက်ဆက်ကိုတွန်းလှန်တိုက်ပွဲဝင်ရင်းအသက်ပေးလှူသွားခဲ့ရသောကချင်အာဇာနည်သူရဲကောင်းများအတွက်အစဥ်အောက်မေ့သတိရလျက်ရှိပါသည်။ ကချင်လူမျိုးများအပါအဝင်ခေတ်အဆက်ဆက်စစ်အာရှင်တွေကိုခုခံတော်လှန်ရင်းကျဆုံးသွားခဲ့သောပြည်ထောင်စုဖွားတိုင်းရင်းသားအာဇာနည်များအားအစဥ်အောက်မေ့သတိရခြင်းနှင့်အတူပြည်သူလူထုတရပ်လုံးလိုလားတောင့်တအပ်သောဖက်ဒရာယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအမြန်ပေါ်ထွန်လာရေးအတွက်မိမိတို့အမျိုးသားညီညွတ်ရေးရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနမှကျရာအခန်းကဏ္ဍမှခိုင်မာသောစိတ်ဓါတ်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။#ကချင်အာဇာနည်နေ့#အလုပ်သမားဝန်ကြီးဌာန#အမျိုးသားညီညွတ်ရေးအစိုးရ -
(၇၄)နှစ်မြောက်ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်

“(၇၄)နှစ်မြောက်ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်”
သီးခြားလွတ်လပ်တဲ့ကရင်နီပြည်အဖြစ် ၁၈၇၅ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ သဘော တူညီရေး ပဋိဉာဉ် သတ်မှတ်ချက် အရ သတ်မှတ်ခံခဲ့ရပြီး သမိုင်းအစဥ်အလာ တလျောက်လုံး တပါးသူအား ကျူးကျော်ခြင်းမရှိဘဲ အေးချမ်းသာယာစွာနေထိုင်ခဲ့တဲ့ လူမျိုးစုတွေမှီတင်းရာပြည်နယ်တခုဖြစ်ပါတယ်။
သီးခြားလွတ်လပ်ခဲ့သော ကရင်နီပြည်ဟာ သမိုင်းစဉ်တလျှောက် သူတပါးကို မကျူးကျော်ခဲ့ဘဲ ခုခံစစ်သာဆင်နွှဲခဲ့ပြီး”ကရင်နီအုပ်ချုပ်ရေး အတိုင်း ကရင်နီ တွေ အုပ်ချုပ်ပါ၊ ဗမာတွေ ဝင်မစွက်ဘူး ” ဆိုတဲ့ဖဆပလ အစိုးရ အုပ်စုရဲ့ စကားကို ယုံကြည်ခဲ့မှုကြောင့် ၁၉၄၇ ပင်လုံစာချုပ်မှာ လက်မှတ် မထိုးခဲ့ပေမဲ့ ပြည်ထောင်စု အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့တယ်။
သို့ပေမယ့် ဖဆပလ အစိုးရ ဟာ ကရင်နီပြည်နယ်အပေါ်ထားရှိတဲ့ သဘောတူညီချက်တွေကို မျက်ကွယ်ပြုပြီး စတင် ကျုးကျော်တိုက်ခိုက်လာခဲ့ပါတယ်။ အဆိုပါလုပ်ရပ်ဟာကရင်နီအမျိုးသားတရပ်လုံး မျှော်လင့်ခဲ့တဲ့ ဖက်ဒရယ်ပုံစံ မဟုတ်တော့ဘဲဗဟိုအစိုးရကတစ်ပြည်ထောင်ပုံစံနဲ့ ဗဟိုဦးစီး ချုပ်ကိုင်လာတွေအပြင် အပြင် ကရင်နီ ခေါင်းဆောင်တွေကိုပါ ဖမ်းဆီး ထိန်းသိမ်းဖို့ကြိုးပမ်းလာတဲ့ဗဟိုအစိုးရရဲ့လုပ်ရက်တွေကြောင့် ကရင်နီအမျိုးသားတစ်ရပ်လုံးဟာ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ(၉) ရက်နေ့ကို ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး စစ်အာဏာရှင်အဆက်ဆက်ကို ရရာလက်နက် စွဲကိုင်ပြီး ကရင်နီပြည်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊လူမျိုးတမျိုးရဲ့ ဂုဏ်သိက္ခာနဲ့တကွတရားမျှတလွတ်လပ်မှုတို့ ကို ပြန်လည်ရရှိဖို့ အတွက် တိုက်ပွဲဆင်နွဲ ခုခံတော်လှန် ခဲ့တာဟာဆိုရင် ကနေ့မှာ (၇၄)နှစ် တင်းတင်း ပြည့်မြောက်လာခဲ့ပါပြီ။
ကရင်နီပြည်သားတွေဟာခေတ်အဆက်ဆက်စစ်အာဏာရှင်အဆက်ဆက်လက်တွန့်သွားလောက်တဲ့အထိမိမိပြည်နယ်မိမိလူမျိုးများအတွက်ရွပ်ရွပ်ချွံချွံအသက်ပေးခုခံခဲ့ကြသလိုယခုနွေဦးတော်လှန်ရေးကာလမှာလဲပြည်ထောင်စုဖွားတိုင်းရင်းသားတရပ်လုံးနှင့်ရင်ဘောင်တန်းပြီးစစ်အာဏာရှင်ကိုတိုက်ပွဲဝင်နေကြတဲ့အတွက်များစွာတန်ဖိုးထားလေးစားဂုဏ်ယူမိပါတယ်။
ယခုလိုပြည်ထောင်စုဖွားတိုင်းရင်းသားညီအကိုတွေနဲ့ထပ်တူထပ်မျှရင်ဘောင်တန်းပြီးသွေးစည်းညီညွတ်စိတ်ပြည့်ဖြင့်ခုခံတော်လှန်နေကြသည့်ကရင်နီ ပြည်သူပြည်သားများအားလုံး ယနေ့ (၇၄)နှစ်ပြည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့မှ များမကြာမီကာလအတွင်း တိုင်းရင်းသားပြည်သူလူထုကြီးတရပ်လုံးမျှော်မှန်းတမ်းတကြရတဲ့ဖက်ဒရာယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆိုတဲ့ပန်းတိုင်ကိုအရောက်လှမ်းနိုင်ပါစေကြောင်းမိမိတို့အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနမှဆုတောင်းမေတ္တာပိုသရင်းလေးစားဂုဏ်ပြုအပ်ပါသည်။
#ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့
-
ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ ၏(၃၄)နှစ်ပြည့်ရှစ်လေးလုံးနှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်း

မင်္ဂလာပါ –
ပြည်ထောင်စုမြန်မာနိုင်ငံသားအပေါင်းနဲ့ ဝန်ဆောင်မှု၊ ထုတ်လုပ်မှုလုပ်ငန်းအသီးသီးမှ ရဲဘော်အပေါင်းတို့ခင်ဗျား – ကျနော်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်က ပြည်ထောင်စုတခုလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် တနိုင်ငံလုံးက ပြည်သူများဟာ စစ်အာဏာရှင်းစနစ်ကို လူထုတိုက်ပွဲနဲ့ တွန်းလှန်တိုက်ပွဲဝင်ခဲ့တဲ့ နေ့တနေ့ဖြစ်တာ အားလုံးအမှတ်ရပြီး ဖြစ်ပါတယ်။
ယနေ့ကျရောက်တဲ့ (၃၄) ကြိမ်မြောက် ၈ လေးလုံး နှစ်ပတ်လည်နေ့ဟာလည်း ပြည်သူများရဲ့ တတိယအကြိမ် လွတ်လပ်ရေးတော်လှန်ရေးကာလ တနိုင်ငံလုံးအနှံ့ စစ်ကျွန်ဘဝက လွတ်မြောက်ရေးအတွက် စစ်အာဏာစနစ်ကို လက်နက်ကိုင်တိုက်ပွဲအပါအဝင် နည်းလမ်းမျိုးစုံနဲ့ တွန်းလှန်တိုက်ပွဲဝင်နေတဲ့ ကာလအတွင်း ကျရောက်နေတာပဲ ဖြစ်ပါတယ်။
ဒီလိုကာလမျိုးမှာ (၃၄) ကြိမ်မြောက် ၈ လေးလုံး နှစ်ပတ်လည်အထိမ်းအမှတ်ကို ထင်ဟပ်ပြီး ယနေ့ နွေဦးတော်လှန်ရေးလက်တွေ့ဘဝထဲကနေ ပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ပြည်သူအပေါင်းတို့ခင်ဗျာ –
ပြည်ထောင်စုမြန်မာနိုင်ငံဟာ အင်္ဂလိပ်နယ်ချဲ့လက်အောက်ကနေ လွတ်လပ်ရေးရရှိပြီး ၁၀ နှစ် အတွင်းမှာ စစ်အာဏာရှင်စနစ်အေက် စစ်ကျွန်ဘဝအောက် ရောက်ရှိခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများဟာ မနားတမ်း တိုက်ပွဲအဆင့်ဆင့် ဆင်နွှဲပြီး ဆန့်ကျင်တိုက်ပွဲဝင်ခဲကြပါတယ်။
ဒီလိုအဆင့်ဆင့် တိုက်ပွဲဝင်ခဲ့ကြရင်း ၁၉၈၈ ခုနှစ်မှာ တနိုင်ငံလုံး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်တဲ့ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ထွန်းခဲ့ပါတယ်။လူထုတိုက်ပွဲ၊ ဥပဒေတွင်းတိုက်ပွဲများနဲ့ ငြိမ်းချမ်းစွာ လက်နက်မဲ့တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူများကို စစ်တပ်ဟာ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ပြီးနောက် ထပ်ဆင့်အာဏာသိမ်းခဲ့ပြန်ပါတယ်။ ၈ လေးလုံးအရေးတော်ပုံကြီး အတွင်း ပြည်သူထောင်ပေါင်းများစွာ စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။
ပြည်သူအပေါင်းတို့ခင်ဗျာ –
ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်တဲ့ ဦးခင်မောင်မြင့်က “စစ်တပ်ဟာ ခံကတုတ်နှစ်ခုနဲ့ နေလေ့ရှိတယ်။ ပထမခံကတုတ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီး ဒုတိယခံကတုတ်ဟာ စစ်တပ်ကိုယ်တိုင်ပဲ ဖြစ်တယ်။ စစ်တပ်ဟာ သူ့ရဲ့တပ်ကို အမြုတေထားပြီး အခြေခံဥပဒေခံကတုတ် အကာအကွယ်နဲ့ နေလေ့ရှိတယ်။ သူ့ရဲ့ အခြေခံဥပဒေခံကတုတ် လဲပြိုတာနဲ့ မလုံခြုံတော့ဘူးဆိုတာနဲ့ သူကိုယ်တိုင်ထွက်လာပြီး စစ်တပ်ခံကတုတ်နဲ့ အာဏာသိမ်းလေ့ရှိတယ်။” လို့ ၉၀ ရွေးကောက်ပွဲမတိုင်မီ ကာလက ဆိုခဲ့ပါတယ်။
၁၉၆၂ ခုနှစ်အာဏာသိမ်းစစ်တပ်ရဲ့ ပထမခံကတုတ်ဖြစ်တဲ့ ၁၉၇၄ အခြေခံဥပဒေနဲ့ မဆလတစ်ပါတီ ဗိုလ်ချုပ်နေဝင်းက အာဏာရှင်စနစ်ကို ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးက ဖြိုဖျက်လိုက်တဲ့အခါ ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးစီးတဲ့ စစ်တပ်ဟာ အာဏာသိမ်းပြီး ရှေ့ထွက်လာခဲ့ကာ ၎င်းတို့အာဏာ ဆက်လက်တည်မြဲရေး လုပ်ဆောင်ခဲ့ပါတယ်။
၁၉၉၀ ခုနှစ်မှာ စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပြည်သူတရပ်လုံးဟာ ဥပဒေတွင်းတိုက်ပွဲအဖြစ် ဆက်လက်ဆင်နွှဲခဲ့ပြီး ဒီမိုကရေစီအင်အားစုများကို အပြတ်အသတ် မဲပေးထောက်ခံခဲ့ကြပါတယ်။ စစ်တပ်ဟာ ၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ပြီး စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို နှစ် ၃၀ နီးပါး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆက်လက် အုပ်ချုပ်ခဲ့ပါတယ်။
စစ်တပ်ဟာ ၎င်းတို့အသာစီးယူ စိတ်ကြိုက်အချိန်ယူရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြဌာန်းကာ စစ်တပိုင်း ဒီမိုကရေစီစနစ် (Semi Dictatorship Democracy) ကို ထူထောင်ခဲ့ပြန်ပါတယ်။
ပြည်ထောင်စုအတွင်းရှိ ပြည်သူအပေါင်းကလည်း ဥပဒေတွင်းတိုက်ပွဲအဖြစ် ၂၀၁၅ ခု ရွေးကောက်ပွဲနဲ့ ၂၀၂၀ ခု ရွေးကောက်ပွဲများမှာ စစ်တပ်လက်ဝေခံပါတီများ၊ စစ်တပ်ကိုယ်စားပြုပါတီများ၊ စစ်တပ်ဩဇာခံ ရုပ်သေးပါတီများကို လုံးဝ ဆန့်ကျင်ခဲ့ကြပြီး ခွက်ခွက်လန်အောင် ရှုံးနိမ့်စေခဲ့ကာ ဒီမိုကရေစီဘက်တော်သား ပါတီများကို အပြတ်အသတ် အနိုင်ရစေခဲ့ပါတယ်။
ပြည်သူအပေါင်းတို့ခင်ဗျာ –
စစ်တပ်ဟာ ၎င်းတို့ရဲ့ ပထမခံစစ် ဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်တပိုင်းဒီမိုကရေစီစနစ်ဟာ ၎င်းတို့ရာသက်ပန် အာဏာဆုပ်ကိုင်ရေးကို မကာကွယ်နိုင်တော့မှန်း သေချာသိလာတဲ့အခါ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်ဆင့်အာဏာသိမ်းပြန်ပါတော့တယ်။
ပြည်သူများဟာလည်း လုံးဝလက်မခံနိုင်ကြဘဲ သန်းပေါင်းများစွာသော ပြည်သူများဟာ စစ်အာဏာသိမ်းမှုကို လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြပါတယ်။
ပြည်သူအပေါင်းတို့ခင်ဗျာ –
စစ်တပ်ဟာ ပြည်သူမရှိ ရန်သူပဲ ရှိတယ်ဆိုတဲ့ ၎င်းတို့ရဲ့ စိတ်ရင်းအတိုင်း လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူများကို ရက်စက်စွာ ပစ်သတ်ပါတော့တယ်။ စားဝတ်နေရေး၊ ကာယကံ ဝစီကံ မနောကံ ဆင်းရဲနေကြရပြီး ကမ္ဘာငြိမ်းချမ်းရေးပုဂ္ဂိုလ်ကြီး ကန္ဒီ ပြောသလို – The world is enough for everyone each. But the world is not enough for the ones’ need.
စစ်တပ်ရဲ့ဖိနှိပ်ရက်စက်မှုကို ဆက်လက်ခွင့်မပြုနိုင်တော့တဲ့ ပြည်သူအပေါင်းဟာ ရရာလက်နက်စွဲကိုင်ပြီး စစ်အာဏာရှင်စနစ်ကို ပြည်ထောင်စုမြန်မာမြေပေါ်ကနေ အပြီးအပိုင် မောင်းထုတ်ဖို့ တော်လှန်ရေး ဆင်နွှဲလျှက်ရှိပါတယ်။
ယခုအခါ ပြည်သူအပေါင်းတို့ရဲ့ တော်လှန်ရေးကြောင့် စစ်အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်များ တခုပြီးတခု ပြိုလဲနေပြီး မကြာမီအတွင်း အပြီးအပိုင် ပြိုကျတော့မှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တို့ဟာ ၎င်းတို့စစ်တပ်ကိုယ်တိုင် ခုခံကာကွယ်နေတဲ့ စစ်ပွဲဟာ ရှုံးနိမ့်ဖို့ တာစူနေချိန်မှာ ရွေးကောက်ပွဲအတု၊ တွေ့ဆုံဆွေးနွေးရေးအတု၊ အခြေခံဥပဒေအတုများနဲ့ အကာအကွယ်ယူ ဆုတ်ခွာပြီး နောက်တကြိမ် အာဏာသိမ်းဖို့အတွက် အားယူ ပြင်ဆင်ခင်းကျင်းနေတာကို သတိမလွတ်ဖို့ လိုပါတယ်။
ပြည်သူအပေါင်းတို့ခင်ဗျာ –
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က “တတိယတော်လှန်ရေးဆိုတာ လာလိမ့်မယ်၊ အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားကြရမယ်” လို့ ၎င်းမကွယ်လွန်မီက ဆိုခဲ့ပါတယ်။
ယခုနွေဦးတော်လှန်ရေးဟာ စစ်ကျွန်ဘဝက လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖျက်သိမ်းရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် နောက်ဆုံးအခွင့်အရေး၊ နောက်ဆုံးတိုက်ပွဲ ဖြစ်တာကို သတိမလွတ်ကြဖို့ လိုပါတယ်။
ဒီတော်လှန်ရေးအောင်မြင်ပြီးတာနဲ့ မြန်မာပြည်သူတို့ဟာ လုံးဝလွတ်လပ်တဲ့ ပုံသဏ္ဍာန်တူ မိမိဟာမိမိနေထိုင်တဲ့ ပြည်ထောင်စု Identical Indifference လူမျိုး၊ နိုင်ငံ အဖြစ်နဲ့ ကမ္ဘာ့အလယ်မှာ ပြန်လည်ရပ်တည်နိုင်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ လွတ်လပ်ပြီးခေတ် သမိုင်းဆိုတာဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသမိုင်းပဲ ဖြစ်ပါတယ်။
သမိုင်းဖြစ်ပေါ်တိုးတက်မှု၊ သမိုင်းရေးတောင်းဆိုမှုတို့အရ နယ်ချဲ့လက်အောက်က လွတ်မြောက်ရေး၊ ပထမအကြိမ် လွတ်လပ်ရေး တိုက်ပွဲကြီး၊ ၁၉၈၈ ခုနှစ် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး ဒုတိယ လွတ်လပ်ရေး တိုက်ပွဲနဲ့အတူ ယခုနောက်ဆုံး တတိယလွတ်လပ်ရေးတိုက်ပွဲကို အမြန်ဆုံး အနိုင်ရသည့်အထိ တညီတညာထဲ စုပေါင်းဆင်နွှဲကြဖို့ နှိုးဆော်ရင်းနှင့် –
ဒီမိုကရေစီအရေး၊ လွတ်လပ်ရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးတိုက်ပွဲ အသီးသီးတွင် ကျဆုံးခဲ့သူအပေါင်းနဲ့ ၈ လေးလုံး လူထုတိုက်ပွဲကြီးအတွင်း ကျဆုံးခဲ့ရသူအပေါင်းကို လေးလေးနက်နက် ဦးညွတ်ဂုဏ်ပြုပါတယ်ခင်ဗျာ –
“အရေးတော်ပုံအောင်ရမည်”