Blog

  • ဝန်ကြီးဌာနမှဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေး

    ဝန်ကြီးဌာနမှဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေး

    ၂၅၊ ၃၊ ၂၀၂၂ ရက်နေ့တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနများ တွေ့ဆုံဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန၏ဆောင်ရွက်ချက်များအား ပြည်ထောင်စုဝန်ကြီးနိုင်သုဝဏ္ဏကိုယ်စား ဒုတိယဝန်ကြီး ဦးကျော်နီတက်ရောက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားကွန်ဖရင့်များနှင့် အစည်းအဝေးများတွင် စစ်ကောင်စီမှ ကိုယ်စားလှယ်များ တက်ရောက်ခွင့်မရှိစေရေးဆောင်ရွက်နေမှု၊ အလုပ်သမားများနှင့် CDM ပြည်သူ့သူရဲကောင်းဝန်ထမ်းများအတွက် ကြားကာလ လူမှုဖူလုံရေး အစီအစဉ်ရေးဆွဲ၍ နိုင်ငံတကာမှ အကူအညီများ ရရှိနိုင်ရေးဆောင်ရွက်နေမှု၊ အလုပ်သမားများ၏ နစ်နာမှုများကို စစ်တမ်းကောက်ယူနိုင်ရေးဆောင်ရွက်နေမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးဆောင်ရွက်နေမှု၊ ပြည်ပအလုပ်သမားများ၏အရေးကိစ္စများ ဆောင်ရွက်ရန် မြန်မာပြည်ပရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီများဖွဲ့စည်းထားမှု စသည့်ဝန်ကြီးဌာနမှဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
  • မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (MMWCs)များနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး

    မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (MMWCs)များနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး

     

    အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊  ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (MMWCs)များနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး-

    _________________________________________________________________________
    ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့ နေရသောအခက်အခဲများကိုပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့်အကူအညီများ ကူညီ စောင့်ရှောက်ပေးနိုင်ရေးနှင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူရေး တို့အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် (၃) နိုင်ငံ မြန်မာ ရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ(MMWCs)တို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀-၃-၂၀၂၂ ရက်နေ့ ထိုင်းနိုင်ငံစံတော်ချိန် ၁၈:၀၀ နာရီတွင် Zoom Meeting အသုံးပြု၍တွေ့ဆုံခဲ့ရာ အမျိုးသား ညီညွတ် ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (MMWCs) မှ ကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၃၃) ဦးတက်ရောက်ခဲ့ကြပါသည်။

    အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဦးကျော်နီမှ ကော်မတီများနှင့်ပတ်သက်သည့်မူဝါဒများ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်း ကောက်ယူရေးနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
    ထို့နောက်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် (၃) နိုင်ငံ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ(MMWCs)အဖွဲ့ဝင်များမှ မြန်မာရွှေ့ပြောင်းအလုပ် သမားများလက်ရှိကြုံတွေနေရသည့်အခက်အခဲများ၊ပြည်ပအလုပ် အကိုင်ဆိုင်ရာ စစ်တမ်းကောက် ယူရေးနှင့် မြန်မာနိုင်ငံတွင်လက်ရှိကြုံတွေနေရသည့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

  • အလုပ်သမားဝန်ကြီးဌာန ကြေညာချက်အမှတ် ၃/၂၀၂၂၊ မတ်လ၊ (၁၉) ရက်

    အလုပ်သမားဝန်ကြီးဌာန ကြေညာချက်အမှတ် ၃/၂၀၂၂၊ မတ်လ၊ (၁၉) ရက်

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေးနှင့် တိုင်ကြားမှုယန္တရားတွင် အလုပ်ရှင် များ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်သမားရေးရာဆောင်ရွက် နေသူများ၏ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ လိုအပ်လျက်ရှိသည့်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရေး ကြေညာချက်

    [pdf-embedder url=”https://assets-mol.nugmyanmar.org/images/2022/03/19-3-2022-CM-Latest-Letter.pdf” title=”19-3-2022 CM Letter”]

     

  • စိန်ရတု မွန်အမျိုးသားနေ့ကို ကြိုဆိုပါ၏

    စိန်ရတု မွန်အမျိုးသားနေ့ကို ကြိုဆိုပါ၏

    ဒုင်တၠုင် တ္ၚဲကောန်ဂကူမန် သဘင်ရတ်ဗိုတ်

    စိန်ရတု မွန်အမျိုးသားနေ့ကို ကြိုဆိုပါ၏

     
    အလုပ်သမားဝန်ကြီးဌာန
    အမျိုးသားညီညွတ်ရေးအစိုးရ

  • Covid-19 မျိုးရိုးဗီဇအသစ် အိုမိုင်ခရွန်(Omicron) နှင့်ပတ်သက်၍ရောဂါကာကွယ်ရေးနည်းလမ်း များကို လိုက်နာဆောင်ရွက်ကြရေး ကြေညာချက်

    Covid-19 မျိုးရိုးဗီဇအသစ် အိုမိုင်ခရွန်(Omicron) နှင့်ပတ်သက်၍ရောဂါကာကွယ်ရေးနည်းလမ်း များကို လိုက်နာဆောင်ရွက်ကြရေး ကြေညာချက်

    Covid-19 မျိုးရိုးဗီဇအသစ် အိုမိုင်ခရွန်(Omicron) နှင့်ပတ်သက်၍ အလုပ်ရှင်၊အလုပ်သမား ၊ပြည်သူလူထုများအနေဖြင့် ရောဂါကာကွယ်ရေးနည်းလမ်း များကို လိုက်နာဆောင်ရွက်ကြရေး ကြေညာချက်။

    ———————————————————————–

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    အမျိုးသားညီညွတ်ရေးအစိုးရ
    အလုပ်သမားဝန်ကြီးဌာန

    (ကြေညာချက်အမှတ် ၂ /၂၀၂၂)
    ၁၃၈၃ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်
    (၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

    ၁။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းတွင် အရှေ့တောင်အာရှနိုင်ငံများ၌ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်း ဆက်လက်မြင့် တက်နေသည်ကို တွေ့ရှိရသည့်အပြင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ တွင်လည်း ယခုလက်ရှိအချိန်၌ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုများ အဆမတန် မြင့်မားလျက်ရှိပြီး ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရသူ ဒုတိယအများဆုံးနိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်အသိပေး ကြေညာချက် များအရ သိရှိရပါသည်။
    ၂။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့က စတင်ခဲ့သည့် အာဏာသိမ်း ပိုက်ခဲ့မှုကြောင့် အလုပ်သမားထု အပါအဝင် ပြည်သူအများစုသည်ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ မရသည့်အပြင် ဘက်ပေါင်းစုံ အကြပ်အတည်း များကို ရင်ဆိုင်နေရသည့် အတွက် COVID-19 ရောဂါကို အရေးမထားနိုင် သည်ကို တွေ့မြင်နေရပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 မျိုးရိုးဗီဇအသစ် အိုမိုင်ခရွန်(Omicron) ကူးစက်ပျံ့နှံ့နေပြီး ယခင်မျိုးကွဲများနှင့် နှိုင်းယှဉ်ပါက အဆုတ်ထက်စာလျှင် အသက်ရှူလမ်းကြောင်း၏ အထက်ပိုင်း (နှာခေါင်း၊ ပါးစပ်၊ အာခေါင်၊ လည်ချောင်း၊ အသံအိုးစသည်) တွင် ပိုမိုကူးစက် မျိုးပွားနိုင်ကြောင်း၊ ဒယ်တာ(Delta) မျိုးကွဲ ကဲ့သို့ ရောဂါပြင်းထန်မှုမရှိနိုင်ဟု ဆိုသော်လည်း အိုမိုင်ခရွန် (Omicron) သည် ကူးစက်မှုနှုန်း အလွန်မြန်ဆန်ခြင်း၊ COVID-19 ကာကွယ်ဆေးထိုးလွှမ်းခြုံမှုနည်းပါးခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုစနစ်အားနည်းခြင်းနှင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို လူအများလိုက်နာ ဆောင်ရွက်မှု လျော့ကျလာခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားသေဆုံးမှုများ မြင့်တက်လာနိုင်ခြေရှိကြောင်း၊ ထို့ပြင် လူတဦးနှင့်တဦး ကူးစက်မှုနှုန်း အလွန်မြန်ဆန်ခြင်း ကြောင့် COVID-19 စတုတ္ထလှိုင်း ဖြစ်ပွားနိုင်ခြေ အလွန်နီးစပ်နေပြီဖြစ်ကြောင်း ကျန်းမာရေး ပညာရှင်များက သုံးသပ်ကြပါသည်။
    ၃။ ထို့ကြောင့် အလုပ်ရှင်၊ အလုပ်သမား၊ ပြည်သူလူထုများအနေဖြင့် အောက်ဖော်ပြပါ ရောဂါကာကွယ်ရေးနည်းလမ်းများကို မဖြစ်မနေ လိုက်နာ ကြရန် အလွန်ပင်အရေးကြီးပါသည် –
    (က) Mask တပ်ခြင်း၊
    (ခ) လက်ကို စနစ်တကျဆေးခြင်း၊
    (ဂ) လူစုလူဝေးရှောင်ရှားခြင်း၊
    (ဃ) လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရှားခြင်း၊
    (င) ၆ ပေ အကွာတွင် ခပ်ခွါခွါနေခြင်း၊
    (စ) ချောင်းဆိုး၊ နှာချေတိုင်းပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာ ဖုံးအုပ်ခြင်း၊
    (ဆ) လူနာနှင့် လူအများ မကြာခဏထိတွေ့ ကိုင်တွယ်လေ့ရှိသော အရာဝတ္ထု မျက်နှာပြင်များနှင့် နေရာများကိုပိုးသတ်သန့်စင်ခြင်း။
    ၄။ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များ၊ လုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့် မန်နေဂျာ များ အနေဖြင့် အလုပ်သမားများအတွက် COVID-19 ကပ်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အစီအမံများနှင့် အထောက်အပံ့များကို အထက်အပိုဒ် (၃) ပါ ညွှန်ကြားချက်များအတိုင်း အပြည့်အဝစီစဉ်ပေးရန်နှင့် အလုပ်သမား များအနေဖြင့်လည်း စနစ်တကျအသုံးပြုလိုက်နာ ဆောင်ရွက်ကြရန် အသိပေး ကြေညာအပ်ပါသည်။

    အလုပ်သမားဝန်ကြီးဌာန
    အမျိုးသားညီညွတ်ရေးအစိုးရ

     

  • မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ) နှင့်တွေ့ဆုံ၍အလုပ်သမားရေးရာကိစ္စရပ် များဆွေးနွေး

    မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ) နှင့်တွေ့ဆုံ၍အလုပ်သမားရေးရာကိစ္စရပ် များဆွေးနွေး

    အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ)နှင့်တွေ့ဆုံ၍ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာကိစ္စရပ် များဆွေးနွေး –
    ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲများကို သိရှိနိုင်ရေးနှင့် လိုအပ်သည့်အကူအညီများ ကူညီစောင့် ရှောက်ပေးနိုင်ရေးတို့အတွက် အမျိုးသား ညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ရေးရာကော်မတီ(ထိုင်းနိုင်ငံ)တို့ တွေ့ဆုံသည့် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၃၀-၁-၂၀၂၂ ရက် နေ့တွင် Zoom Meeting အသုံးပြု၍တွေ့ဆုံခဲ့ရာ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာရွှေ့ပြောင်း အလုပ်သမား ရေးရာကော်မတီ(ထိုင်းနိုင်ငံ) မှ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
    အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယ ဝန်ကြီး ဦးကျော်နီမှ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
    ထို့နောက်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ရေးရာကော်မတီ(ထိုင်းနိုင်ငံ)မှ ကော်မတီအဖွဲ့ဝင်များမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ လက်ရှိကြုံတွေနေရသည့် အခက်အခဲများ၊ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရမှုအခြေအနေများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လက်ရှိ CI စာအုပ် ပြုလုပ်ရာတွင် ကြုံတွေနေရသည့် အခက်အခဲများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ ပါသည်။
  • မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား) မှစီစဉ်ဆောင်ရွက်ပေးသည့်ရန်ပုံငွေပွဲအခမ်းအနား

    မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား) မှစီစဉ်ဆောင်ရွက်ပေးသည့်ရန်ပုံငွေပွဲအခမ်းအနား

     

    မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား) မှ အလုပ်သမားဝန်ကြီးဌာနအတွက် စီစဉ်ဆောင်ရွက်ပေးသည့်ရန်ပုံငွေပွဲကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဧည့်သည်တော်များအဖြစ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဦးမင်းကိုနိုင် တို့မှအဖွင့်မိတ်ဆက်စကားပြောကြားမည်ဖြစ်ပြီး အနုပညာရှင်များမှ ဖျော်ဖြေခြင်း၊ အားပေးစကားပြောကြားခြင်း စသည့်အစီအစဉ်ပေါင်းများစွာဖြင့်ကျင်းပသွား မည်ဖြစ်သည့်အပြင် ရန်ပုံငွေလက်မှတ်ဝယ်ယူသူများအတွက် အလုပ်သမားဝန်ကြီးဌာနမှ အထူးဂုဏ်ပြုမှတ်တမ်းလွှာနှင့် အနုပညာရှင်များ၏လက်ဆောင်ပစ္စည်း များကိုပြန်လည်မဲဖောက်ပေးသွားမည်ဖြစ်ပါသည်။

  • အလုပ်သမားဝန်ကြီးဌာန ကြေငြာချက်အမှတ် ၁/၂၀၂၂ ၊ ဇန်နဝါရီလ၊ (၂၃)ရက်

    အလုပ်သမားဝန်ကြီးဌာန ကြေငြာချက်အမှတ် ၁/၂၀၂၂ ၊ ဇန်နဝါရီလ၊ (၂၃)ရက်

    ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ပိုမိုခက်ခဲကျပ်တည်းအောင် ‌ခေါင်းပုံဖြတ်ခွင့် ဖန်တီးပေးနေသည့် အကြမ်း ဖက်စစ်အုပ်စု ၏ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) သက်တမ်းတိုးထုတ်ပေးခြင်း လုပ်ငန်းစဉ်နှင့်ယင်းလုပ်ငန်းစဉ် အကောင်အထည်ဖေါ်မှုတွင် ပူးပေါင်း ဆောင်ရွက်နေသည့် အဖွဲ့အစည်း၊ ကုမ္ပဏီနှင့် အေဂျင်စီတို့အား အလုပ်သမားဝန်ကြီးဌာန မှ ပြင်းထန်စွာ ရှုံ့ချကြောင်း ကြေညာချက်


  • မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (မလေးရှားနိုင်ငံ)တို့တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး

    မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (မလေးရှားနိုင်ငံ)တို့တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး

    အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (မလေးရှားနိုင်ငံ)တို့တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး –
    ___________________________________________________________________________
    မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများ ကြုံတွေ့နေရသော အခက်အခဲများကို သိရှိနိုင်ရေးနှင့် ကူညီစောင့်ရှောက်ပေးနိုင်ရေးတို့နှင့်ပတ်သက်၍ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီနှင့်တာဝန်ရှိသူများသည် မြန်မာ ရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (မလေးရှားနိုင်ငံ)မှတာဝန်ရှိသူများနှင့် ၂၀-၁-၂၀၂၂ ရက်နေ့၊ ၁၉:၀၀ နာရီ တွင် Zoom Meeting အသုံးပြု၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီကို ၁.၁.၂၀၂၂ ရက်နေ့ တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း ထိုသို့ဖွဲ့စည်းပြီးနောက် ကော်မတီမှ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံ သားများအရေးနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမည့်ရှေ့လုပ်ငန်းစဉ်များ၊ မြန်မာရွှေ့ပြောင်းအလုပ် သမားများရင်ဆိုင်နေရသည့်အခက်ခဲများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမူန်းရေးနှင့်ပတ်သက်၍ ကျရာအခန်းကဏ္ဍမှ စွမ်းစွမ်းတမံဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ကြောင်းဆွေးနွေးခဲ့ကြပါသည်။

  • စစ်ဘေးရှောင်ပြည်သူများအတွက်အစားအသောက်နှင့် အဝတ်အထည်တို့အားထပ်မံ ပေးပို့လှူဒါန်းနိုင်ရေးကြိုးစားဆောင်ရွက်

    စစ်ဘေးရှောင်ပြည်သူများအတွက်အစားအသောက်နှင့် အဝတ်အထည်တို့အားထပ်မံ ပေးပို့လှူဒါန်းနိုင်ရေးကြိုးစားဆောင်ရွက်

     

    ကရင်ပြည်နယ် လေးကေ့ကော်ဒေသသို့ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း နှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ မဲ့ကို့ကင်း (နွားခြံ)စစ်ဘေးရှောင် စခန်းသို့ရောက်ရှိ ခိုလှုံနေကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ (AAC) မဟာမိတ်အဖွဲ့ တို့ပူးပေါင်း၍ စစ်ရှောင်ပြည်သူများလိုအပ်လျက်ရှိသည့် အစားအသောက်နှင့် အဝတ် အထည်တို့အား စစ်ဘေးရှောင်ပြည်သူများထံသို့ တိုက်ရိုက်ရောက်ရှိစေရန် မြေပြင်အထိပေးပို့ ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသည့် စစ်ဘေးရှောင် ပြည်သူများအတွက် ဆက်လက်၍ ထပ်မံ ပေးပို့လှူဒါန်းနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။