Category: News / သတင်း

  • အလုပ်သမားဝန်ကြီး ဌာနနှင့် ထိုင်းနိုင်ငံ လွှတ်တော်၊ အလုပ်သမားရေးရာကော်မတီတို့ တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနနှင့် ထိုင်းနိုင်ငံ လွှတ်တော်၊ အလုပ်သမားရေးရာကော်မတီတို့ တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး-

    ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲ၊ ပြဿနာ များကို ကူညီဖြေရှင်းဆောင်ရွက်ရေးနှင့် အလုပ်သမားရေးရာကိစ္စရပ်များတွင် နှစ်ဖက်ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်နှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနနှင့် ထိုင်းနိုင်ငံ လွှတ်တော်၊ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးခြင်းကို ၇-၁၂-၂၀၂၂ ရက်နေ့တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီနှင့် ဌာနတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ လွှတ်တော် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် လွှတ်တော်အလုပ်သမားရေးရာ အတိုင်ပင်ခံ တို့ တက်ရောက်ခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး က ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များကို လည်းကောင်း၊ လွှတ်တော်အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါသည်။

    အလုပ်သမားဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ

  • ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် ကယ်ဖယ်ဖစ်တွင် အထောက်ထားမဲ့ မြန်မာအလုပ်သမားများ ကားတိမ်းမှောက်သေဆုံးမှုအတွက် အာမခံအကျိုးခံစားခွင့် ဘတ် (၂)  သန်းကျော် အပြည့်အဝ ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

    ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် ကယ်ဖယ်ဖစ်တွင် အထောက်ထားမဲ့ မြန်မာအလုပ်သမားများ ကားတိမ်းမှောက်သေဆုံးမှုအတွက် အာမခံအကျိုးခံစားခွင့် ဘတ် (၂)  သန်းကျော် အပြည့်အဝ ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

    ၁။ ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် ကယ်ဖယ်ဖစ်တွင် ​အထောက်ထားမဲ့ မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ကားတိမ်းမှောက်သဖြင့် ၁၁.၁၁.၂၀၂၁ ရက်နေ့တွင် အလုပ်သမား (၃) ဦး သေဆုံးခဲ့သည့် ကိစ္စနှင့် စပ်လျဥ်း၍ ကျန်ရစ်သူမိသားစုများအား အာမခံ အကျိုးခံစားခွင့်များ အပြည့်အဝရရှိစေရန် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် ကိုရဲမင်း တာဝန်ခံဦးဆောင်သည့် AAC မဟာမိတ်အဖွဲ့ အား တာဝန်ပေးအပ်ခဲ့ရာ ၃.၁၁.၂၀၂၂ ရက်နေ့တွင် သေဆုံးသူ အထောက်ထားမဲ့အလုပ်သမား (၂) ဦး ၏ အာမခံ အကျိုး ခံစားခွင့် တစ်ဦးလျှင် ဘတ် ၁ဝ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ဘတ် ၂၁၀၀၀၀၀ ကို ကိုရဲမင်း တာဝန်ခံဦးဆောင်သည့် AAC မဟာမိတ်အဖွဲ့မှ ကျန်ရစ်သူ မိသားစုများထံသို့ ပေးအပ်ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသူ တစ်ဦး၏ အာမခံအကျိုးခံစားခွင့်နှင့် ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

    ၂။ စစ်အာဏာသိမ်းရန်ကြိုးပမ်းမှု၏ အကျိုးဆက်အရ ဖြစ်ပေါ်လာသောဖိနှိပ်မှုများ၊ အလုပ်အကိုင်ရှားပါးမှုများ၊ မိသားစု စားဝတ်နေရေးအခက်ခဲများ၊ ကုန်ဈေးနှုန်း ကြီးလာမှုနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ထိုင်းနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေလုပ်ကိုင်ရန် အမျိုးမျိုးသော လမ်းကြောင်းများဖြင့် သွားရောက်ခဲ့သည့် အထောက်ထားမဲ့ မြန်မာအလုပ်သမားများ ကားတိမ်းမှောက် သေဆုံးသည့်အတွက် အာမခံ အကျိုးခံစားခွင့်များရရှိအောင် ပူးပေါင်းဆောင်ရွက်ပေးသည့် သက်ဆိုင်ရာ ထိုင်းနိုင်ငံ အစိုးရဌာနများ၊ ပုဂ္ဂလိက ကားအာမခံကုမ္မဏီ၊ ကိုရဲမင်း တာဝန်ခံဦးဆောင်သော AAC မဟာမိတ်အဖွဲ့နှင့် ပူပေါင်းဆောင်ရွက်ပေးသူများအား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

    ၃။အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ အကူအညီပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တရားဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
    လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
    တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
    တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug

  • ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် နောင်မိုင်ဒယ်နယ်​မြေရှိ ကော်စက်ရုံမှ မြန်မာလုပ်သား ၆၃ ဦးအတွက် ထိုက်သင့်​သောခံစားခွင့်များ ရရှိ​စေရန်ကူညီ​ဆောင်ရွက်​ပေး​လျက်ရှိ

    ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် နောင်မိုင်ဒယ်နယ်​မြေရှိ ကော်စက်ရုံမှ မြန်မာလုပ်သား ၆၃ ဦးအတွက် ထိုက်သင့်​သောခံစားခွင့်များ ရရှိ​စေရန်ကူညီ​ဆောင်ရွက်​ပေး​လျက်ရှိ

    ၁။ ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် နောင်မိုင်ဒယ်နယ်​မြေရှိ ကော်စက်ရုံမှ မြန်မာအလုပ်သမား (၆၃) ဦးအား အကြောင်းမဲ့ အလုပ်ထုတ်ကြောင်း အကူညီတောင်းခံလာသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန မှ ကိုရဲမင်းဦးဆောင်သော AAC မဟာမိတ်အဖွဲ့ သို့ ကူညီဖြေရှင်းပေးရန် တာဝန်ပေးအပ်ရာ ၁၈.၁၀.၂၀၂၂ ရက်နေ့တွင် အလုပ်ရှင်နှင့် ညှိနှိုင်းသော်လည်း အဆင်မပြေသဖြင့် အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်ဖြစ်သည့် ကြိုတင်အကြောင်းမကြားသည့် နစ်နာကြေးနှင့် လုပ်သက်အလိုက် နစ်နာကြေးးများရရှိစေရန် အလုပ်ရှင်အား ချွန်ပူရီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် အမှုဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

    ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ အကူအညီပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တရားဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
    လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
    တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
    တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug

  • နွေဦးလုပ်သား သတင်းလွှာ အတွဲ ၁ ၊ အမှတ် ၆ ထွက်ရှိ

    အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)မှစီစဥ်သည့် နွေဦးလုပ်သား သတင်းလွှာ အတွဲ ၁ ၊ အမှတ် ၆ ထွက်ရှိ

    သတင်းမာတိကာ

    – ထိုင်းနိုင်ငံသစ်စက်ရုံမှ အလုပ်သမားများအား အလုပ်ထုတ်နစ်နာကြေးအကျိုးခံစားခွင့် ဘတ် (၁၂) သိန်းကျော် ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

    – အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တွေ့ဆုံမေးမြန်းခြင်းကဏ္ဍ

    – NUG အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးအား နိုင်ငံတကာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (IUF) က Award for Courage ဆုချီးမြှင့်

    – မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ် ဖြိုးစန္ဒာစိုးနှင့် တွေ့ဆုံမေးမြန်းခြင်းကဏ္ဍ

    – လုပ်ငန်းခွင်အတွင်းကခွဲခြားဆက်ဆံဖိနှိပ်မှုများက ဘယ်ကိုဦးတည်နေလဲ

    – အလုပ်သမားဝန်ကြီးဌာန၊ တိုင်ကြားရေးယန္တရားအဖွဲ့မှ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအပေါ် ကူညီဆောင်ရွက်နေမှုအပါအဝင် အလုပ်သမားရေးရာသတင်းများ၊ ဆောင်းပါးများ၊ ကဗျာများပါဝင်သည်။

    နွေဦးလုပ်သားသတင်းလွှာတွင် လုပ်သားပြည်သူတို့၏ အသံများကိုကြားနိုင်ရန်အတွက် စာမူဖိတ်ခေါ်လွှာနှင့် လုပ်သားအသံကဏ္ဍများထည့်သွင်း ဖော်ပြပေးသွားဖို့ရှိတဲ့အတွက် စာမူနှင့်လုပ်သားအသံများပေးပို့နိုင်ပါရန်ပန်ကြားထားပါသည်။

    ================

    သတင်းလွှာအား Download ရယူဖတ်ရှုလိုပါက – https://assets-mol.nugmyanmar.org/images/2022/11/NovNews-Final.pdf

    ================

  • ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလဘူရီ၌ကား​မှောက်​သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများ အတွက် အာမခံအကျိုးခံစားခွင့် ဘတ် (၁၅) သိန်း ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

    ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလဘူရီ၌ကား​မှောက်​သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများ အတွက် အာမခံအကျိုးခံစားခွင့် ဘတ် (၁၅) သိန်း ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

    ၁။ ၂၈.၈.၂၀၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလဘူရီ၌ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ကားတိမ်းမှောက်သဖြင့် အလုပ်သမား (၃) ဦး သေဆုံးခဲ့သည့် ကိစ္စနှင့် စပ်လျဥ်း၍ အာမခံ အကျိုးခံစားခွင့်များ အပြည့်အဝရရှိရန်အတွက်ကူညီဆောင်ရွက်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ကိုရဲမင်း တာဝန်ခံဦးဆောင်သည့် AAC မဟာမိတ်အဖွဲ့သို့ တာဝန်ပေးအပ်ခဲ့ရာ သေဆုံးသူတစ်ဦးလျှင် အာမခံ နစ်နာကြေးငွေ ဘတ် ၅၀၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ဘတ် ၁၅၀၀၀၀၀ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရစ်သူ မိသားစုများထံသို့ ၁၇.၁၀.၂၀၂၂ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ပြီးဖြစ်ပါသည်။

    ၂။ စစ်အာဏာရှင်၏နှိပ်စက်မှုအကျိုးဆက်ကြောင့် ပြည်တွင်း၌ အခက်အခဲမျိုးစုံရင်ဆိုင်နေရသော ပြည်သူများသည် အမျိုးမျိုးသော တရားမဝင်လမ်းကြောင်းများဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်လျက်ရှိပြီး အန္တရာယ် မျိုးစုံဖြင့် ကြုံတွေ့နေရပါသည်။ ကားတိမ်းမှောက် သေဆုံးခဲ့သည့် အလုပ်သမား ၃ ဦးအတွက် အာမခံ အကျိုးခံစားခွင့်များအပြည့်အဝရရှိအောင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် သက်ဆိုင်ရာ ထိုင်းနိုင်ငံအစိုးရဌာနများနှင့် ကိုရဲမင်း တာဝန်ခံဦးဆောင်သော AAC မဟာမိတ်အဖွဲ့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

    ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တိုင်ကြားရေးယန္တရား ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။

  • မှတ်တမ်းတင်ဂုဏ်ပြုလွှာ

    မှတ်တမ်းတင်ဂုဏ်ပြုလွှာ

    ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့ မှ (၇) ရက်နေ့အထိ စပိန်နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအဖွဲ့ချုပ် (BWI) ညီလာခံသို့ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(BWFM) ၏ ကိုယ်စားလှယ်အနေဖြင့် တက်ရောက်ခဲ့သည့် BWFM ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဒေါ်ဖြိုးစန္ဒာစိုး (မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)၏ လက်ထောက်အထွေထွေ အတွင်း ရေးမှူးလည်းဖြစ်ပြီး စစ်အာဏာရှင်ဖြုတ်ချရေး နှင့် ဒီမိုကရေစီရေးတွင် CTUM / BWFM ကိုယ်စားပြု၍ မြန်မာအလုပ်သမားတပ်ပေါင်းစု (Myanmar Labour Alliance)၊ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်ရေးအင်အားစု (General Strike Coordination Body- GSCB) တို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသူ) အား “ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေး တို့အတွက် ခိုင်မြဲသည့်ဆုံးဖြတ်ချက်ဖြင့် မိမိတို့၏ ကိုယ်ပိုင်ဘဝကို စတေး၍ တစ်စိုက်မတ်မတ် ဆောင်ရွက်နေသူများကို ပေးအပ်သည့် “BWI Rights for All Award 2022 ” ဆုပေးအပ်ချီးမြှင့်ခံရမှု၊ အဆိုပါညီလာခံ၌ BWI ၏ ကမ္ဘာလုံးဆိုင်ရာ အမှုဆောင်ကောင်စီတွင် ဒုဥက္ကဌတစ်ဦးအဖြစ် ရွေးကောက်တင်မြောက်ခံရမှုနှင့် ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင် ၂၀၂၁ ခုနှစ် မှ ၂၀၂၄ ခုနှစ် အထိ ILO ၏ အုပ်ချုပ်ရေး အဖွဲ့ (Governing Body) တွင် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ အလုပ်သမားကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရမှုတို့အတွက် မြန်မာနိုင်ငံအလုပ်သမားထုကိုယ်စား များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

    အလုပ်သမားဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ

    [pdf-embedder url=”https://assets-mol.nugmyanmar.org/images/2022/10/Appreciation-Certificate_LA.pdf” title=”Appreciation Certificate_LA”]

  • ထိုင်းနိုင်ငံ (တောင်ပိုင်း)၊ စူလပ်ဌာနေခရိုင် ချိုင့်ရာမြို့၊ ဖွန်ဖတ်သစ်စက်ရုံမှ အလုပ်သမားများအား အလုပ်ထုတ်နစ်နာကြေးအကျိုးခံစားခွင့် နစ်နာကြေးငွေ ဘတ် (၁၂) သိန်းကျော် ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

    ထိုင်းနိုင်ငံ (တောင်ပိုင်း)၊ စူလပ်ဌာနေခရိုင် ချိုင့်ရာမြို့၊ ဖွန်ဖတ်သစ်စက်ရုံမှ အလုပ်သမားများအား အလုပ်ထုတ်နစ်နာကြေးအကျိုးခံစားခွင့် နစ်နာကြေးငွေ ဘတ် (၁၂) သိန်းကျော် ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

    ၁။ ထိုင်းနိုင်ငံ (တောင်ပိုင်း)၊ စူလပ်ဌာနေခရိုင် ချိုင့်ရာမြို့၊ ဖွန်ဖတ်သစ်စက်ရုံမှာ အလုပ်ရှင်အသစ်ပြောင်း၍ အလုပ်သမား (၁၁၀)ဦးကို ၂၈.၉.၂၀၂၂ ရက်နေ့မှ စ၍ အလုပ်ထုတ်ပြီး နစ်နာကြေးငွေများမရရှိကြောင်း တိုင်ကြားလာသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း တာဝန်ခံဦးဆောင်သော AAC မဟာမိတ်အဖွဲ့ မှ ၆.၁၀.၂၀၂၂ ရက်နေ့တွင် စူလပ်ဌာနီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန (ဆာဝါဒီကန်) နှင့် ချိတ်ဆက်၍ သွားရောက်ကူညီခဲ့ရာ အလုပ်ရှင်၊ အလုပ်သမားများ ညှိနှိုင်း၍ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန (ဆာဝါဒီကန်) ရှေ့မှောက်တွင် နှစ်ဘက်သဘောတူစာချုပ်ချုပ်ဆို၍ အောက်ပါအတိုင်း ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပါသည်-

    (က) လုပ်သက် (၆)နှစ် အထက်ရှိ အလုပ်သမား (၂၀) ဦးအား တစ်ဦးလျှင် (၃၀၀၀၀) ဘတ် နှုန်းဖြင့် (၆၀၀၀၀၀) ဘတ်၊ လုပ်သက် (၅)နှစ်အထက်ရှိ အလုပ်သမား (၃၀) ဦးအား တစ်ဦးလျှင် (၁၅၀၀၀) နှုန်းဖြင့် (၄၅၀၀၀၀) ဘတ်၊ လုပ်သက် (၁) နှစ် မှ (၃) နှစ် ကြား ရှိ အလုပ်သမား (၁၀) ဦးအား တစ်ဦးလျှင် (၁၀၀၀၀) နှုန်းဖြင့် (၁၀၀၀၀၀) ဘတ်၊ လုပ်သက် (၄) လ မှ (၁) နှစ်အောက် အလုပ်သမား (၂၀) ဦး အား တစ်ဦးလျှင် (၅၀၀၀) ဘတ် နှုန်းဖြင့် (၁၀၀၀၀၀) ဘတ် စုစုပေါင်း (၁၂၅၀၀၀၀) ဘတ်ကို ၁၄.၁၀.၂၀၂၂ ရက်နေ့တွင် အလုပ်သမားများသို့ ပေးချေမည်ဖြစ်ကြောင်း၊

    (ခ) လုပ်သက် (၄) လ အောက် အလုပ်သမား (၃၀) ဦး မှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(ပန်းရောင်ကတ်)စာရင်း တင်ထားပြီးဖြစ်၍ အလုပ်ရှင်မှ တရားဝင် အလုပ်ပြောင်းရွေ့ လုပ်ကိုင်ခွင့်စာရွက်စာတမ်း (ကျန့်အော်) ထုတ်ပေးမည်ဖြစ်ကြောင်း

    ၂။ မြန်မာနိုင်ငံ၏ အရေးပေါ်ကာလအခြေအနေတွင် အကူညီမဲ့နေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အလုပ်သမားအကျိုး ခံစားခွင့်များရရှိအောင် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသည့် စူလပ်ဌာနီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်) နှင့် ဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ညှိနှိုင်းဖြေရှင်းပေးသည့် ကိုရဲမင်း တာဝန်ခံဦးဆောင်သော AAC မဟာမိတ်အဖွဲ့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

    ၃။အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ အကူအညီပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တရားဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
    လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
    တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
    တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug

  • World Day for Decent Work (ဂုဏ်သိက္ခာရှိသောလုပ်ငန်းခွင်နေ့)

    World Day for Decent Work (ဂုဏ်သိက္ခာရှိသောလုပ်ငန်းခွင်နေ့)

    ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်

    ဒီကနေ့ အောက်တိုဘာ ၇ ရက် နေ့ဟာ အလုပ်သမားလောကမှာ Decent Work Day လို့ လူသိများတဲ့နေ့တနေ့ဖြစ်ပြီး ဘာသာပြန်ရရင် “ကမ္ဘာ့ဂုဏ်သိက္ခာရှိသောလုပ်ငန်းခွင်နေ့၊ ကမ္ဘာ့ကောင်းမွန်သောအလုပ်ခွင်နေ့” ဟုဆိုရပါလိမ့်မည်။

    သို့ပေမယ့်ယခုလိုစစ်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်ထက်မှာ နယ်ပယ်အသီးသီးကအသိပညာရှင်၊အတတ်ပညာရှင်အလုပ်သမားများအနေဖြင့် သင့်တင့်မျှတပြီး ဖူလုံတဲ့လုပ်ခလစာရရှိရေး၊ ပိုမိုကောင်းမွန်သော လုပ်ငန်းအခြေအနေရရှိရေး၊ ဂုဏ်သိက္ခာရှိသောလုပ်သားများအဖြစ် ရပ်တည်နေထိုင်နိုင်ရေးဆိုတဲ့အခွင့်အရေးတွေဟာ ရရှိလိမ့်မည်မဟုတ် ဆိုတာ အသေအချာပဲ ဖြစ်ပါသည်။

    စစ်ကောင်စီမှ တဖက်ကလုပ်သားထုကြီးကိုတော်လှန်ရေးမှာမပါဝင်လာနိုင်ရေးအတွက် အကြပ်အတည်းမျိုးစုံဖြစ်အောင်နည်းမျိုးစုံနဲ့ဖန်တီးနေသလို အချို့သောအရင်းရှင်ကြီးများ၊ လုပ်ငန်းရှင်ကြီးများကလဲ စစ်ကောင်စီအလိုကျပူးပေါင်းပါဝင်ပြီးလုပ်သားထုအပေါ်ဖိနှိပ်မှုတွေမှာပါဝင်နေတာကိုတွေ့ရပါသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနှင့်ယခုနွေဦးတော်လှန်ရေးကာလကြီးမှာပဲလုပ်သားထု၏ အခွင့်အရေးဆုံးရှုံးနစ်နာမှုတွေကိုစဥ်ဆက်မပြတ်လေ့လာစောင့်ကြည့်နေသလို တော်လှန်ရေးကာလအတွင်းစစ်ကောင်စီနှင့်အပေါင်းအပါအရင်းရှင်များ၏ဖိနှိပ်မှုကြောင့် လုပ်သားထု၏နစ်နာခဲ့တဲ့နစ်နာမှုတွေကိုမှတ်တမ်းတင်ခြင်း၊ အရေးယူရန်နည်းလမ်းများရှာဖွေဆောင်ရွက်ခြင်း အစရှိသဖြင့်နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။

    ထပ်မံပြီးအသိပေးလိုသည်မှာစစ်ကောင်စီအာဏာသိမ်းကာလကိုအခွင့်ကောင်းယူပြီး လုပ်သားထု၏ဂုဏ်သိက္ခာ၊ အကျိုးစီးပွားနှင့်အခွင့်အရေးဆုံးရှုံးနစ်နာအောင်ပြုလုပ်သူ၊ စေခိုင်းသူ မှန်သမျှကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှပြင်းပြင်းထန်ထန်တုံ့ပြန်အရေးယူသွားမည်ဖြစ်သည်။

    မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လုပ်သားထု၏ဂုဏ်သိက္ခာ၊ သင့်တင့်မျှတသောလုပ်ခလစာ၊ လုပ်ငန်းခွင်ကောင်းမွန်စေရေးအတွက်အစဥ်တစိုက်အားထုတ်လျက်ရှိကြောင်းနှင့်ယခု နွေဦးတော်လှန်ရေးကာလအတွင်းအကြမ်းဖက်စစ်ကောင်စီကိုနည်းလမ်းမျိုးစုံဖြင့်တိုက်ပွဲဝင်လျက်ရှိသော နယ်ပယ်အသီးသီးမှာတတ်သိပညာရှင်လုပ်သားများကိုဂုဏ်ယူလေးစားပါကြောင်းပြောကြားအပ်သည်။

  • နွေဦးလုပ်သား သတင်းလွှာ အတွဲ ၁ ၊ အမှတ် ၅ ထွက်ရှိ

    အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)မှစီစဥ်သည့် နွေဦးလုပ်သား သတင်းလွှာ အတွဲ ၁ ၊ အမှတ် ၅ ထွက်ရှိ
     
    သတင်းမာတိကာ
     
    – တိုင်ကြားရေးယန္တရားမှတဆင့်ပြည်တွင်း၊ ပြည်ပ အလုပ်သမားများအပြင် သင်္ဘောသားများ၏ အခွင့်အရေးချိုးဖောက်ခံရမှုများလည်းတိုင်ကြားနိုင်ပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာ
     
    – အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar) ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ မှ ပြောကြားသည့် မိန့်ခွန်း
     
    – ကလေးသူငယ်များ၏ အပေါ် ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်ရေးတွင်နိုင်ငံတကာမှ အားဖြည့်ပံ့ပိုးရန် တာဝန်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရပြော
    – နှစ်နဲ့ချီပြီးအိုတီကြေးမပေးတဲ့အပြင်အိုတီကြေးတောင်းတဲ့အလုပ်သမား ၅၀ ကျော် ကိုနှင်ထုတ်ခဲ့တဲ့စက်ရုံမှထုတ်လုပ်သည့်ဖူဂျီဆပ်ပြာအားပြည်သူများမသုံးစွဲရန်နှိုးဆော်ထား
     
    – အလုပ်သမားဝန်ကြီးဌာန၊ တိုင်ကြားရေးယန္တရားအဖွဲ့မှ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအပေါ် ကူညီဆောင်ရွက်နေမှုအပါအဝင် အလုပ်သမားရေးရာသတင်းများ၊ ဆောင်းပါးများပါဝင်သည်။
    နွေဦးလုပ်သားသတင်းလွှာတွင် လုပ်သားပြည်သူတို့၏ အသံများကိုကြားနိုင်ရန်အတွက် စာမူဖိတ်ခေါ်လွှာနှင့် လုပ်သားအသံကဏ္ဍများထည့်သွင်း ဖော်ပြပေးသွားဖို့ရှိတဲ့အတွက် စာမူနှင့်လုပ်သားအသံများပေးပို့နိုင်ပါရန်ပန်ကြားထားပါသည်။
     
    ================
     
    သတင်းလွှာအား Download ရယူဖတ်ရှုလိုပါက – https://assets-mol.nugmyanmar.org/images/2022/10/OCTNews-Final.pdf
    ================