
Category: News / သတင်း
-
ကချင်အာဇာနည်နေ့ (Kachin Martyrs’ Day)
“ကချင်အာဇာနည်နေ့ (Kachin Martyrs’ Day) အားမိဘပြည်သူတိုင်းရင်းသားညီကိုမောင်နှမများနှင့်ထပ်တူထပ်မျှအောက်မေ့သတိရအပ်ပါသည်”သြဂုတ် ၊ ၁၀ ရက် ၊ ၂၀၂၂ ခုနှစ်ဒီကနေ့ဩဂုတ်လ (၁၀) ရက်နေ့မှာကျရောက်တဲ့(၄၇)နှစ်မြောက်ကချင်အာဇာနည်နေ့ (Kachin Martyrs’ Day) အားမိဘပြည်သူတိုင်းရင်းသားညီကိုမောင်နှမများနှင့်ထပ်တူထပ်မျှအောက်မေ့သတိရအပ်ပါကြောင်းပြောကြားလိုပါသည်။ဒီကနေ့ဟာသွေးချင်းညီအစ်ကိုမောင်နှမ ကချင်တိုင်းရင်းသားလူမျိုးတို့ရဲ့“Share Shagan Masat Ninghtoi” လို့ခေါ်တဲ့ ကချင်အာဇာနည်နေ့ဖြစ်လေးပဲဖြစ် ပြီးတော့ သြဂုတ်လ (၁၀) ရက်ကိုကချင်အာဇာနည်နေ့အဖြစ် ကျင်းပလာတာ ဒီနှစ်ဟာ (၄၇) ကြိမ်မြောက်တောင်ရှိခဲ့ပြီဖြစ်ပါတယ်။ကချင်အာဇာနည်နေ့ဟာ မိမိတို့နယ်မြေနဲ့လူမျိုးလွတ်လပ်ရေးအတွက် မိမိတို့ရဲ့အသက်၊ဉာဏ်စွမ်းကို ဂုဏ်ယူစွာပေးလှူပြီးအသက်စွန့်တိုက်ပွဲဝင်ခဲ့တဲ့ KIO, KIA တပ်သားများနဲ့ ရန်သူစစ်အာဏာရှင်လက်အောက်မှာ ကျဆုံးသွားခဲ့ရတဲ့ အရပ်သားပြည်သူများကို ချီးကျူးဂုဏ်ပြုအောက်မေ့သော အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ သြဂုတ်လ(၁၀) ရက်ကို ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ရတဲ့အဓိကအကြောင်းအရင်းကတော့ ၁၉၇၅ ခုနှစ်၊ သြဂုတ်လ(၁၀) ရက်မှာ ကချင်လူမျိုးတို့ရဲ့ KIO, KIA အဖွဲ့အစည်းရဲ့ ပထမဆုံးသောခေါင်းဆောင်ကြီးဖြစ်တဲ့ G.O.C Lahtaw Zau Seng အသက်ပေးလှူခဲ့ရပါတယ်။ GOC.Lahtaw Zau Seng ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ကေအိုင်အို နိုင်ငံခြား ဆက်ဆံရေးရုံးမှ ချင်းမိုင်ခရိုင် အတွင်း ရှိ (ထိုစဉ်က )ကေအိုင်အေ စစ်တပ် စခန်းသို့ အလာ တပ်စခန်း သို့ မရောက်မီ လမ်းတစ်ဝက်မှာ မသမာသူတို့ရဲ့ လုပ်ကြံပစ်ခတ်ခံရခြင်းကြောင့် အသက်ပေးလှူခဲ့ရတာပါ။ထိုနေ့ကိုအောက်မေ့သတိရသောအားဖြင့် ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။KIO အဖွဲ့အစည်းကြီးကနေ ၂၀၀၉ ခုနှစ်မှာ ကချင်အာဇာနည်နေ့အဖြစ် တရားဝင်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကချင်အာဇာနည်နေ့မှာ ပြည်တွင်းမှကချင်လူမျိုးများသာမက ပြည်ပရောက်ကချင်လူမျိုးတို့ကပါ အသက်ပေးလှူသွားသောရဲဘော်များနဲ့ အရပ်သားပြည်သူများကို ဂုဏ်ပြုအောက်မေ့ကြပါတယ်။မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနအနေနှင့်လည်းယနေ့နွေဦးတော်လှန်ရေးကာလအထိခေတ်အဆက်ဆက်တိုင်းရင်းသားညီအကိုများနှင့်ထပ်တူထပ်မျှစစ်အာဏာရှင်အဆက်ဆက်ကိုတွန်းလှန်တိုက်ပွဲဝင်ရင်းအသက်ပေးလှူသွားခဲ့ရသောကချင်အာဇာနည်သူရဲကောင်းများအတွက်အစဥ်အောက်မေ့သတိရလျက်ရှိပါသည်။ ကချင်လူမျိုးများအပါအဝင်ခေတ်အဆက်ဆက်စစ်အာရှင်တွေကိုခုခံတော်လှန်ရင်းကျဆုံးသွားခဲ့သောပြည်ထောင်စုဖွားတိုင်းရင်းသားအာဇာနည်များအားအစဥ်အောက်မေ့သတိရခြင်းနှင့်အတူပြည်သူလူထုတရပ်လုံးလိုလားတောင့်တအပ်သောဖက်ဒရာယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအမြန်ပေါ်ထွန်လာရေးအတွက်မိမိတို့အမျိုးသားညီညွတ်ရေးရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနမှကျရာအခန်းကဏ္ဍမှခိုင်မာသောစိတ်ဓါတ်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။#ကချင်အာဇာနည်နေ့#အလုပ်သမားဝန်ကြီးဌာန#အမျိုးသားညီညွတ်ရေးအစိုးရ -
(၇၄)နှစ်မြောက်ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်

“(၇၄)နှစ်မြောက်ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်”
သီးခြားလွတ်လပ်တဲ့ကရင်နီပြည်အဖြစ် ၁၈၇၅ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ သဘော တူညီရေး ပဋိဉာဉ် သတ်မှတ်ချက် အရ သတ်မှတ်ခံခဲ့ရပြီး သမိုင်းအစဥ်အလာ တလျောက်လုံး တပါးသူအား ကျူးကျော်ခြင်းမရှိဘဲ အေးချမ်းသာယာစွာနေထိုင်ခဲ့တဲ့ လူမျိုးစုတွေမှီတင်းရာပြည်နယ်တခုဖြစ်ပါတယ်။
သီးခြားလွတ်လပ်ခဲ့သော ကရင်နီပြည်ဟာ သမိုင်းစဉ်တလျှောက် သူတပါးကို မကျူးကျော်ခဲ့ဘဲ ခုခံစစ်သာဆင်နွှဲခဲ့ပြီး”ကရင်နီအုပ်ချုပ်ရေး အတိုင်း ကရင်နီ တွေ အုပ်ချုပ်ပါ၊ ဗမာတွေ ဝင်မစွက်ဘူး ” ဆိုတဲ့ဖဆပလ အစိုးရ အုပ်စုရဲ့ စကားကို ယုံကြည်ခဲ့မှုကြောင့် ၁၉၄၇ ပင်လုံစာချုပ်မှာ လက်မှတ် မထိုးခဲ့ပေမဲ့ ပြည်ထောင်စု အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့တယ်။
သို့ပေမယ့် ဖဆပလ အစိုးရ ဟာ ကရင်နီပြည်နယ်အပေါ်ထားရှိတဲ့ သဘောတူညီချက်တွေကို မျက်ကွယ်ပြုပြီး စတင် ကျုးကျော်တိုက်ခိုက်လာခဲ့ပါတယ်။ အဆိုပါလုပ်ရပ်ဟာကရင်နီအမျိုးသားတရပ်လုံး မျှော်လင့်ခဲ့တဲ့ ဖက်ဒရယ်ပုံစံ မဟုတ်တော့ဘဲဗဟိုအစိုးရကတစ်ပြည်ထောင်ပုံစံနဲ့ ဗဟိုဦးစီး ချုပ်ကိုင်လာတွေအပြင် အပြင် ကရင်နီ ခေါင်းဆောင်တွေကိုပါ ဖမ်းဆီး ထိန်းသိမ်းဖို့ကြိုးပမ်းလာတဲ့ဗဟိုအစိုးရရဲ့လုပ်ရက်တွေကြောင့် ကရင်နီအမျိုးသားတစ်ရပ်လုံးဟာ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ(၉) ရက်နေ့ကို ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး စစ်အာဏာရှင်အဆက်ဆက်ကို ရရာလက်နက် စွဲကိုင်ပြီး ကရင်နီပြည်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊လူမျိုးတမျိုးရဲ့ ဂုဏ်သိက္ခာနဲ့တကွတရားမျှတလွတ်လပ်မှုတို့ ကို ပြန်လည်ရရှိဖို့ အတွက် တိုက်ပွဲဆင်နွဲ ခုခံတော်လှန် ခဲ့တာဟာဆိုရင် ကနေ့မှာ (၇၄)နှစ် တင်းတင်း ပြည့်မြောက်လာခဲ့ပါပြီ။
ကရင်နီပြည်သားတွေဟာခေတ်အဆက်ဆက်စစ်အာဏာရှင်အဆက်ဆက်လက်တွန့်သွားလောက်တဲ့အထိမိမိပြည်နယ်မိမိလူမျိုးများအတွက်ရွပ်ရွပ်ချွံချွံအသက်ပေးခုခံခဲ့ကြသလိုယခုနွေဦးတော်လှန်ရေးကာလမှာလဲပြည်ထောင်စုဖွားတိုင်းရင်းသားတရပ်လုံးနှင့်ရင်ဘောင်တန်းပြီးစစ်အာဏာရှင်ကိုတိုက်ပွဲဝင်နေကြတဲ့အတွက်များစွာတန်ဖိုးထားလေးစားဂုဏ်ယူမိပါတယ်။
ယခုလိုပြည်ထောင်စုဖွားတိုင်းရင်းသားညီအကိုတွေနဲ့ထပ်တူထပ်မျှရင်ဘောင်တန်းပြီးသွေးစည်းညီညွတ်စိတ်ပြည့်ဖြင့်ခုခံတော်လှန်နေကြသည့်ကရင်နီ ပြည်သူပြည်သားများအားလုံး ယနေ့ (၇၄)နှစ်ပြည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့မှ များမကြာမီကာလအတွင်း တိုင်းရင်းသားပြည်သူလူထုကြီးတရပ်လုံးမျှော်မှန်းတမ်းတကြရတဲ့ဖက်ဒရာယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆိုတဲ့ပန်းတိုင်ကိုအရောက်လှမ်းနိုင်ပါစေကြောင်းမိမိတို့အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနမှဆုတောင်းမေတ္တာပိုသရင်းလေးစားဂုဏ်ပြုအပ်ပါသည်။
#ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့
-

အလုပ်သမားဥပဒေ ဆိုင်ရာပြဋ္ဌာန်းချက်များအား လေ့လာနိုင်ရန်အလုပ်သမားဥပဒေဝဘ်ဆိုက်(Labour Law Portal)အားစတင်ထုတ်လွှင့်

သြဂုတ် ၊ ၅
အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)မှစီစဥ်ဆောင်ရွက်ထားသည့်
အလုပ်သမားဥပဒေဝဘ်ဆိုက်(Labour Law Portal)တွင် အလုပ်သမားဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များအားစုစည်းတင်ထားပြီးဖြစ်၍ ဝင်ရောက်ဖတ်ရှု့လေ့လာနိုင်ကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။အဆိုပါ Website တွင်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနဆိုင်ရာဥပဒေများ၊ လူမှုဖူလုံရေးဆိုင်ရာဥပဒေများ၊ အလုပ်ရုံနှင့်အလုပ်သမားစစ်ဆေးရေးဆိုင်ရာဥပဒေများ၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနဆိုင်ရာဥပဒေများ၊ ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာနဆိုင်ရာဥပဒေများ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးဦးစီးဌာနဆိုင်ရာဥပဒေများကိုဝင်ရောက်ဖတ်ရှုလေ့လာနိုင် မည်ဖြစ်ပါသည်။
ဝင်ရောက်ဖတ်ရှု့လေ့လာရမည့် Labour Law Portal link မှာ https://laws.molmyanmar.org ဖြစ်ပါသည်။
-

ဆဲဗင်းဂျူလိုင် နှစ် ၆၀ ပြည့်အထိမ်းအမှတ်နေ့အတွက် ပြည်ထောင်စုဝန်ကြီးဦးနိုင်သုဝဏ္ဏမှပြောကြားသည့်မိန့်ခွန်း
“၁၉၆၂ စစ်အာဏာရှင်စနစ်ရဲ့ ပထမဆုံး ပန္နက်ရိုက်ခဲ့တဲ့ ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်နေ့ဟာ စစ်အာဏာရှင်စနစ် ခေါင်းတလားကို ပိတ်သိမ်းသင်္ဂြိုဟ်မယ့် ခေါင်းတလားသံချက် တချက်ဖြစ်ပါတယ်”ဆဲဗင်းဂျူလိုင် နှစ် ၆၀ ပြည့်အထိမ်းအမှတ်နေ့အတွက် အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ) ပြည်ထောင်စုဝန်ကြီး ဦးနိုင်သုဝဏ္ဏ ပြောကြားသည့်မိန့်ခွန်းအားပြန်လည်ဖော်ပြအပ်ပါသည်။ဆဲဗင်းဂျူလိုင် နှစ် ၆၀ ပြည့်အထိမ်းအမှတ်နေ့အတွက် ပြည်ထောင်စုဝန်ကြီးဦးနိုင်သုဝဏ္ဏမှပြောကြားသည့်မိန့်ခွန်းဇူလိုင် ၊ ၇ ရက် ၊ ၂၀၂၂ ခုနှစ်ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး မင်္ဂလာပါ ခင်ဗျာကျနော်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ) နိုင်သုဝဏ္ဏ ဖြစ်ပါတယ်။ဒီနေ့ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်း အပါအဝင် လွတ်လပ်ရေးကြိုးပမ်းမှုခေါင်းဆောင်များစွာကို မွေးထုတ် ပေးခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို စစ်အာဏာရှင်တို့က ဖြိုချဖျက်ဆီးခဲ့တဲ့ သမိုင်းဥဒါန်းချေသော မကျေတဲ့နေ့ဖြစ်ပါတယ်။၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်အုပ်စုရဲ့ သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦး ကို ဖြိုချခဲ့ခြင်းဟာ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး အားလုံးကိုပါ ဖြိုချခဲ့တဲ့ နေ့တစ်နေ့အဖြစ်လည်း မှတ်ယူနိုင်ပါတယ်။အလားတူ လွတ်လပ်ရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် ရှေ့တန်းအကျဆုံး ခံကတုတ်ဖြစ်တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးနှင့် ကျောင်းသား ရဲဘော်များ ဖြိုချခံရပြီး စစ်အာဏာရှင်စနစ်ကို စတင်အုတ်မြစ်ချခဲ့တဲ့ နေ့လည်း ဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတို့ခင်ဗျာ…..စစ်အာဏာရှင်စနစ်ရဲ့ တိုင်းပြည်နှင့် ပြည်သူကို စစ်ကျွန်ဘဝပို့ခဲ့တဲ့ ဗိုလ်နေဝင်းက ကျောင်းသား သမဂ္ဂအဆောက်အဦးကို ဖြိုချပြီးနောက် “ဒါးကိုဒါးချင်း လှံကိုလှံချင်း ဆိုင်ရန်သာရှိကြောင်း” ဆိုပြီး တနိုင်ငံလုံးကို စိန်ခေါ်ခဲ့ပါတယ်။စစ်အာဏာရှင်တို့ရဲ့ လက်နက်အားကိုးနဲ့ ပြည်သူကို ဗိုလ်ကျ အနိုင်ကျင့်၊ ဖိနှိပ် စိန်ခေါ်မှုကို အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ ပြည်သူတရပ်လုံးဟာ စဉ်ဆက် မပြတ် တွန်းလှန်ခုခံကာကွယ် ခဲ့ကြပါတယ်။၁၉၈၈ ခုနှစ်မှာ တနိုင်ငံလုံး ပြည်သူတရပ်လုံး စစ်အာဏာရှင်စနစ်ကို အုံကြွ တော်လှန်ကြတဲ့ ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါတယ်။ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လက်နက်မပါ လက်ဗလာနဲ့ ပြည်သူများကို စစ်အာဏာရှင်ကိုယ်စား ဗိုလ်နေဝင်းက “ စစ်တပ်ဆိုတာ ပစ်ရင် တည့်တည့်ပစ်တယ်။ မိုးပေါ်ထောင်မပစ်ဘူး” ဆိုပြီးတော့ စိန်ခေါ်ပစ်ခတ်ခဲ့ ပါတယ်။ လက်နက်မဲ့ ဆန္ဒပြပြည်သူ ထောင်သောင်းချီပြီး ဒီမိုကရေစီအရေးတော်ပုံအတွက် အသက် စွန့်လွှတ် ခဲ့ကြရပါတယ်။စစ်အာဏာရှင်တို့ရဲ့ စစ်အာဏာရှင်အစိုးရနဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ပြည်သူများ၊ ရဟန်းရှင်လူ ကျောင်းသားများဟာ ရတဲ့အခြေအနေနဲ့ ရသလို တရံမလပ် တော်လှန် ခဲ့ကြပါတယ်။ ၂၀၀၇ ခုနှစ်မှာ တကမ္ဘာလုံး အံ့အားသင့်ခဲ့ရတဲ့ ရွှေဝါရောင်သံဃာ့ အရေးတော်ပုံကြီးကို ရဟန်းရှင်လူ ပြည်သူများ အတူလက်တွဲပြီး ဆင်နွှဲခဲ့ကြပါတယ်။ပြည်သူအပေါင်းတို့ခင်ဗျာ…..စစ်အာဏာရှင်တို့ဟာ ၎င်းတို့အုပ်စိုးမှုကို ဆက်လက်ထိန်းသိမ်းရေး၊ ၎င်းတို့အာဏာ ဆုတ်ကိုင် ထားရေးတို့အတွက် ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်တပိုင်း ဒီမိုကရေစီစနစ် ကို ဟန်ပြကျင့်သုံးခဲ့ပါတယ်။ပြည်သူများခင်ဗျာ…..စစ်အာဏာရှင်တို့စိတ်ကြိုက် ဖန်တီးထားတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ နိုင်ငံရေး အခင်းအကျင်းထဲ မှာပဲ ပြည်သူတို့ဟာ ရွေးကောက်ပွဲအသီးသီးမှာ စစ်အုပ်စု၊ စစ်အာဏာ ရှင်စနစ် အခြေခံပါတီများ၊ စစ်အုပ်စု လက်ဝေခံပါတီများကို ပြတ်ပြတ်သားသား ဆန့်ကျင် ခဲ့ကြပါတယ်။ရွေးကောက်ပွဲတိုင်းမှာ ပြည်သူအပေါင်းတို့ဟာ ဒီမိုကရေစီအင်အားစုများကိုသာ အင်တိုက် အားတိုက် မဲပေးခဲ့ကြပြီး “ဥပဒေတွင်းတိုက်ပွဲ”ကို တနိုင်ငံလုံး ဆင်နွှဲပြီး စစ်အာဏာရှင်နဲ့ ၎င်းတို့ရဲ့ လက်ဝေခံများကို အနိုင်ယူခဲ့ကြပါတယ်။ပြည်သူအပေါင်းတို့ခင်ဗျာ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်တို့ရဲ့ ပါတီများနဲ့ လက်ဝေခံပါတီများကို ပြည်သူများက ပြင်းထန်စွာ ဒဏ်ခတ်ပြီး “ဥပဒေတွင်းတိုက်ပွဲ”နဲ့ အနိုင်ယူခဲ့ကြပါတယ်။စစ်အာဏာရှင်တို့ဟာ ပြည်သူတရပ်လုံးရဲ့ “ဥပဒေတွင်းတိုက်ပွဲ” တရားမျှတစွာ ဆင်နွှဲ အနိုင်ယူခဲ့တာကို ပစ်ပယ်ကာ ထပ်မံအာဏာသိမ်းခဲ့ပါတယ်။ပြည်သူတရပ်လုံးဟာ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြပြီး လူထုတိုက်ပွဲ၊ ဥပဒေတွင်းတိုက်ပွဲများနဲ့ ဆန့်ကျင်တော်လှန်ကြပါတယ်။စစ်အာဏာရှင်တို့ဟာ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူများကို ရက်စက်စွာ ဆန္ဒပြ နေတဲ့ ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းခဲ့ကြပါတယ်။ ၎င်းတို့ရဲ့ ရှေ့က စစ်အာဏာရှင်အဆက်ဆက် လက်နက်မဲ့ ပြည်သူများကို လက်နက်အားကိုးနဲ့ စိန်ခေါ်ခဲ့ သလို ယခု ၂၀၂၀ အာဏာသိမ်းစစ်တပ်ကလည်း ပြည်သူတို့ အပေါ်ကို “သေရဲ့တဲ့ကောင် ထွက်ခဲ့”ဆိုပြီး စိန်ခေါ်ခဲ့ပြန်ပါတယ်။ပြည်သူအပေါင်းတို့ခင်ဗျာယခုတခါ စစ်အုပ်စု၊ စစ်တပ်ရဲ့ လက်နက်မဲ့ ပြည်သူများကို လက်နက်အားကိုးနဲ့ “သေရဲတဲ့ကောင် ထွက်ခဲ့”ဆိုတဲ့ စိန်ခေါ်မှုကို ပြည်သူအပေါင်းက သည်းမခံနိုင်တော့ဘဲ စစ်အာဏာရှင်စနစ်နဲ့ ဖောက်ပြန် ပျက်စီးနေတဲ့ မြန်မာစစ်တပ်ကို အမြစ်ဖြုတ်ရှင်းထုတ်ဖို့ “လက်နက်ကိုင် တော်လှန်ရေး”ကို ရွေးချယ်ကာ စစ်တပ်ကို “ဒါးကိုဒါးချင်း လှံကိုလှံချင်း” ပြန်လည်တုံ့ပြန်အဖြေပေးလိုက်ပြီ ဖြစ်ပါတယ်။တော်လှန်ရေး တနှစ်တာကာလအတွင်းမှာ ပြည်သူတို့ရဲ့ တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ကို “ပစ်ရင် မိုးပေါ်ထောင်မပစ်ဘဲ တည့်တည့်မှန်အောင်” ပစ်ပြခဲ့ကြပါတယ်။ယခုအချိန်မှာ စစ်အာဏာရှင်တို့နဲ့ ဖောက်ပြန်ပျက်စီးသွားပြီဖြစ်တဲ့ ၎င်းတို့ရဲ့ စစ်တပ်၊ သေရဲတဲ့ ကောင်ထွက်ခဲ့ လို့ လက်နက်မဲ့ ပြည်သူတို့ကို စိန်ခေါ်ခဲ့တဲ့ စစ်တပ်ကို ပြည်သူ့တော်လှန်ရေးအဖွဲ့များရဲ့ “သေရဲတဲ့ မင်းတို့စစ်တပ်က ကောင်တွေထွက်ခဲ့” ဆိုတဲ့ တုံ့ပြန်မှုအောက်မှာ မကြာခင် ပြိုကျပျက်စီး မိုက်ဇာတ်သိမ်းသွားတော့မှာ ဖြစ်ပါတယ်။ပြည်သူအပေါင်းတို့ခင်ဗျာ၁၉၆၂ စစ်အာဏာရှင်စနစ်ရဲ့ ပထမဆုံး ပန္နက်ရိုက်ခဲ့တဲ့ ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်နေ့ဟာ စစ်အာဏာရှင်စနစ်ရဲ့ ပထမဆုံး ပန္နက်ရိုက်ခဲ့တဲ့ ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်နေ့ဟာ စစ်အာဏာရှင်စနစ် ခေါင်းတလားကို ပိတ်သိမ်းသင်္ဂြိုဟ်မယ့် ခေါင်းတလားသံချက် တချက်ဖြစ်ပါတယ်။ပြည်သူတရပ်လုံးကို လက်နက်အားကိုးနဲ့ ဖိနှိပ်အနိုင်ကျင့်ခဲ့တဲ့ ဖောက်ပြန်နေတဲ့ စစ်တပ်ကို အပြီးအပိုင် ရှင်းလင်းဖယ်ရှားလိုတဲ့ စိတ်ဓါတ်ဟာ ပိုမိုပြတ်သားလာပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က အပြီးအပိုင် သင်္ဂြိုဟ် မြေမြှုပ်ပစ်မယ့် အပြီးသတ်ခေါင်တလားသံချက်များကို အတူတကွ ရိုက်နှက်ကြရင်း….“အရေးတော်ပုံ အောင်ရမည်…..သမဂ္ဂစိတ်ဓါတ် မြှင့်တင်ကြ….”နိုင်သုဝဏ္ဏပြည်ထောင်စုဝန်ကြီးအလုပ်သမားဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ -

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်၊ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား)နှင့် တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေ
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီ၊ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်၊ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (ကိုရီးယား)တို့ တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး-
ဇွန်လ ၁၉၊ ၂၀၂၂ ခုနှစ်ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲ များကို မြန်မာကိုယ်စားလှယ်ရုံးတွင် ခန့်အပ်တာဝန်ပေးအပ်ထားသော အလုပ်သမားရေးရာ တာဝန်ခံ ကိုယ်စားလှယ်က ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အလုပ်သမား ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် အလုပ်သမားရေးရာ နစ်နာဆုံးရှုံးမှုများနှင့် အခွင့်အရေး ချိုးဖောက်ခံရမှုများ တိုင်ကြားရေးယန္တရားတွင် ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား များ တိုင်ကြားနိုင်ရေး၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူရေးနှင့် Overseas Employment Registration Card-OERC ထုတ်ပေးရေး လုပ်ငန်းစဉ်များ၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၉-၆-၂၀၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈:၃၀ နာရီတွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ကိုယ်စားလှယ်ရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ် ဦးမျိုးဟိန်းက အကူအညီတောင်း ခံလာသည့် အလုပ်သမားများအား ကာကွယ်စောင့်ရှောက်မှုပေးနေသည့် အခြေအနေများ၊ နွေဦးတော်လှန်ရေးတွင် ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ ပူးပေါင်းပါဝင်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြည်ပအလုပ် အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူရေး၊ OERC ကတ်ထုတ်ပေးရေး လုပ်ငန်းစဉ်များနှင့် ပူးပေါင်း ကူညီဆောင်ရွက်ပေးမည့် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာသူများက ပြန်လည်အကြံပြုတင်ပြခဲ့ပြီး ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
-

တိုင်ကြားရေးယန္တရားနှင့်ပတ်သက်၍ အသိပေးခြင်း

ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများအနေဖြင့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများ၊ နစ်နာမှုများ ရှိပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေးနှင့် တိုင်ကြားမှုယန္တရားတွင် တိုင်ကြားနိုင်ကြောင်း ၁၇-၄-၂၀၂၂ ရက်နေ့တွင် ကြေညာချက်အမှတ် (၅/၂၀၂၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဝင်ရောက်တိုင်ကြားနိုင်မည့် နည်းလမ်းများကို ရှင်းလင်းဖော်ပြပေးခဲ့ပြီး ဖြစ်ပါသည်။
ယခုအခါ ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများ အနေဖြင့် ယခု Facebook Page (တိုင်ကြားရေးယန္တရား – အလုပ်သမားဝန်ကြီးဌာန) သို့ ဝင်ရောက်၍လည်း တိုင်ကြားနိုင်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်။
လက်ခံရရှိသည့် တိုင်ကြားမှုများအနက် လတ်တလော ဖြေရှင်းပေးနိုင်သည့် နစ်နာမှု တိုင်းကြားချက်များကို ဖြေရှင်းပေးလျက်ရှိကြောင်းနှင့် ဖြေရှင်းဆောင်ရွက်ရန် အဆင်မပြေနိုင်သည့် တိုင်ကြားမှုများကို စနစ်တကျ မှတ်တမ်းထားရှိပြီး ပြည်သူ့အစိုးရ တာဝန်ယူချိန်တွင် အရေးယူ ဖြေရှင်းပေးသွားမည် ဖြစ်ပါသည်။
———————–
-

ကိုရီးယားသမ္မတနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနအချုပ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသော ဗီဇာမဲ့ မြန်မာနိုင်ငံသား သုံးဦးအား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ်က ပြန်လည်လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့
ဇွန်လ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂျွန်းမြို့တွင် နေထိုင်လုပ်ကိုင်နေသော ဗီဇာမဲ့ မြန်မာနိုင်ငံသား (၃)ဦးသည် တရားမ၀င်နေထိုင်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အတွက် ကူညီပေးပါရန် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား)မှတစ်ဆင့် မြန်မာကိုယ်စားလှယ်ရုံးထံ ဆက်သွယ်အကူအညီတောင်းခံလာခြင်းကြောင့် NUG မြန်မာကိုယ်စားလှယ်ရုံးရှိ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ် ဦးမျိုးဟိန်းသည် ၉-၆-၂၀၂၂ ရက်နေ့တွင် ဒယ်ဂျွန်း လ၀ကသို့ သွားရောက်၍ မြန်မာနိုင်ငံသားသုံးဦး ပြန်လည်လွတ်မြောက်ရေးအတွက် တာ၀န်ခံအရာရှိနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပါသည်။လက်ရှိအချိန်တွင် ဗီဇာမဲ့မြန်မာနိုင်ငံသားများအား အတင်းအကြပ် ဖမ်းဆီးထိန်းသိမ်းခြင်း၊ ပြန်ပို့ခြင်းမပြုလုပ်ရေး၊ အထောက်ထားခိုင်လုံမှုရှိပါက ဆက်လက်နေထိုင်လုပ်ကိုင်ခွင့်/ ခုံလှုံခွင့် လျှောက်ထားနိုင်ရေး အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပြီးနောက် အဆိုပါမြန်မာနိုင်ငံသား သုံးဦး ပြန်လည် လွှတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် အခက်အခဲ၊ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက NUG မြန်မာကိုယ်စားလှယ်ရုံး၊ အလုပ်သမားရေးရာ တာဝန်ခံ ကိုယ်စားလှယ် ဦးမျိုးဟိန်း (ဖုန်း 032-503-2022 (10AM~6PM/ FRI & SAT OFF) နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (ကိုရီးယား)ထံ ဆက်သွယ်အကူအညီတောင်းခံ နိုင်ပါကြောင်း အသိပေးအပ်ပါသည်။အလုပ်သမားဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ -

မေလနှင့်ဇွန်လလုပ်သားအခွင့်အရေးလှုပ်ရှားမှု(၄၈)နှစ်ပြည့် ပြည်ထောင်စုဝန်ကြီးမှဂုဏ်ပြုအမှာစကားပြောကြား
၁၉၇၄ မေလ နှင့်ဇွန်လ လုပ်သားအခွင့်အရေးလှုပ်ရှားမှု(၄၈)နှစ်ပြည့်မှာစစ်အာဏာရှင်ကိုအံတုတိုက်ပွဲဝင်ခဲ့ကြတဲ့ လုပ်သားရဲဘော်များအတွက်အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးမှဂုဏ်ပြုအမှာစကားပြောကြား
ဇွန် ၊ ၆ ရက်
(အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သုဝဏ္ဏ)
“မေလနှင့်ဇွန်လလုပ်သားလှုပ်ရှားမှုမှာလုပ်သားထုကလုပ်သားအခွင့်အရေးသာတောင်းဆိုခဲ့ကြပေမယ့်စစ်အာဏာရှင်တွေကတော့ကျည်ဆံပဲပေးခဲ့ကြတာဖြစ်ပါတယ်လုပ်သားတွေရဲ့အခွင့်အရေးလုပ်ငန်းခွင်လုံခြုံရေးတွေကစစ်အာဏာရှင်တွေရဲ့လက်အောက် မှာရဖို့မလွယ်လှပါဘူး ဒါကြောင့်ယခုအခါဒီမိုကရေစီ၊လူ့အခွင့်အရေး၊ဖက်ဒရယ်အရေးတို့အတွက်စစ်အာဏာရှင်တို့ကိုသွားလာတိုက်ခိုက်နေတဲ့တော်လှန်ရေးသမားများနဲ့ပူးပေါင်းပြီးစီးပွားရေး၊အခွင့်အရေးတိုက်ပွဲတွေကနေနိုင်ငံရေးတိုက်ပွဲတွေအထိဆင်နွဲကြဖို့သမိုင်းကတောင်းဆိုလာပြီဖြစ်ပါတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သုဝဏ္ဏ၏ ၁၉၇၄ ခုနှစ် လုပ်သားအခွင့်အရေးလှုပ်ရှားမှု ၄၈နှစ်ပြည့် အမှတ်တရဂုဏ်ပြုစကားမှကောက်နုတ်ချက်
-

ထိုင်းနိုင်ငံ ပါရှန်ပူရီခရိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အလုပ်သမား ၃ ဦး လုပ်ခလစာမရရှိသည့် အတွက် ဖြေရှင်းဆောင်ရွက်ပေး
ထိုင်းနိုင်ငံ ပါရှန်ပူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမား မရွှေဇင်လင်း ပါ (၃) ဦးသည် လုပ်ခလစာများမရရှိခြင်း၊ တရားဝင်အလုပ်ပိတ်ရက်များ ခံစားခွင့်မရရှိခြင်းနှင့် လုပ်ငန်းခွင် ဖိနှိပ်မှုရှိခြင်း စသည်အချက်များအား ၃.၅.၂၀၂၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ သို့ တိုင်ကြားလာပါသည်။
၄.၅.၂၀၂၂ ရက်နေ့တွင် အလုပ်သမား မရွှေဇင်လင်းပါ (၃) ဦးအား
ပါရှန်ပူရီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ ခေါ်ဆောင်သွားပြီး အလုပ်သမား နစ်နာမှုများနှင့် လုပ်ခလစာ အကျိုးခံစားခွင့် စုစုပေါင်း ၇၂၅၀၀ ဘတ် အား ရရှိနိုင်ရေး တိုင်ကြားခဲ့ပြီး အလုပ်သမားများအား လုံခြုံစိတ်ချသည့် အခြားလုပ်ငန်းခွင်သို့ ရွှေ့ပြောင်းခွင့်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
အလုပ်သမား၏ အခွင့်အရေးများရရှိအောင် ပူပေါင်းဆောင်ရွက်ပေးသည့် ထိုင်းနိုင်ငံ အလုပ်သမားဌာနမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ကူညီဆောင်ရွက်ပေးသည့် ကိုရဲမင်း ဦးဆောင်သော (AAC) အဖွဲ့အား ကျေးဇူးအထူးတင်ရှိပါသည်။ -

ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အထိမ်းအမှတ် အခမ်းအနား
၂၀၂၂ခုနှစ်၊ မေလ ၁ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ပြီး ပထမပိုင်းအနေဖြင့် မေဒေးနေ့ အခမ်းအနား နှင့် ဒုတိယပိုင်းအနေဖြင့် “တော်လှန်လုပ်သား နွေဦးအင်အား” ခေါင်းစဉ်ဖြင့် မေဒေးနေ့အထိမ်းအမှတ် စကားဝိုင်းတို့ကို စီစဉ်ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းတွင် ကမ္ဘာ့အလုပ်သမားနေ့၌ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ကျော်က မိမိတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးဖြစ်သည့် တစ်နေ့ အလုပ်ချိန် ၈ နာရီ သတ်မှတ်နိုင်အောင် ဖိနှိပ်မှုအမျိုးမျိုးကို ဆန့်ကျင်ပြီး ညီညွတ်စွာ တိုက်ပွဲဝင်တောင်းဆိုခဲ့တဲ့ နိုင်ငံတကာအလုပ်သမားထုကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အခမ်းအနားများကို နည်းလမ်းအသွယ်သွယ်ဖြင့် ကျင်းပကြပါတယ်
မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်ဆန့်ကျင် တိုက်ဖျက်ရေးအတွက် ခေတ်အဆက်ဆက် မှာ ပြည်သူအားလုံးနဲ့ အတူ ရှေ့တန်းမှ ဦးဆောင် တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုက်ပွဲဝင်နေတဲ့ ပြည်တွင်းပြည်ပရှိ အလုပ်သမားထုကြီးအား ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကိုတော်လှန်မှုများ၌ ကျဆုံးခဲ့သော အလုပ်သမားများနှင့် ဖမ်းဆီး ထောင်ချခံနေရသော အလုပ်သမားများ၏ သူရသတ္တိနှင့်စွန့်လွှတ်အနစ်နာခံမှုအား မော်ကွန်းတင်နိုင်ရန်အတွက်လည်းကောင်း ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါတယ်
အခမ်းအနားကို အောက်ပါ Facebook Page များမှ Live ထုတ်လွှင့်သွားမှာဖြစ်ကြောင်းအသိပေးကြေညာအပ်ပါတယ်
- National Unity Government (NUG),
- Ministry of Labour (NUG),
- Public Voice Television (PVTV),
- Radio NUG,
- Myanmar Labour News,
- Mizzima,
- D-Day Channel,
- Khit Thit Media,
- Delta News Agency,
- DVB TV News,
- Than Lwin Times
[pdf-embedder url=”https://assets-mol.nugmyanmar.org/images/2022/04/2022_MayDay_Flyer_Public.pdf”]




