Category: News / သတင်း

  • ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင်ကျင်းပသော ၂၈ ကြိမ်မြောက် IUF ညီလာခံတွင်ပြည်ထောင်စုဝန်ကြီးမှ မိန့်ခွန်းပြောကြားခဲ့

    ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဇွန်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိကျင်းပပြုလုပ်တဲ့ The International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Associations (IUF) ၏ ၅ နှစ် တစ်ကြိမ်ကျင်းပသော ၂၈ ကြိမ်မြောက် ညီလာခံတွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။

    ပြည်ထောင်စုဝန်ကြီးပြောကြားသည့်မိန့်ခွန်းအပြည့်အစုံမှာ

    (၂၀၂၃ခုနှစ်၊ ဇွန်လ ၁၃-၁၆)

    မင်္ဂလာပါခင်ဗျာ…

    ၁။  IUF ရဲ့ ၂၈ ကြိမ်မြောက် ညီလာခံကို တက်ရောက်လာတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက IUF အဖွဲ့ဝင်များ အားလုံးကို ကိုယ်ကျန်းမာ စိတ်ချမ်းသာစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သပါတယ်။

    ၂။   ကျွန်တော်ကတော့ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ ပြည်သူက ထောက်ခံ တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်‌ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ ဖြစ်ပါတယ်။

    ၃။  IUF ရဲ့  ၅ နှစ် တကြိမ် ကျင်းပတဲ့ ညီလာခံမှာ စကားပြောခွင့် ရတဲ့အတွက်  ဖိတ်ကြား ခဲ့တဲ့ အထွေထွေအတွင်းရေးမှူး Ms. Sue Longley နဲ့ အာရှ-ပစိဖိတ် အတွင်းရေမှူး Dr. Hidayat Greenfield တို့ အပါအဝင် IUF သမဂ္ဂဝင်များ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။

    ၄။  အားလုံးသိရှိပြီးဖြစ်တဲ့အတိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်ဟာ ဒီမိုကရေစီ နည်းလမ်းဖြင့် ပြည်သူရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးပြီး မတရား အာဏာသိမ်းဖို့ ကြိုးပမ်းချိန်က စလို့ အလုပ်သမားထု အပါအဝင် မြန်မာ ပြည်သူတရပ်လုံး စစ်အာဏာရှင် အဆုံးသတ်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက် နည်းလမ်း ပေါင်းစုံနဲ့ တော်လှန်နေပါတယ်။

    ၅။  ဒီတော်လှန်ရေးအောင်မြင်ဖို့ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်မှု မှသည် ပြည်သူ့ခုခံတွန်းလှန်စစ်ကို ဖော်ဆောင်ခဲ့ပြီး ယခုနှစ်တွင် တိုက်စစ်ကို ပြောင်း၍ စစ်အာဏာရှင်ကို တော်လှန်လျက် ရှိပါတယ်။ လက်ရှိတွင် NUG က လွတ်မြောက်နယ်မြေ တွေ ဖေါ်ဆောင်ထားနိုင်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

    ၆။  အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုပြီး ထိရောက်သော အကူအညီများပေးဖို့၊ စကစအပေါ် အသိအမှတ်မပြုဖို့နဲ့ စီးပွားရေးပိတ်ဆို့မှုများကို ထိရောက်စွာ ဆောင်ရွက်ဖို့၊ စကစက စီစဉ်မယ့် အတုအ‌ယောင် ရွေးကောက်ပွဲကို အသိအမှတ် မပြုဖို့ အရေးကြီးလို့ IUF ‌‌ဒေသဆိုင်ရာ ခေါင်းဆောင်များ အနေနဲ့ ဒီလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ မိမိတို့ အစိုးရတွေကို ဆက်လက်တွန်းအားပေး စေလိုပါတယ်။

    ၇။  အထူးသဖြင့် အရပ်သားပြည်သူတွေအပေါ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်စီးမှုတွေ ဆက်မလုပ်နိုင်ဖို့ စကစရဲ့ လေယာဉ်ဆီအပါအဝင်  စက်သုံးဆီ ရရှိနိုင်မယ့် နည်းလမ်းတွေကို ပိတ်ဆို့မှုမှာ အထူးအလေးထား ဆောင်ရွက်ပေးစေလို ပါတယ်။

    ၈။  အလုပ်သမားဝန်ကြီးဌာနအနေနဲ့  စိုးမိုးနယ်မြေတွေမှာရှိတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးဖို့ ကြိုးစားဆောင်ရွက်လျက် ရှိပြီး အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့အတူ မြန်မာပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေ ကာကွယ်နိုင်ဖို့ အတွက် NUG အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ILO မှာ NUG ကို အသိအမှတ်ပြုရေးကလည်း အရေးပါတဲ့အတွက် IUF အနေနဲ့ တတ်နိုင်သမျှ NUG နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်။

    ၉။  IUF Asia-Pacific  က မိမိတို့ ဝန်ကြီးဌာနကို ရုံးသုံးပစ္စည်းနဲ့ ဘဏ္ဍာငွေ ထောက်ပံ့ ကူညီမှု၊ MOL IR Officer ကို ၁၁၁ ကြိမ်မြောက် ILC မှာ ပါဝင် တက်ရောက်နိုင်ဘို့ လက်တွေ့ကျတဲ့ အကူအညီတွေ ပေးခဲ့ခြင်း အပေါ်မှာလည်း ကျေးဇူးတင်ပါတယ်။ 

    ၁၀။ AAPP မှတ်တမ်းများအရ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ခုနှစ်၊ ဇွန်လ ၉ ရက်နေ့အထိ စကစ၏ မတရားသတ်ဖြတ်ခံရသူ ၃၆၄၉ ဦး၊ ဖမ်းဆီးခံရသူ ၂၃,၂၉၉ ဦးရှိပြီး ၎င်းတို့အနက် ထောင်ချခံရသူ ၆၃၃၀ ဦးနဲ့ သေဒဏ် ချမှတ်ခံရသူ ၁၅၈ ဦးရှိနေပါတယ်။

    ၁၁။ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ မှ ၂၀၂၃ မေလအထိ စကစက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၈၁ ခု ပြုလုပ်ခဲ့ပြီး ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား ပြည်သူ ၁၀၅၉ ဦး ရက်စက်စွာ အသတ်ခံထားရပါတယ်။  ၄င်းအပြင် နိုင်ငံအနှံ့မှာ အရပ်သား ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်လျက်ရှိပြီး အိုးအိမ်အပါအဝင် ပြည်သူ့ပိုင်ဆိုင်မှုပေါင်း ၆ သောင်းကျော် မီးရှို့ဖျက်ဆီး ခံထားရပါတယ်။ ဤကာလအတွင်း နေရပ်စွန့်ခွါ ထွက်ပြေးနေသူ ၁.၄ သန်းခန့် တိုးလာပြီး ၂၀၂၃ ခုနှစ်မှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ  လိုအပ်နေသူ ၁.၇ သန်းကျော် အထိ ရှိလာနေပါတယ်။

    ၁၂။ မြန်မာနိုင်ငံရဲ့ လက်ရှိအကြပ်အတည်းကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းမှာ အကြမ်းဖက် စစ်တပ်ကို ဖြုတ်ချပြီး အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံမှာ ဒီမိုကရေစီ အမြန်ဆုံး ပြန်လည် ဖော်ဆောင်ရေးပဲ ဖြစ်ပါတယ်။

    ၁၃။ စစ်အာဏာရှင် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများအတွက်  မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက် ရှိကြောင်း ဒီ(၂၈)ကြိမ်မြောက် ညီလာခံမှာ ချမှတ်တဲ့ IUF ရဲ့  ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့အတူ ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းများကို ကြိုဆိုကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

    အားလုံးကို ကျေးဇူးတင်ပါတယ်။

  • မြန်မာကိုယ်စားလှယ်အဖွဲ့သည် U.S. Department of Labor နှင့် U.S. Department of State Office of International Labor Affairs တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

    လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် အလုပ်သမားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးအရာရှိ ဦးကျော်စိုးမိုး ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါ်ခိုင်ဇာအောင်တို့သည် U.S. Department of Labor, International Labor Affairs Bureau ၏ Deputy Undersecretary ဖြစ်သူ Thea Mei Lee နှင့် U.S. Department of State Office of International Labor Affairs ၏ special representative ဖြစ်သူ Kelly M. Fay Rodriguez အပါအဝင် အမေရိကန်အစိုးရအပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့် ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ တွေ့ဆုံခဲ့ကြသည်။
    ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိအလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများကို အရေးယူဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ International Labor Conference တွင် စစ်မှန်သော အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ကိုယ်စားပြုတက်ရောက်ပြီးအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ ထိရောက်သော လုပ်ဆောင်မှုများ ပေါ်ပေါက်နိုင်ရေး အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနှင့်ပါတ်သက်၍လုပ်ဆောင်နိုင်မည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

  • မြန်မာကိုယ်စားလှယ်အဖွဲ့သည် ITUC မှတာဝန်ရှိသူများနှင့် ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် တွေ့ဆုံ

    လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ အလုပ်သမားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးအရာရှိ ဦးကျော်စိုးမိုး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်တို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် International Trade Union Confederation (ITUC) ၏ ကမ္ဘာလုံးဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး Owen Tudor၊ ITUC အာရှပစိဖိတ်ဒေသဆိုင်ရာ အထွေထွေအတွင်းရေးမှူးShoya Yoshida တို့နှင့် ၁၃.၆.၂၀၂၃ ရက်နေ့ တွင် ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် တွေ့ဆုံခဲ့ပြီး အောက်ဖော်ပြပါအချက် (၃)ချက်ကိုဆွေးနွေးခဲ့ကြပါသည်။

    (၁)မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ ကျူးလွန်‌ေနေသည့် လွပ်လပ်စွာသင်းပင်းဖွဲ့စည်းမှု (Freedom of Association) နှင့် အဓမ္မစေခိုင်းမှုဆိုင်ရာ (Forced Labour) ချိုးဖောက်မှုများကို ILO ၏ Commission of inquiry မှ စုံစမ်းစစ်ဆေးနေမှုတွင် NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းစဉ်များ

    (၂) ILO အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများက NUG ကို မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြုမှု ရရှိစေရေး အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (MLA)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ်( ITUC ) နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရေး

    (၃) ပိုမိုထိရောက်မှုရှိသော စီးပွါးရေးပိတ်ဆို့မှုများ လုပ်ဆောင်သွားနိုင်ရေး အပါအဝင် အခြားအရေးယူဆောင်ရွက်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ သည်။

    ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရမြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM ကိုယ်စားလှယ်များသည်လုပ်ငန်းကဏ္ဍအလိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်သည့်အပြည်ပြည်ဆိုင်ရာ သစ်လုပ်ငန်း နှင့် ဆောက်လုပ်ရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWI) ၏ အထွေထွေအတွင်းရေးမှူး Ambet Yuson နှင့်အဖွဲ့၊ အပြည်ပြည်ဆိုင်ရာ စွမ်းအင် ၊ သတ္တုနှင့် ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (IndustriALL) လက်ထောက်အထွေထွေအတွင်းရေးမှူး Kemal Özkan နှင့်အဖွဲ့ တို့ကို ITUC ကိုယ်စားလှယ်အဖွဲ့ နှင့် အတူ ထပ်မံတွေ့ဆုံခဲ့ပါသည်။

    ထိုတွေ့ဆုံဆွေးနွေးမှုတွင် စွမ်းအင်ကဏ္ဍမှ ဝင်ငွေများ စစ်ကောင်စီထံသို့ စီးဝင်နေမှုကို ရပ်တန့်နိုင်ရေး၊ လေယာဉ်ဆီတင်ပို့ရောင်းချမှု ကို ပိတ်ပင်တားဆီးနိုင်ရေးအတွက် အာမခံကုမ္ပဏီများမှတဆင့် ကြိုးပမ်း ဆောင်ရွက်နိုင်ရေး နှင့် မြန်မာနိုင်ငံအတွင်း သို့ ငွေကြေး စီးဆင်းမှု ရပ်တန့်နိုင်ရေး အပါအဝင် စီးပွားရေး ပိတ်ဆို့အရေးယူ နိုင်ရေးအတွက် အလုပ်သမားသမဂ္ဂများက လုပ်ဆောင်နိုင်မည့်ကိစ္စ ရပ်များကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြပါသည်၊ ထို့ပြင် တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ ကို ဆွေးနွေးခဲ့ကြသည်။

    ၁၃.၆.၂၀၂၃ ခုနှစ်
    ဆွစ်ဇလန်နိုင်ငံ၊ဂျနီဗာမြို့

    #ITUC
    #switzerland
    #humanrights
    #NUG
    #SpringRevolution
    #Myanmar

  • ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပပြုလုပ်ခဲ့

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဦးစီး၍ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပပြုလုပ်ခဲ့

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် မေလ (၁)ရက်နေ့တွင် ကျရောက် သည့် ၁၃၃ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားကို ၁-၅-၂၀၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် ၁၃း၀၀ နာရီအတွင် Virtual (Zoom) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

    အခမ်းအနားတွင် နိုင်ငံတော် ယာယီသမ္မတကြီးက ပေးပို့သော ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) သဝဏ်လွှာကို အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်က ဖတ်ကြားခဲ့ပြီး အမျိုးသားညီညွတ် ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပအို့အမျိုးသားဖက်ဒရယ်ကောင်စီမှ ခွန်မြင့်ထွန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ အတွင်းရေးမှူး ဦးထွန်းမြင့်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ တို့က မေဒေးအမှတ်တရ အမှာစကားများ ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ မြန်မာ့နွေဦးတော်လှန်ရေး၏ အစသူရဲကောင်းများဖြစ်သော နိုင်ငံ့ဝန်ထမ်း (CDM များ)နှင့် ပုဂ္ဂလိက ဝန်ထမ်း လုပ်သားများ၏ ပါဝင်လှုပ်ရှားမှုများ မှတ်တမ်းရုပ်သံကို ပြသခဲ့ပြီး အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသော International Union of Food, Agriculture, Hotel, Restaurant, Catering, Tobacco and Allied Workers’ Association (IUF) မှ အထွေထွေအတွင်းရေးမှူးချုပ် Ms. Sue Longley၊ အလုပ်သမားထုနှင့် မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစု (MLA) ကိုယ်စား မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက် (AMTUN)၊ WE Generation Network နှင့် အခြေခံပညာရေးလုပ်သားများ သမဂ္ဂ (BEWU) မှ ဥပဒေအကြံပေး၊ တရားလွှတ်တော်ရှေ့နေ ဦးဌေး တို့က အမှာစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ဥက္ကဌ ဒေါ်မိုးစန္ဒာမြင့်က မြန်မာ အလုပ်သမားတပ်ပေါင်းစုက ပေးပို့သော မေဒေး သဝဏ်လွှာကို ဖတ်ကြားခြင်း၊ နိုင်ငံ့ဝန်ထမ်း CDM နှစ်ဦးက အမှတ်တရ စကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီက နိဂုံးချုပ် စကားပြောကြားကာ တက်ရောက်လာသူများက မြန်မာနိုင်ငံ အလုပ်သမားများ၏ ၂၀၂၃ ခုနှစ်၊ မေဒေးကြွေးကြော်သံဖြစ်သည့် “လုပ်သားထုရဲ့ သွေးစည်းသံ၊ တချီတည်းရုန်းပြီး အောင်ပွဲခံ” ကြွေးကြော်၍ အခမ်းအနားကို မြန်မာစံတော်ချိန် ၁၄း၃၀ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

  • ကမ္ဘာ့အလုပ်သမားနေ့ May Day ကျင်းပသွားမည်ဖြစ်ကြောင်းကြေညာခြင်း

    လာမည့် မေလ (၁) ရက်နေ့သည် ကမ္ဘာ့အလုပ်သမားနေ့ (May Day) ဖြစ်ပြီး အလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသော အလုပ်သမား သူရဲကောင်းများအား ဦးညွှတ်ဂုဏ်ပြုပါသည်။

    မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေသော ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများ ပြန်လည်ရရှိရေး၊ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး သန္နိဋ္ဌာန်ဖြင့် 2023 May Day နေ့တွင် “လုပ်သားထုရဲ့ သွေးစည်းသံ၊ တစ်ချီတည်း ရုန်းပြီး အောင်ပွဲခံ” “United Voice of Workers, Fight for Federal Future” ဟူသည့် ကြွေးကြော်သံ ဆောင်ပုဒ်ဖြင့် မေဒေးလှုပ်ရှားမှု (Campaign) များနှင့် May Day အထိမ်းအမှတ်အခမ်းအနားကို Virtual စနစ် (Zoom Platform) ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်တက်ရောက်မည်ဖြစ်ပြီး နိုင်ငံတော်ယာယီသမ္မတကြီးက ပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း၊ နိုင်ငံတကာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များမှ ခေါင်းဆောင်များ၊ မြန်မာအလုပ်သမားများတပ်ပေါင်းစုမှ ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများက May Day အထိမ်းအမှတ် အမှာစကားများ ပြောကြားခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။ အခမ်းအနား ကျင်းပမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူမှုကွန်ရက်စာမျက်နှာ (Facebook Page)၊ အလုပ်သမားဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ (Facebook Page)၊ PVTV၊ Radio NUG နှင့် အခြားမီဒီယာများမှ မေလ ၁ ရက်နေ့(တနင်္လာနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

    “လုပ်သားထုရဲ့ သွေးစည်းသံ၊ တစ်ချီတည်း ရုန်းပြီး အောင်ပွဲခံ”
    “United Voice of Workers, Fight for Federal Future”

  • World Day for Safety and Health at Work 2023

    A safe and healthy working environment is a fundamental principle and right at work.
  • World Day for Safety and Health at Work 2023

    A safe and healthy working environment is a fundamental principle and right at work.
  • ကမ္ဘာ့အလုပ်သမားနေ့ May Day လှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်ကြရန်နှိုးဆော်ခြင်း

    လာမည့် မေလ (၁)ရက်နေ့သည် ကမ္ဘာ့အလုပ်သမားနေ့ (May Day) ဖြစ်ပြီး အလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့ကြသော အလုပ်သမား သူရဲကောင်းများအား ဦးညွှတ်အလေးပြုပါသည်။

    မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က တရားမဝင် အာဏာလုယူပြီး တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအား နည်းမျိုးစုံဖြင့် အကြမ်းဖက် ဖိနှိပ်လျက်ရှိသည်။ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများလည်း အဆိုးရွားဆုံး ပျက်စီးပျောက်ဆုံးလျက်ရှိသည်။

    အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်း ရေး သန္နိဋ္ဌာန်ဖြင့် 2023 May Day နေ့တွင် “လုပ်သားထုရဲ့ သွေးစည်းသံ၊ တချီတည်း ရုန်းပြီး အောင်ပွဲခံ” “United Voice of Workers, Fight for Federal Future” ဟူသည့် ကြွေးကြော်သံ ဆောင်ပုဒ်ဖြင့် နွေဦးတော်လှန်ရေးနှင့် အလုပ်သမား အခွင့်အရေးတိုက်ပွဲ အရှိန်မြှင့်တင်ခြင်းကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် အလုပ်သမားသမဂ္ဂများ၊ မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

    ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (2023 May Day) တွင် မြန်မာအလုပ်သမားထု၏ ကြွေးကြော်သံပါ တီရှပ်အင်္ကျီများ ဝတ်ဆင်၍ May Day လှုပ်ရှားမှု (Campaign) တွင် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမား များ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုး ဆော်အပ်ပါ သည်။

    “လုပ်သားထုရဲ့ သွေးစည်းသံ၊ တချီတည်း ရုန်းပြီး အောင်ပွဲခံ”
    “United Voice of Workers, Fight for Federal Future”

    #UnitedVoiceofWorkersFightforFederalFuture
    #MayDayinMyanmar2023