Category: News / သတင်း

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဦးစီး၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်အဖွဲ့က ကျင်းပသည့် ၁၃၄ ကြိမ်မြောက်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်၍ သုံးပွင့်ဆိုင်အဖွဲ့သည် မေလ (၁) ရက်နေ့တွင် ကျရောက်သည့် ၁၃၄ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားကို ၁-၅-၂၀၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီအချိန်တွင် Virtual (Zoom) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

    အခမ်းအနားတွင် နိုင်ငံတော် ယာယီသမ္မတကြီးက ပေးပို့သော ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) သဝဏ်လွှာကို အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်က ဖတ်ကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC-MLA မှ ဦးမောင်မောင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတို့က မေဒေး အမှတ်တရ အမှာစကားများ ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ မြန်မာနိုင်ငံတွင် အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးများ ရရှိရေးအတွက်သာမက စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ နွေဦး တော်လှန်ရေးတွင် ပူးပေါင်းပါဝင်နေကြသော ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ်သမားများ၏ လှုပ်ရှားမှု ပုံရိပ် မှတ်တမ်းကို ပြသခဲ့ပြီး အထူးဧည့်သည်တော်များဖြစ်သည့် ASEAN Council of Trade Unions ဥက္ကဋ္ဌ ၊ အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး သမဂ္ဂအဖွဲ့ဖြစ်သည့် KSPSI ၏ ဥက္ကဋ္ဌ Brother Andi Gani နှင့် International Trade Union Confederation- Asia Pacific (ITUC-AP) မှ အထွေထွေအတွင်းရေးမှူး Mr. Shoya Yoshida တို့က ပေးပို့လာသော မေဒေးအမှတ်တရ နှုတ်ခွန်းဆက် အမှာစကား ရုပ်သံကို ပြသခဲ့ပါသည်။ ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ဖြစ်သည့် မြန်မာ့နွေဦး လုပ်ငန်းရှင် များ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှူဆောင် ဦးအယ်ကာကျော်က အလုပ်ရှင်များ ကိုယ်စားအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက် (AMTUN)၊ WE Generation Network နှင့် အခြေခံ ပညာရေးလုပ်သားများသမဂ္ဂ (BEWU)မှ ဥပဒေအကြံပေး၊ တရားလွှတ်တော်ရှေ့နေ ဦးဌေးက အလုပ်သမား ထုနှင့် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA) ကိုယ်စားအဖြစ်လည်းကောင်း အမှာစကားများ ပြောကြား ခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်း CDM တစ်ဦးက မေဒေးအမှတ်တရစကားပြောကြားခြင်း၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံရှိ ကိုယ်စားလှယ်များက ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကိုယ်စား မေဒေးအမှတ်တရ စကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို မြန်မာစံတော်ချိန် ၁၁:၅၀ နာရီတွင် ရုတ်သိမ်းခဲ့ ပါသည်။

  • ကမ္ဘာ့အလုပ်သမားနေ့ May Day အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်းကြေညာခြင်း

    လာမည့် မေလ (၁) ရက်နေ့သည် ကမ္ဘာ့အလုပ်သမားနေ့ (May Day) ဖြစ်ပြီး အလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသော အလုပ်သမား သူရဲကောင်းများအား ဦးညွှတ်ဂုဏ်ပြုပါသည်။

    မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေသော ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများ ပြန်လည်ရရှိရေး၊ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး သန္နိဋ္ဌာန်ဖြင့် 2024 May Day နေ့တွင် “ဖက်ဒရယ်ဒီမိုကရေစီမရှိဘဲအလုပ်သမားအခွင့်အရေးမရှိနိုင်”၊ “No Federal Democracy, No Labour Rights.”ဟူသည့် ကြွေးကြော်သံ ဆောင်ပုဒ်ဖြင့် မေဒေးလှုပ်ရှားမှု (Campaign) များနှင့် May Day အထိမ်းအမှတ်အခမ်းအနားကို Virtual စနစ် (Zoom Platform) ဖြင့် ကျင်းပပြု လုပ်သွားမည့် အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်တက်ရောက်မည်ဖြစ်ပြီး နိုင်ငံတော်ယာယီသမ္မတကြီးက ပေးပို့သောသဝဏ်လွှာ ဖတ် ကြားခြင်း၊ နိုင်ငံတကာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များမှ ခေါင်းဆောင်များ၊ မြန်မာအလုပ် သမားများတပ်ပေါင်းစုမှ ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများက May Day အထိမ်းအမှတ် အမှာစကားများ ပြောကြားခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။ အခမ်း အနား ကျင်းပမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူမှုကွန်ရက်စာမျက်နှာ (Facebook Page)၊ အလုပ်သမားဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ “ (Facebook Page)၊ PVTV၊ Radio NUG, Khit Thit, DVB, Mizzima, Voice of Spring, People’s Spring, D Lann, D Day, Thanlwin Time, Red Peacock”  စသည့်မီဒီယာများမှ မေလ ၁ ရက်နေ့(ဗုဒ္ဓဟူးနေ့)၊ မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

    “ဖက်ဒရယ်ဒီမိုကရေစီမရှိဘဲအလုပ်သမားအခွင့်အရေးမရှိနိုင်”၊ “No Federal Democracy, No Labour Rights.”

  • ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင် နောင်းလွန်တွင် အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၈) ဦး၏ လုပ်အားခများ ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့

    ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင် နောင်းလွန်တွင်ရှိသော ဖိုးလက်မောင်းဆိုက်တွင် အလုပ်လုပ်နေ သော မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၈) ဦး၏ လုပ်အားခများ ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ –

    ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင် နောင်းလွန်တွင်ရှိသော ဖိုးလက်မောင်းဆိုက်တွင် အလုပ်လုပ်နေ သော မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၈) ဦး၏ လုပ်အားခများကို လုပ်ငန်းပိုင်ရှင်သူဌေးမှ မရှင်းပေးသဖြင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရသောကြောင့် ကူညီဆောင်ရွက် ပေးပါရန် တင်ပြလာမှုအပေါ် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန နှင့်အတူ (WAG) မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့မှ (1.12.2023) ရက်နေ့တွင် ချွန်ပူလီခရိုင် ၊ဆာဝါဒီကန်ရုံးသို့ သွားရောက် တိုင်ကြားပေးခဲ့ပြီး (27.12.2023) ရက်နေ့တွင် လုပ်အားခများ ပြန်လည်ရရှိအောင် ဆောင်ရွက် ပေးခဲ့ပါသည်။

  • ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများ သတိထား ဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ချက်

    ၁။      ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် MoU စနစ်ဖြင့် ထိုင်းနိုင်ငံတွင်  ပြည်လည်ဝင်ရောက် လုပ်ကိုင်ရန်သော်လည်းကောင်း၊ အခြား အကြောင်းများကြောင့်သော် လည်းကောင်း မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၊ သက်ဆိုင်ရာ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ချုပ်ဆိုသည့်ရုံးများ၊ သက်ဆိုင်ရာနယ်စပ်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးများတွင် စစ်ကောင်စီ အနေဖြင့် အလုပ်သမားများ၏ အချက်အလက်များအား စိစစ်ခြင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ၏ ဝန်ကြီးဌာနများနှင့်သော်လည်းကောင်း၊ PDF တပ်ဖွဲ့ဝင်များနှင့်သော်လည်း ကောင်း ချိတ်ဆက်၍ ထောက်ပံ့လှူဒါန်းခြင်း ရှိ မရှိ၊ ထိုင်းနိုင်ငံအတွင်း နေထိုင်စဉ် ဆန္ဒပြပွဲ၊ သပိတ်မှောက်ပွဲများတွင် ပါဝင်လှုပ်ရှားမှု ရှိ မရှိ၊  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် တာဝန် ထမ်းဆောင်လျက်ရှိသော သံရုံးဝန်ထမ်းများနှင့် သော်လည်းကောင်း၊ အလုပ်သမား သံအရာရှိများနှင့်သော်လည်းကောင်း ပဋိပက္ခဖြစ်ပွားခဲ့မှု ရှိ မရှိ  တို့ကိုစစ်ဆေးခြင်း၊ အလုပ်သမားများ၏ ဖုန်းထဲရှိ ဓာတ်ပုံမှတ်တမ်းများအား စစ်ဆေးခြင်းနှင့် အလုပ်သမားများ အသုံးပြုလျက်ရှိသည့် Facebook  ကဲ့သို့သော Social media များအား စစ်ဆေးခြင်းများ ပြုလုပ်၍ ဖမ်းဆီးခြင်း၊ ငွေညစ်တောင်းခံခြင်းများ ရှိနေကြောင်း သိရှိရပါသည်။

    ၂။      ထို့အပြင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိစေရေး ကြိုးပမ်းအားထုတ်မှုအပေါ် တားဆီးရန် ရည်ရွယ်၍ သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လုပ်ငန်းစဉ်များ ဆောင်ရွက်ချိန်တွင်သော်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ  မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၌ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းများ ဆောင်ရွက်ရာတွင်သော်လည်းကောင်း  ယင်းရုံးများ၌ တာဝန်  ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့်  အထက်ပါနည်းလမ်းများ အသုံးပြု၍ အလုပ်သမားများ၏ ဒီမိုကရေစီ ရရှိရေး  လှုပ်ရှားမှုများအပေါ် ဖိနှိပ်ခြင်း၊ အပြစ်ရှာကာ ငွေကြေး တောင်းခံခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်ပရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားများထံမှ ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဝင်ငွေခွန်ပေးဆောင်ရန်နှင့် မိသားစုငွေ လွှဲပို့ရန် ဖိအားပေးဆောင်ရွက်လျက်ရှိသည်ကို ကြားသိရပါသည်။

    ၃။      သို့ဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများအနေဖြင့် မိမိနှင့်စပ်လျဉ်းသည့် အချက်အလက်များကို သေချာစွာ စုံစမ်းစိစစ်ပြီးမှသာ သတိကြီးစွာဖြင့် လုံခြုံရေးအထူးဂရုစိုက်ရန် အလေးထား တိုက်တွန်း နှိုးဆော်အပ်ပါသည်။

    ၄။      ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် မိမိတာဝန်ယူထားသည့် အလုပ်သမား များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင်သော်လည်းကောင်း၊ မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်ခွာရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်သော်လည်းကောင်း သတိထား ဆောင်ရွက်ရမည့်အချက်များကို အလုပ်သမားများ သိရှိနိုင်ရေး ကြိုတင်အသိပေး ဆောင်ရွက်သွားရန်နှင့် ထိုသို့ ဆောင်ရွက်ခြင်းမရှိဘဲ စစ်ကောင်စီဘက်တော်သားများနှင့် ပူးပေါင်း၍ အလုပ်သမားများ ထိခိုက်နစ်နာစေရန် ဆောင်ရွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိ ရပါက အမည်ပျက်စာရင်း  (Black List) ရေးသွင်း၍ ပြည်သူ့အစိုးရ အာဏာ ရရှိချိန်တွင် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပါသည်။

    အလုပ်သမားဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ

  • နွေဦးလုပ်သား ထောက်ပို့အဖွဲ့ဝင်ကတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် စစ်အာဏာ ရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး နွေဦး တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လျက်ရှိသော ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားနေသည့် ထောက်ပို့အင်အားစုများမှ အဖွဲ့ဝင်များအား နွေဦးလုပ်သား ထောက်ပို့အဖွဲ့ဝင် ကတ်များကို အောက်ပါရည်ရွယ်ချက်များနှင့် ထုတ်ပေးသွားမည်ဖြစ်သည်-

    –         မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု နွေဦးတော်လှန်ရေးတွင် ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်ရာ၌ စနစ်တကျရှိစေရန်နှင့် ပိုမိုကောင်းမွန်ထိရောက်သည့် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရန်၊

    –         တော်လှန်ရေးဘဏ္ဍာရန်ပုံငွေ ရှာဖွေရာတွင် ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် စည်းလုံး ညီညွတ်မှု၊ ယုံကြည်မှု ပိုမိုခိုင်မာအားကောင်းစေရန်၊

    –         အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေနှင့် CDM ထောက်ပံ့မှုအတွက် အထောက်အကူဖြစ်စေရန်၊

    –         နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိသည့် ဒီမိုကရေစီဘက် တော်သား တော်လှန်ရေးသူရဲကောင်းများအတွက် သမိုင်းမှတ်တမ်းအထောက်အ ထားတစ်ရပ်အဖြစ် ရရှိစေရန်နှင့် လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင် ရန်၊

    –         အစိုးရနှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊

    –         စစ်အာဏာရှင်စနစ် အမြန်ဆုံးအမြစ်ပြတ်ချေမှုန်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် အထောက်အကူဖြစ်စေရန်။

    သို့ဖြစ်၍ ပူးပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းများအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ email: oe@mol.nugmyanmar.org ဆက်သွယ်နိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

    မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အမြန်ဖြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောင်ရေးတွင် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းအပ်ပါသည်။

    အလုပ်သမားဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ

  • Threads Account အားစတင်ဖွင့်လှစ်

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ Threads Account အား စတင်ဖွင့်လှစ်ပြီးဖြစ်ကြောင်း အသိပေးကြေညာခြင်း

    Threads Account ကို အောက်ဖော်ပြပါ Link အားနှိပ်၍ Follow ပြုလုပ်ထားနိုင်ပါသည်။

    https://threads.net/MoLNUGMyanmar

  • IUF ၏ ညီလာခံတွင်ပြည်ထောင်စုဝန်ကြီးမှ ILO တွင် NUG ကိုအသိအမှတ်ပြုရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆို

    IUF ၏ (၅) နှစ် တကြိမ် ကျင်းပသည့် ညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ မိန့်ခွန်းပြောကြားခဲ့ပြီး ILO တွင် NUG ကို အသိအမှတ်ပြုရေး တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆို

    ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ဇွန်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၅ နှစ် တကြိမ် ကျင်းပပြုလုပ်သော The International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Associations (IUF) ၏ ၂၈ ကြိမ်မြောက် ညီလာခံတွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ မိန့်ခွန်းပြောကြားခဲ့သည်။

    ပြည်ထောင်စုဝန်ကြီး ကမြန်မာပြည်သူများ၏ အခြေခံလူ့အခွင့်အရေး ကာကွယ်နိုင်ရန် အတွက် NUG အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ အထူးသဖြင့် ILO တွင် NUG ကို အသိအမှတ်ပြုရေးကို IUF အနေဖြင့် တတ်နိုင်သမျှ NUG နှင့် ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း စသည့် အချက်များကို ထည့်သွင်းပြောကြားခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုပြီး ထိရောက်သော အကူအညီများပေးရန်၊ စကစကို အသိအမှတ်မပြုရန်နှင့် စီးပွားရေးပိတ်ဆို့မှု များကို ထိရောက်စွာ ဆောင်ရွက်ရန်၊ စကစက စီစဉ်နေသည့် အတုအ‌ယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် စသည့် အချက်များကို IUF ‌‌ဒေသဆိုင်ရာ ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ အစိုးရများကို ဆက်လက်တွန်းအားပေးရန်နှင့် အရပ်သားပြည်သူများအပေါ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်စီးမှုများ ဆက်မလုပ်နိုင်ရန်အတွက် စကစ၏ လေယာဉ်ဆီအပါအဝင် စက်သုံးဆီ ရရှိနိုင်မည့် နည်းလမ်း များကို ပိတ်ဆို့မှုတွင် အထူးအလေးထား ဆောင်ရွက်ပေးစေလိုကြောင်း၊ ယခုကျင်းပသည့် (၂၈)ကြိမ်မြောက် ညီလာခံတွင် ချမှတ်သည့် IUF ၏ ခိုင်မာသည့် သန္နိဋ္ဌာန်နှင့်အတူ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ကြိုဆိုကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ထည်သွင်းပြောဆိုခဲ့သည်။

    IUF ၏ ၅ နှစ် တကြိမ် ကျင်းပသည့် ညီလာခံသို့ အထွေထွေအတွင်းရေးမှူး Ms. Sue Longley နှင့် အာရှ-ပစိဖိတ် အတွင်းရေမှူး Dr. Hidayat Greenfield တို့ အပါအဝင် IUF သမဂ္ဂအဖွဲ့ဝင်များမှ ဖိတ်ကြားခဲ့မှုအရ အမျိုသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အနေဖြင့် ယခုလို online ဖြင့် ပါဝင်တက်ရောက်မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။