Blog
-
မြန်မာကိုယ်စားလှယ်အဖွဲ့သည် U.S. Department of Labor နှင့် U.S. Department of State Office of International Labor Affairs တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် အလုပ်သမားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးအရာရှိ ဦးကျော်စိုးမိုး ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါ်ခိုင်ဇာအောင်တို့သည် U.S. Department of Labor, International Labor Affairs Bureau ၏ Deputy Undersecretary ဖြစ်သူ Thea Mei Lee နှင့် U.S. Department of State Office of International Labor Affairs ၏ special representative ဖြစ်သူ Kelly M. Fay Rodriguez အပါအဝင် အမေရိကန်အစိုးရအပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့် ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ တွေ့ဆုံခဲ့ကြသည်။ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိအလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများကို အရေးယူဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ International Labor Conference တွင် စစ်မှန်သော အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ကိုယ်စားပြုတက်ရောက်ပြီးအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ ထိရောက်သော လုပ်ဆောင်မှုများ ပေါ်ပေါက်နိုင်ရေး အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနှင့်ပါတ်သက်၍လုပ်ဆောင်နိုင်မည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ -
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ITUC မှတာဝန်ရှိသူများနှင့် ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ အလုပ်သမားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးအရာရှိ ဦးကျော်စိုးမိုး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်တို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် International Trade Union Confederation (ITUC) ၏ ကမ္ဘာလုံးဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး Owen Tudor၊ ITUC အာရှပစိဖိတ်ဒေသဆိုင်ရာ အထွေထွေအတွင်းရေးမှူးShoya Yoshida တို့နှင့် ၁၃.၆.၂၀၂၃ ရက်နေ့ တွင် ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် တွေ့ဆုံခဲ့ပြီး အောက်ဖော်ပြပါအချက် (၃)ချက်ကိုဆွေးနွေးခဲ့ကြပါသည်။
(၁)မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ ကျူးလွန်ေနေသည့် လွပ်လပ်စွာသင်းပင်းဖွဲ့စည်းမှု (Freedom of Association) နှင့် အဓမ္မစေခိုင်းမှုဆိုင်ရာ (Forced Labour) ချိုးဖောက်မှုများကို ILO ၏ Commission of inquiry မှ စုံစမ်းစစ်ဆေးနေမှုတွင် NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းစဉ်များ
(၂) ILO အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများက NUG ကို မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြုမှု ရရှိစေရေး အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (MLA)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ်( ITUC ) နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရေး
(၃) ပိုမိုထိရောက်မှုရှိသော စီးပွါးရေးပိတ်ဆို့မှုများ လုပ်ဆောင်သွားနိုင်ရေး အပါအဝင် အခြားအရေးယူဆောင်ရွက်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ သည်။
ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရမြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM ကိုယ်စားလှယ်များသည်လုပ်ငန်းကဏ္ဍအလိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်သည့်အပြည်ပြည်ဆိုင်ရာ သစ်လုပ်ငန်း နှင့် ဆောက်လုပ်ရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWI) ၏ အထွေထွေအတွင်းရေးမှူး Ambet Yuson နှင့်အဖွဲ့၊ အပြည်ပြည်ဆိုင်ရာ စွမ်းအင် ၊ သတ္တုနှင့် ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (IndustriALL) လက်ထောက်အထွေထွေအတွင်းရေးမှူး Kemal Özkan နှင့်အဖွဲ့ တို့ကို ITUC ကိုယ်စားလှယ်အဖွဲ့ နှင့် အတူ ထပ်မံတွေ့ဆုံခဲ့ပါသည်။
ထိုတွေ့ဆုံဆွေးနွေးမှုတွင် စွမ်းအင်ကဏ္ဍမှ ဝင်ငွေများ စစ်ကောင်စီထံသို့ စီးဝင်နေမှုကို ရပ်တန့်နိုင်ရေး၊ လေယာဉ်ဆီတင်ပို့ရောင်းချမှု ကို ပိတ်ပင်တားဆီးနိုင်ရေးအတွက် အာမခံကုမ္ပဏီများမှတဆင့် ကြိုးပမ်း ဆောင်ရွက်နိုင်ရေး နှင့် မြန်မာနိုင်ငံအတွင်း သို့ ငွေကြေး စီးဆင်းမှု ရပ်တန့်နိုင်ရေး အပါအဝင် စီးပွားရေး ပိတ်ဆို့အရေးယူ နိုင်ရေးအတွက် အလုပ်သမားသမဂ္ဂများက လုပ်ဆောင်နိုင်မည့်ကိစ္စ ရပ်များကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြပါသည်၊ ထို့ပြင် တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ ကို ဆွေးနွေးခဲ့ကြသည်။
၁၃.၆.၂၀၂၃ ခုနှစ်
ဆွစ်ဇလန်နိုင်ငံ၊ဂျနီဗာမြို့#ITUC
#switzerland
#humanrights
#NUG
#SpringRevolution
#Myanmar -
ပြည်ထောင်စုဝန်ကြီးမှ ကမ္ဘာ့အလုပ်သမားနေ့တွင် ပြောကြားသည့်မိန့်ခွန်း

၂ဝ၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပြောကြားသည့်မိန့်ခွန်း
၁။ ဒီနေ့အခမ်းအနားကို တက်ရောက်လာတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ဝန်ကြီးဌာန အသီးသီးမှ ပြည်ထောင်စု ဝန်ကြီးများနဲ့ ဒုတိယဝန်ကြီးများ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်များမှ ခေါင်းဆောင်များ၊ မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုမှ အလုပ်သမားကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့် ပြည်တွင်း၊ ပြည်ပမှ အလုပ်သမားများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်…..
၂။ ခေတ်အဆက်ဆက် အလုပ်သမားအခွင့်အရေးများ ရရှိအောင် စွန့်လွှတ်တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံတကာမှ အလုပ်သမားများ၊ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် အဆက်ဆက်ကို တော်လှန်မှုမှာ ရှေ့တန်းက ပါဝင်ခဲ့၊ ပါဝင်နေဆဲ ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားထုကို ဂုဏ်ပြုသောအားဖြင့် ဒီနေ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမား ဝန်ကြီးဌာနက ဦးဆောင်ကျင်းပခြင်းဖြစ်ပါတယ်။
၃။ မြန်မာအလုပ်သမားများဟာ စစ်အာဏာရှင် အမြစ်ဖြတ်ဖြုတ်ချရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်ရေး နွေဦးတော်လှန်ရေးမှာ အလုပ်သမားအခွင့်အရေးထက် တိုင်းပြည်ချောက်ထဲကျမယ့် အခြေအနေကို ဆွဲတင်ဖို့ နိုင်ရာနည်းလမ်းများနဲ့ တော်လှန်ရေး အင်အားစုအားလုံးနဲ့ ညီညွတ်စွာ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ ဒီညီညွတ်မှု ဖြင့်သာ တော်လှန်ရေးအောင်ပွဲကို အရယူနိုင်မှာဖြစ်လို့ ဒီနှစ်ရဲ့ ကမ္ဘာ့အလုပ်သမားနေ့ ဆောင်ပုဒ်ကို “လုပ်သားထုရဲ့ သွေးစည်းသံ တချီတည်းရုန်းပြီး အောင်ပွဲခံ” “United Voice of Workers, Fight for Federal Future” လို့သတ်မှတ်ထားပါသည်။
၄။ မိမိတို့အလုပ်သမားဝန်ကြီးဌာနဟာ အလုပ်သမားထုကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုနဲ့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တွင် စစ်ကောင်စီကို အသိအမှတ်မပြုရေး၊ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို တင်ပြပြီး အကြမ်းဖက်စစ်တပ်ကို ထိရောက်စွာ အရေးယူနိုင်ရေး၊ ပြည်တွင်းမြေပြင်သပိတ်နှင့် စစ်အာအာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်နေပါတယ်။
၅။ ဒါ့အပြင် စစ်ကောင်စီ၏ ပြည်သူများအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကို လက်တွေ့ကျကျ ဟန့်တားနိုင်ရေးအတွက် လေယာဉ်ဆီ၊ စက်သုံးဆီနှင့် လက်နက်ဝယ်ယူမှုတွင် မဖြစ်မနေ အသုံးပြုရမည့် နိုင်ငံခြားဝင်ငွေရရှိမှု ဖြတ်တောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပါတယ်။ မကြာမီ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုနှင့် ပူးပေါင်း၍ စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေရရှိမှု လမ်းကြောင်းကို ဖြတ်တောက်မည့် လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်သွားဖို့ ရှိပါတယ်။
၆။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် တော်လှန်အလုပ်သမားများအား လိုအပ်သော အကူအညီပေးခြင်း၊ စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး နေပါတယ်။ တော်လှန်ရေးကာလ ပြည်တွင်း၊ ပြည်ပအလုပ်သမားအခွင့်အရေး ချိုးဖောက်မှု များကို တိုင်ကြားမှုယန္တရား တစ်ခုတည်ထောင်၍ အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့များနှင့် ပူးပေါင်းပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်းပေးခြင်း၊ ပြည်သူ့အစိုးရ တက်လာချိန်တွင် အရေးယူနိုင်ရေး မှတ်တမ်းထားခြင်း၊ ပြည်သူ့ဝန်ထမ်း စီဒီအမ်များနှင့် အလုပ်သမားများအား ကူညီထောက်ပံ့ခြင်း၊ သက်မွေးပညာသင်တန်းနှင့် စွမ်းရည်မြှင့် သင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။
၇။ ကြားကာလတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ အလုပ်အကိုင်ဖန်တီးရေး နှင့် ဝင်ငွေရရှိတိုးပွားရေး လုပ်ငန်းများကို ပူးပေါင်းအကောင်အထည်ဖော်နေပြီး ပြန်လည် တည်ဆောက်ရေးကာလအတွက် ရည်ရွယ်၍ အလုပ်သမားရေးရာ ဥပဒေမူဘောင် နှင့် လုပ်သားထုစွမ်းရည် မြှင့်တင်ရေးမူဘောင်ကို ရေးဆွဲလျက် ရှိပါတယ်။ ပြည်ပရောက်မြန်မာ ရွှေ့ပြောင်း အလုပ်သမားထုနဲ့ ပူးပေါင်းပြီး ပြည်သူ့ခုခံတော်လှန်စစ်ကို တိုက်ရိုက် အထောက်အကူ ဖြစ်စေမယ့် လုပ်ငန်းများကိုလည်း ဆက်လက် အကောင်အထည် ဖေါ်သွားဖို့ ရှိပါတယ်။
၈။ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံမှာ အလုပ်သမားများရဲ့ အခြေခံအခွင့်အရေး တွေကို အကာအကွယ်ပေးမယ့် ဥပဒေမူဘောင်နဲ့ လုပ်ထုံးလုပ်နည်းများ ပါဝင်အောင်လည်း ဆောင်ရွက်လျက် ရှိပါတယ်။
၉။ မြန်မာပြည်သူတစ်ရပ်လုံး လူ့အခွင့်အရေး ချိုးဖောက်ခံနေရချိန်မှာ ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားထုအပေါ်မှာလည်း အခြေခံအလုပ်သမား အခွင့်အရေးချိုးဖောက်မှုခံရမှု များစွာ ရှိနေပါတယ်။ အကြမ်းဖက်စစ်တပ်နဲ့ တိုင်းပြည်ကို အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ချိန်ကစလို့ နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျနေပြီး ပြည်သူတစ်ရပ်လုံး လူမှုစီးပွါး ဒုက္ခပေါင်းစုံ ခံစားနေရတဲ့ အခြေအနေဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူများကို ဖိနှိပ်မှု ပိုမိုကြမ်းကြုတ်လာပြီး ဧပြီလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်မှုမှာ အရပ်သား ၁၇၀ နီးပါးသေဆုံးခဲ့ပြီး ကလေးငယ် ၄၀ ကျော်ပါဝင်ခဲ့ပါတယ်။ ဆေးရုံ၊ ဆေးခန်းများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများလည်း ပိုမိုပြုလုပ် လာပါတယ်။
၁၀။ ဒီလိုလွန်စွာခက်ခဲကြပ်တည်းတဲ့ အခြေအနေမှာ တော်လှန်မြန်မာအလုပ်သမားများနဲ့ အတူ ဓမ္မဘက်က ရပ်တည်ပြီး ပူးပေါင်းကူညီနေတဲ့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂများနဲ့ အဖွဲ့ဝင်အလုပ်သမားများကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ Global Unions တွေရဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ ရပ်တည်ကြောင်းနှင့် နိုင်ငံ ဒီမိုကရေစီ ပြန်လည်ထူထောင်မှုမှာ အတူရှိမည်ဆိုသော ကတိကဝတ်ပြုမှုက မိမိတို့ကို အားတက် စေပါတယ်။ လက်တွေ့ကျပြီး ထိရောက်တဲ့ အကူအညီများ ဆက်လက်ထောက်ပံ့ပေးဖို့ လိုပါတယ်။
၁၁။ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နဲ့ ရွှေ့ပြောင်း သွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) တို့ နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ဖို့ လိုပါတယ်။ စစ်တပ်၏ နိုင်ငံရေးမှာ ပါဝင် စွက်ဖက်မှုကို အဆုံးသတ်ခြင်းကသာ ပြဿနာတစ်ခုလုံးကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတာ နိုင်ငံတကာအစိုးရတွေ သိရှိနားလည်ပြီး ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော မိမိတို့ အမျိုးသားညီညွတ်ရေး အစိုးရကို အသိအမှတ်ပြု ပူးပေါင်း ဆောင်ရွက်ရန် အရေးကြီးပါတယ်။
၁၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို အမှန်တကယ် အကာအကွယ်ပေးမယ့် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ဖို့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖြုတ်ချရေးမှာ တော်လှန်ရေးမှာ ပါဝင်နေတဲ့ အင်အားစုအားလုံး ညီညွတ်စွာ လက်တွဲပြီး အစွမ်းကုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
အရေးတော်ပုံမုချအောင်ရမည်။
နိုင်သုဝဏ္ဏ
ပြည်ထောင်စုဝန်ကြီး
အမျိုးသားညီညွတ်ရေးအစိုးရ

ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပပြုလုပ်ခဲ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဦးစီး၍ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပပြုလုပ်ခဲ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် မေလ (၁)ရက်နေ့တွင် ကျရောက် သည့် ၁၃၃ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားကို ၁-၅-၂၀၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် ၁၃း၀၀ နာရီအတွင် Virtual (Zoom) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် နိုင်ငံတော် ယာယီသမ္မတကြီးက ပေးပို့သော ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) သဝဏ်လွှာကို အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်က ဖတ်ကြားခဲ့ပြီး အမျိုးသားညီညွတ် ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပအို့အမျိုးသားဖက်ဒရယ်ကောင်စီမှ ခွန်မြင့်ထွန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ အတွင်းရေးမှူး ဦးထွန်းမြင့်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ တို့က မေဒေးအမှတ်တရ အမှာစကားများ ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာ့နွေဦးတော်လှန်ရေး၏ အစသူရဲကောင်းများဖြစ်သော နိုင်ငံ့ဝန်ထမ်း (CDM များ)နှင့် ပုဂ္ဂလိက ဝန်ထမ်း လုပ်သားများ၏ ပါဝင်လှုပ်ရှားမှုများ မှတ်တမ်းရုပ်သံကို ပြသခဲ့ပြီး အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသော International Union of Food, Agriculture, Hotel, Restaurant, Catering, Tobacco and Allied Workers’ Association (IUF) မှ အထွေထွေအတွင်းရေးမှူးချုပ် Ms. Sue Longley၊ အလုပ်သမားထုနှင့် မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစု (MLA) ကိုယ်စား မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက် (AMTUN)၊ WE Generation Network နှင့် အခြေခံပညာရေးလုပ်သားများ သမဂ္ဂ (BEWU) မှ ဥပဒေအကြံပေး၊ တရားလွှတ်တော်ရှေ့နေ ဦးဌေး တို့က အမှာစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ဥက္ကဌ ဒေါ်မိုးစန္ဒာမြင့်က မြန်မာ အလုပ်သမားတပ်ပေါင်းစုက ပေးပို့သော မေဒေး သဝဏ်လွှာကို ဖတ်ကြားခြင်း၊ နိုင်ငံ့ဝန်ထမ်း CDM နှစ်ဦးက အမှတ်တရ စကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီက နိဂုံးချုပ် စကားပြောကြားကာ တက်ရောက်လာသူများက မြန်မာနိုင်ငံ အလုပ်သမားများ၏ ၂၀၂၃ ခုနှစ်၊ မေဒေးကြွေးကြော်သံဖြစ်သည့် “လုပ်သားထုရဲ့ သွေးစည်းသံ၊ တချီတည်းရုန်းပြီး အောင်ပွဲခံ” ကြွေးကြော်၍ အခမ်းအနားကို မြန်မာစံတော်ချိန် ၁၄း၃၀ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
-
ကမ္ဘာ့အလုပ်သမားနေ့ May Day ကျင်းပသွားမည်ဖြစ်ကြောင်းကြေညာခြင်း
လာမည့် မေလ (၁) ရက်နေ့သည် ကမ္ဘာ့အလုပ်သမားနေ့ (May Day) ဖြစ်ပြီး အလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသော အလုပ်သမား သူရဲကောင်းများအား ဦးညွှတ်ဂုဏ်ပြုပါသည်။
မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေသော ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများ ပြန်လည်ရရှိရေး၊ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး သန္နိဋ္ဌာန်ဖြင့် 2023 May Day နေ့တွင် “လုပ်သားထုရဲ့ သွေးစည်းသံ၊ တစ်ချီတည်း ရုန်းပြီး အောင်ပွဲခံ” “United Voice of Workers, Fight for Federal Future” ဟူသည့် ကြွေးကြော်သံ ဆောင်ပုဒ်ဖြင့် မေဒေးလှုပ်ရှားမှု (Campaign) များနှင့် May Day အထိမ်းအမှတ်အခမ်းအနားကို Virtual စနစ် (Zoom Platform) ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်တက်ရောက်မည်ဖြစ်ပြီး နိုင်ငံတော်ယာယီသမ္မတကြီးက ပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း၊ နိုင်ငံတကာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များမှ ခေါင်းဆောင်များ၊ မြန်မာအလုပ်သမားများတပ်ပေါင်းစုမှ ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများက May Day အထိမ်းအမှတ် အမှာစကားများ ပြောကြားခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။ အခမ်းအနား ကျင်းပမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူမှုကွန်ရက်စာမျက်နှာ (Facebook Page)၊ အလုပ်သမားဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ (Facebook Page)၊ PVTV၊ Radio NUG နှင့် အခြားမီဒီယာများမှ မေလ ၁ ရက်နေ့(တနင်္လာနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
“လုပ်သားထုရဲ့ သွေးစည်းသံ၊ တစ်ချီတည်း ရုန်းပြီး အောင်ပွဲခံ”
“United Voice of Workers, Fight for Federal Future” -

ကြေညာချက်အမှတ် (၂/၂၀၂၃) အမည်ပျက်စာရင်း ကြေညာခြင်း
ကြေညာချက်အမှတ် (၂/၂၀၂၃)
၁၃၈၅ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်
(၂၀၂၃ ခုနှစ်၊ ဧပြီ လ ၂၃ ရက်နေ့)
အမည်ပျက်စာရင်း ကြေညာခြင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံ့ဝန်ထမ်း များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် မထမ်းဆောင်ဘဲ ဓမ္မဘက်မှရပ်တည်၍ ပြည်သူနှင့်တသားတည်း ဖြစ်စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြစေရန် အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်ပါသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင် ခဲ့ကြသည့် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေး နှင့် ဖိအားကင်းစင်ရေး တို့အတွက် အလေးထားဆောင်ရွက်လျက် ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် ဥပဒေနှင့်အညီပြန်ဆပ်ရန်မလိုတော့သည့် လစာ ချေးငွေများအား အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်းများစသည့် အမျိုးမျိုးသော ဖိနှိပ်မှုများကို ကျူးလွန်နေသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ အောက်ဖေါ်ပြပါ ဝန်ထမ်းများအား အမည်ပျက်စာရင်းသွင်း လိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် (Dismiss) လိုက်သည်။
စဉ် အမည် ရာထူး တာဝန်ထမ်းဆောင်သည့် ရုံး/ဌာန/ နေရာ ၁ ဦးတင့်လွင် အထွေထွေမန်နေဂျာ(မြို့ပြ) မြို့ပြအင်ဂျင်နီယာဌာန/ ရုံးချုပ် (နေပြည်တော်) ၂ ဦးဝင်းမင်းဦး ဒု-အထွေထွေမန်နေဂျာ(မြို့ပြ) မြို့ပြအင်ဂျင်နီယာဌာန/ ရုံးချုပ် (နေပြည်တော်) ၃ ဦးမင်းချမ်းမွန် ဒု-အထွေထွေမန်နေဂျာ (မြို့ပြ) မြို့ပြအင်ဂျင်နီယာဌာန/ ရုံးချုပ် (နေပြည်တော်) ၄ ဦးသက်ဆွေမြင့် အင်ဂျင်နီယာမှူး(မြို့ပြ) မြို့ပြအင်ဂျင်နီယာဌာန/ ရုံးချုပ် (နေပြည်တော်) ၅ ဦးမြင့်အောင် လ/ထအင်ဂျင်နီယာ(မြို့ပြ) မြို့ပြအင်ဂျင်နီယာဌာန/ ရုံးချုပ် (နေပြည်တော်) ၆ ဦးအောင်မြင့်လှိုင် အထွေထွေမန်နေဂျာ (သွားလာ)/ (ငြိမ်း)
သွားလာပို့ဆောင်ရေးဌာန/ ရုံးချုပ် (နေပြည်တော်) ၇ ဦးဟန်ညွန့် ဒု-အထွေထွေမန်နေဂျာ (ဆက်သွယ်ရေး)/(ငြိမ်း) သွားလာပို့ဆောင်ရေးဌာန/ ရုံးချုပ် (နေပြည်တော်) ၈ ဦးခင်ဇော် လ/ထမန်နေဂျာ(သွားလာ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၂) ရွာထောင် ၉ ဦးစောညိုလှ ရုံပိုင်ကြီး(အထူးတန်း) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၂) ရွာထောင် ၁၀ ဦးသိန်းဇော် ရုံပိုင်(တာဝန်ခံ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၂) ကသာ ၁၁ ဦးသန်းထိုက် ရုံပိုင် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၂) ပဒူ ၁၂ ဦးဇော်ထွန်း ရုံပိုင်ကြီး(အထူးတန်း) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၂) ကောလင်း ၁၃ ဦးရဲမောင် ရုံပိုင်(အထူး) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၅) နေပြည်တော် ၁၄ ဦးမြင့်လွင်ဦး ကြီးကြပ်ရေးမှူး(ရထား) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆)ပဲခူးကွန်ထရိုး ၁၅ ဦးဝင်းညွန့်ဦး ဒု-ကြီးကြပ်ရေးမှူး(ရထား) သွားလာပို့ဆောင်ရေးဌာန /တိုင်း(၆) ပဲခူးကွန်ထရိုး ၁၆ ဦးရဲဝင်းအောင် ဒု-ကြီးကြပ်ရေးမှူး(ရထား) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပဲခူးကွန်ထရိုး ၁၇ ဦးအောင်စိုးဌေး ကြီးကြပ်ရေးမှူး(ရထား) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပြည်ကွန်ထရိုး ၁၈ ဦးသက်နိုင် ဒု-ကြီးကြပ်ရေးမှူး(ရထား) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပြည်ကွန်ထရိုး ၁၉ ဦးဖုန်းမြင့်ဇော် ဒု-ကြီးကြပ်ရေးမှူး(ရထား) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပြည်ကွန်ထရိုး ၂၀ ဦးကျော်ကျော်လတ် ဒု-ကြီးကြပ်ရေးမှူး(ရထား) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပြည်ကွန်ထရိုး ၂၁ ဦးသိန်းမြ ရုံပိုင်ကြီး(အထူးတန်း) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပြည် ၂၂ ဦးမျိုးသိန်း ရုံပိုင် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပြည် ၂၃ ဦးအောင်မိုး ရုံပိုင်(တာဝန်ခံ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ဆင်မြီးဆွဲ ၂၄ ဦးငွေစိုး ရုံပိုင်(တာဝန်ခံ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပုတီးကုန်း ၂၅ ဦးဇော်လင်း ရုံပိုင် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) လက်ပံတန်း ၂၆ ဦးဝင်းမြင့် ရုံပိုင်(တာဝန်ခံ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) နတ်တလင်း ၂၇ ဦးရဲမင်း ရုံပိုင်ကြီး(အထူးတန်း) သွားလာပို့ဆောင်ရေးဌာန /တိုင်း(၆) လက်ပံတန်း ၂၈ ဦးသိန်းနိုင် ရုံပိုင်ချူပ် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပဲခူး ၂၉ ဦးဌေးမြင့် ရုံပိုင်(အထူး) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပဲခူး ၃၀ ဦးသက်ပိုင်ဦး ရုံပိုင်(အထူး) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပဲခူး ၃၁ ဦးနန္ဒ လက်မှတ်စာရေးချုပ် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပဲခူး ၃၂ ဦးမိုးမင်းထွန်း ဘူတာစာရေး(ခ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပဲခူး ၃၃ ဦးဝင်းဇော်ဦး လက်မှတ်စစ် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပဲခူး ၃၄ ဦးသန်းဇော်ဦး လက်မှတ်စစ် သွားလာပို့ဆောင်ရေးဌာန တိုင်း(၆) ပဲခူး ၃၅ ဦးရဲမင်းဝင်း လက်မှတ်စစ် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပဲခူး ၃၆ ဦးဇော်မင်း လက်မှတ်စစ် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပဲခူး ၃၇ ဦးတင်မော် ရုံပိုင်(တာဝန်ခံ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ပြွန်တန််ဆာ ၃၈ ဦးကျော်စိုးထွေး ရုံပိုင် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ကလိ ၃၉ ဒေါ်သီတာ အကြီးတန်းစာရေး သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ရန်ကုန် ၄၀ ဒေါ်နှင်းဆီ အကြီးတန်းစာရေး သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ရန်ကုန် ၄၁ ဒေါ်ကြေးမှုံသန်း အကြီးတန်းစာရေး သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ရန်ကုန် ၄၂ ဦးဟန်စိုး အကြီးတန်းစာရေး သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ရန်ကုန် ၄၃ ဦးမိုးကျော် မန်နေဂျာ(စီးပွား) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ရန်ကုန် ၄၄ ဒေါ်စန်းစန်းကျော် လ/ထ-မန်နေဂျာ(စီးပွား) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ရန်ကုန် ၄၅ ဒေါ်သီတာဦး အကြီးတန်းစာရေး(စီးပွား) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ရန်ကုန် ၄၆ ဦးဖြိုးဇင်အောင် ရုံပိုင် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ကညွှတ်ကွင်း ၄၇ ဦးမျိုးမင်းထွဋ် ရုံပိုင် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ညောင်လေးပင် ၄၈ ဦးတင်ကိုကို ရုံပိုင်(တာဝန်ခံ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ဖြူး ၄၉ ဦးအောင်ဇော်ဦး ရုံပိုင်(တာဝန်ခံ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ဇေယျဝတီ ၅၀ ဦးရဲထွန်းဝင်း ရုံပိုင်(တာဝန်ခံ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ဒိုက်ဦး ၅၁ ဦးတင်နိုင်ဦး ရုံပိုင် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ထုံးကြီး ၅၂ ဦးဇော်ထွန်းဦး ရထားထိန်း(ခ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ရန်ကုန် ၅၃ ဦးမြင့်သိန်း ရထားထိန်း(က) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၆) ရန်ကုန် ၅၄ ဦးနေဝင်း ရုံပိုင်ကြီး(အထူးတန်း) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၅၅ ဦးကျော်ဇင်ဝင်း ကြီးကြပ်ရေးမှူး(ရထား) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၅၆ ဦးသိန်းကျော် ဒု-ကြီးကြပ်ရေးမှူး(ရထား) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၅၇ ဦးဝင်းနိုင်ကျော် ဒု-ကြီးကြပ်ရေးမှူး(ကုန်ရုံ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၅၈ ဦးဝင်းနိုင် လ/ထကြီးကြပ်ရေးမှူး(တွဲစီ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၅၉ ဦးညိုမင်းလွင် ဒု-လ/ထကြီးကြပ်ရေးမှူး (မှတ်တမ်း) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၆၀ ဦးဝေလွင် ဒု-ကြီးကြပ်ရေးမှူး(တွဲစီ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၆၁ ဦးမြင့်အောင် ရုံပိုင် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ဒညင်းကုန်း ၆၂ ဦးရဲနောင်နောင် ဆက်သွယ်ရေး-၃ သွားလာပို့ဆောင်ရေးဌာန တိုင်း(၇) ရန်ကုန် ၆၃ ဦးကိုကိုမောင် လ/ထမန်နေဂျာ(သွားလာ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၆၄ ဦးဇော်နောင်စိုး ကြီးကြပ်ရေးမှူး(ပို့ဆောင်) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၆၅ ဒေါ်ခင်မာဦး ရုံးအုပ်(စီးပွားရေး) သွားလာပို့ဆောင်ရေးဌာန /တိုင်း(၇) ရန်ကုန် ၆၆ ဦးခင်မောင်မြင့် ဘူတာစာရေး(က) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၆၇ ဦးဝင်းဇော် ဘူတာစာရေး(ခ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၆၈ ဦးကျော်စံ ဘူတာစာရေး(ဂ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၆၉ ဦးကျော်မျိုးဝေ ဘူတာစာရေး(ဂ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၇၀ ဦးမင်းထွဋ် လက်မှတ်စစ်အုပ် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၇၁ ဦးကျော်ကျော်ခန့် လက်မှတ်စစ်(၁) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၇၂ ဦးကိုကိုဝင်း လက်မှတ်စစ်(၁) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၇၃ ဦးအောင်သက်ထွန်းဦး လက်မှတ်စစ်(၁) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၇၄ ဦးသက်လွင် လက်မှတ်စစ်(၂) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၇၅ ဦးညီညီဇော် လက်မှတ်စစ်(၂) သွားလာပို့ဆောင်ရေးဌာန /တိုင်း(၇) ရန်ကုန် ၇၆ ဦးမျိုးမြင့် ရုံပိုင် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၇၇ ဦးအောင်ဝင်းသိန်း ဘူတာစာရေး(ခ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၇၈ ဦးရာဂျူး လုပ်သား(ရုံးလုလင်) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၇၉ ဦးဝဏ္ဏ ဘူတာစာရေး(ခ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၈၀ ဦးစိုးမင်းဝေ ဘူတာစာရေး(က) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၇) ရန်ကုန် ၈၁ ဦးစောနန်း ရုံပိုင်(တာဝန်ခံ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) မုပ္ပလင် ၈၂ ဦးခင်ညွန့် ရုံပိုင်(တာဝန်ခံ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) တောင်စွန်း ၈၃ ဒေါ်မိုးမိုးဝင်း ရုံးအုပ် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) မော်လမြိုင် ၈၄ ဒေါ်စိန်စိန်ထွန်း အငယ်တန်းစာရေး သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) မော်လမြိုင် ၈၅ ဦးကျော်စိုးမင်း အငယ်တန်းစာရေး သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) မော်လမြိုင် ၈၆ ဦးဇော်ဇော် လက်မှတ်စစ်အုပ် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) မော်လမြိုင် ၈၇ ဦးအောင်တင်ကိုကို လက်မှတ်စစ်(၂) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) မော်လမြိုင် ၈၈ ဦးတင်ထွဋ် ရထားထိန်း(ခ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) မော်လမြိုင် ၈၉ ဦးဇော်လွင် ရုံပိုင်(တာဝန်ခံ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) နှင်းပုလဲ ၉၀ ဦးရဲစိုးသက် ရုံပိုင်(တာဝန်ခံ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈)သံဖြူဇရပ် ၉၁ ဦးဌေးအောင် ရုံပိုင်(တာဝန်ခံ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈)ပေါင် ၉၂ ဦးဝင်းလှိုင် ရုံပိုင် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) ရေး ၉၃ ဦးအောင်ဇော်လတ် ရုံပိုင် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) မော်လမြိုင် ၉၄ ဦးဇော်လတ် ရုံပိုင် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) ကျိုက္ကသာ ၉၅ ဦးပြည့်ဖြိုးအောင် လက်မှတ်စာရေးချုပ် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) မော်လမြိုင် ၉၆ ဦးသန်းမြတ်ဇော် ဘူတာစာရေး(ဂ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) မော်လမြိုင် ၉၇ ဦးသန်းထွဋ်အောင် ဘူတာစာရေး(ဂ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) မော်လမြိုင် ၉၈ ဦးအောင်သွင် ဘူတာစာရေး(ဂ) သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) မော်လမြိုင် ၉၉ ဦးကျော်သူရ ရုံပိုင် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) ရင်းငြိမ် ၁၀၀ ဦးထွန်းမြင့်ထွေး ဒု-ရုံပိုင် သွားလာပို့ဆောင်ရေးဌာန/ တိုင်း(၈) ဇင်းကျိုက် ၁၀၁ ဦးလင်းခိုင်ဌေး အင်ဂျင်နီယာမှူး(မြို့ပြ) မြို့ပြအင်ဂျင်နီယာဌာန/ တိုင်း(၇) ရန်ကုန် ၁၀၂ ဦးအောင်ဇော်တင့် လ/ထအင်ဂျင်နီယာ(မြို့ပြ) မြို့ပြအင်ဂျင်နီယာဌာန/ တိုင်း(၇)အင်/ယာအလုပ်ရုံ ၁၀၃ ဦးသီဟစိုး စက်မှုကျွမ်းကျင်(၅) မြို့ပြအင်ဂျင်နီယာဌာန/ တိုင်း(၇)အင်/ယာအလုပ်ရုံ ၁၀၄ ဦးသိန်းထွန်း အငယ်တန်းအင်ဂျင်နီယာ(၁) မြို့ပြအင်ဂျင်နီယာဌာန/ တိုင်း(၃) ကျောက်ဆည် ၁၀၅ ဦးသီဟ အချိန်မှတ်စာရေး မြို့ပြအင်ဂျင်နီယာဌာန/ တိုင်း(၃) ကျောက်ဆည် ၁၀၆ ဦးမျိုးလွင် ကြီးကြပ်ရေးမှူး(စက်ခေါင်း) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၀၇ ဦးသန့်ဇင်မြင့် ကြီးကြပ်ရေးမှူး(စက်ခေါင်း) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၀၈ ဦးစောရာထူး စက်ခေါင်းမောင်း(၂)အထူး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၀၉ ဦးကျော်ဌေးလွင် အငယ်တန်းစာရေး(ဆီပန့်) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၁၀ ဦးရဲလင်းအောင် စက်မှုကျွမ်းကျင်(၃)အလုပ်ထိန်း စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၁၁ ဦးစွမ်းထက်ကို ဌာနခွဲစာရေး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/ တိုင်း(၇) တိုင်းရုံး ၁၁၂ ဒေါ်အေးသန်း ဌာနခွဲစာရေး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/ တိုင်း(၇) တိုင်းရုံး ၁၁၃ ဦးကျော်ကျော် စက်ခေါင်းမောင်း(၂)အထူး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၁၄ ဦးကျော်ကျော်ခိုင် စက်ခေါင်းမောင်း(၄) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၁၅ ဦးကျော်ကျော်နိုင် စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၁၆ ဦးစိုးနိုင် စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/ တိုင်း(၇)မလွှကုန်း ၁၁၇ ဦးဇေယျာမင်း စက်ခေါင်းမောင်း(၅)မီးထိုး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/ တိုင်း(၇)မလွှကုန်း ၁၁၈ ဦးဇော်တင် စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/ တိုင်း(၇)မလွှကုန်း ၁၁၉ ဦးဇော်ထွန်းဦး စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၂၀ ဦးဇော်နန္ဒ စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၂၁ ဦးညွန့်ဌေး ကြီးကြပ်ရေးမှူး(စက်ခေါင်း) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၂၂ ဦးတင့်လွင် စက်ခေါင်းမောင်း(၂)အထူး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၂၃ ဦးတင်မျိုးလင်း စက်မှုကျွမ်းကျင်(၃)အလုပ်ထိန်း စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၂၄ ဦးတင်ဝင်း(၂) စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၂၅ ဦးတိုးအောင် စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၂၆ ဦးထွန်းဝေ စက်ခေါင်းမောင်း(၅)မီးထိုး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၂၇ ဦးထွေးပို စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၂၈ ဦးပက်ထရစ် စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၂၉ ဦးမင်းမင်းထွန်း စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၃၀ ဦးမျိုးခိုင် စက်ခေါင်းမောင်း(၄) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၃၁ ဦးမျိုးဆန်း စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၃၂ ဦးမျိုးမင်းလတ် စက်ခေါင်းမောင်း(၅)မီးထိုး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၃၃ ဦးမျိုးဝင်းကို စက်ခေါင်းမောင်း(၂)အထူး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၃၄ ဦးမြသွင် စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၃၅ ဦးရန်နိုင်လင်း စက်ခေါင်းမောင်း(၄) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၃၆ ဦးလှနိုင်ဦး စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၃၇ ဦးဝင်းထွန်း စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၃၈ ဦးဝင်းနိုင်(၂) စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၃၉ ဦးသက်နိုင် စက်မှုကျွမ်းကျင်(၃)အလုပ်ထိန်း စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၄၀ ဦးသန့််ဇင်ထွန်း စက်ခေါင်းမောင်း(၅)မီးထိုး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၄၁ ဦးသိန်းဝင်းညွန့် စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၄၂ ဦးသောင်းထွန်း စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၄၃ ဦးအောင်နိုင်စိုး စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၄၄ ဦးအောင်ပြည့်ဖြိုး(၁) စက်ခေါင်းမောင်း(၄) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၄၅ ဦးအောင်ဖြိုးမောင် စက်ခေါင်းမောင်း(၅)မီးထိုး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၄၆ ဦးအောင်ဝင်း(၄) စက်ခေါင်းမောင်း(၄) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၄၇ ဦးအုန်းသောင်း စက်ခေါင်းမောင်း(၅)မီးထိုး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၄၈ ဦးအောင်နိုင်ဝင်း စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၄၉ ဦးဇော်နိုင်သိန်း စက်ခေါင်းမောင်း(၅)မီးထိုး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၅၀ ဦးသောင်းဌေးမြင့် စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၅၁ ဦးမြင့်ဇော်ဦး စက်ခေါင်းမောင်း(၅)မီးထိုး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၅၂ ဦးသန့််ဇင် စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၅၃ ဦးသက်တင် စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၅၄ ဦးကျော်ကျော်ဝင်း စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၅၅ ဦးမြင့်ဇော် စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၅၆ ဦးနိုင်ဇော်မင်း စက်ခေါင်းမောင်း(၅)မီးထိုး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၅၇ ဦးအောင်ဇော်မိုး(၂) စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၅၈ ဦးသန်းထွန်းလွင် စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၅၉ ဦးမြင့်ဝေ စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၆၀ ဦးလှဝင်းမြင့် စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၆၁ ဦးမြင့်အောင် စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၆၂ ဦးဝင်းညွန့်(၁) စက်ခေါင်းမောင်း(၄) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၆၃ ဦးသန့်ဇင်မြင့် စက်ခေါင်းမောင်း(၂)အထူး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၆၄ ဦးမျိုးဇော်ဦး စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၆၅ ဦးသန်းစိုး စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၆၆ ဦးတင်လှိုင် စက်ခေါင်းမောင်း(၂)အထူး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၆၇ ဦးမြင့်လွင်(၁) စက်ခေါင်းမောင်း(၄) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၆၈ ဦးအောင်ဝင်း စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၆၉ ဦးစိုးနိုင် စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၇၀ ဦးကံမြင့် စက်ခေါင်းမောင်း(၄) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၇၁ ဦးတင့်ဇော် စက်ခေါင်းမောင်း(၅)မီးထိုး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၇၂ ဦးမြင့်ဦး လ/ထအင်ဂျင်နီယာ(စက်မှု) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)ပုဇွန်တောင် ၁၇၃ ဒေါ်ယဉ်ယဉ်အေး အကြီးတန်းစာရေး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)ပုဇွန်တောင် ၁၇၄ ဒေါ်တင်တင်လေး အကြီးတန်းစာရေး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)ပုဇွန်တောင် ၁၇၅ ဒေါ်မာလာ အကြီးတန်းစာရေး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)ပုဇွန်တောင် ၁၇၆ ဒေါ်စန္ဒာ အကြီးတန်းစာရေး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)ပုဇွန်တောင် ၁၇၇ ဦးစိုးမိုးဝင်း စက်မှုကျွမ်းကျင်(၃)အလုပ်ကြပ် စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇) မလွှကုန်း ၁၇၈ ဦးကျော်ကျော် စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၇၉ ဦးကျော်ဌေး စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၈၀ ဦးစန်းတင့် စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၈၁ ဦးစိုးကိုကိုထက် စက်ခေါင်းမောင်း(၅)မီးထိုး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၈၂ ဦးစိုးနိုင် ကြီးကြရေးမှုး(စက်ခေါင်း) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၈၃ ဦးစိုးမိုးကျော် စက်ခေါင်းမောင်း(၅)မီးထိုး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၈၄ ဦးစိုးသိန်း စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၈၅ ဦးဇော်လွင် စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၈၆ ဦးဇော်ဝင်း စက်ခေါင်းမောင်း(၄) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၈၇ ဦးညီညီဝင်းကို စက်ခေါင်းမောင်း(၅)မီးထိုး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၈၈ ဦးဌေးအောင် စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၈၉ ဦးတင်မောင်သန်း စက်ခေါင်းမောင်း(၅)မီးထိုး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၉၀ ဦးထွန်းထွန်းနိုင် စက်ခေါင်းမောင်း(၅)မီးထိုး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၉၁ ဦးထွန်းထွန်းမိုး စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၉၂ ဦးနန္ဒစိုးထွဋ် စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၉၃ ဦးနေမျိုးအောင် စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၉၄ ဦးပြည့်ဖြိုးအောင် စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၉၅ ဦးမျိုးမြင့်အောင် စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၉၆ ဦးမျိုးဦး စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၉၇ ဦးမြင့်ကျော် စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၉၈ ဦးမောင်မောင်ချစ် စက်ခေါင်းမောင်း(၄) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၁၉၉ ဦးမောင်မောင်ချို စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၂၀၀ ဦးရဲသန်း စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၂၀၁ ဦးလင်းကျော်ဦး စက်ခေါင်းမောင်း(၄) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၂၀၂ ဦးဝင်းကျော် စက်ခေါင်းမောင်း(၃) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၂၀၃ ဦးဝင်းမြင့် စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၂၀၄ ဦးသက်နိုင် စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၂၀၅ ဦးအောင်စိန်ကြိုင် စက်ခေါင်းမောင်း(၂) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၇)(မြို့ပါတ်) ၂၀၆ ဦးမွှေး ဌာနခွဲစာရေး စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန/တိုင်း(၁၁)(ပုဂံ) မှတ်ချက် – အငြိမ်းစား ယူသွားပြီးဖြစ်သော ဝန်ထမ်းများနှင့် ပတ်သက်၍ CDM – နိုင်ငံ့ ဝန်ထမ်း ဆိုင်ရာ မူဝါဒ အရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်။
(ပုံ)နိုင်သုဝဏ္ဏ
ပြည်ထောင်စုဝန်ကြီး
စာအမှတ်။ ၁၃/၁-မမ(စီမံ)/၂၀၂၃(၀၃၄)
ရက်စွဲ။ ၂၀၂၃ ခုနှစ် ၊ ဧပြီ လ ၂၃ ရက်
ဖြန့်ဝေခြင်း
နိုင်ငံတော်သမ္မတရုံး
ဝန်ကြီးချုပ်ရုံး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)
ပြည်ထောင်စုဝန်ကြီးဌာနအားလုံး
မိတ္တူကို
ရုံးလက်ခံ/မျှောစာတွဲ