Blog

  • Announcement Regarding Local and Overseas Employment Agencies

    Announcement Regarding Local and Overseas Employment Agencies

    Republic of the Union of Myanmar

    National Unity Government

    Ministry of Labour

    email: oe@mol.nugmyanmar.org

    Announcement No. (6/2023)

     September 3, 2023

    Announcement Regarding Local and Overseas Employment Agencies

    1. In Myanmar, the military junta has damaged several sectors of the country, including the economy, education, health, and education in all aspects. And the entire population is facing numerous tragedies as a result of the military council’s oppression, which includes violence and violations of human rights.
    2. Insecurity in the country as a result of the military’s illegal actions; businesses are unable to function efficiently, employment opportunities are scarce, and living conditions are getting challenging as a result of high commodity prices. As a result, people are attempting to find job in other countries by contacting overseas recruitment agencies. Taking advantage of this possibility, certain agencies perpetrate exploitation by taking massive service fees from people’s sweat money; getting money fraudulently; brokers have been found to be involved in illegal recruitment and sending people through illegal channels.
    3. Local and overseas employment agencies are obliged to take the following responsibilities in accordance with their code of conduct: to charge reasonable fees for job search and matching services, to ensure safe and secure migration, convenience of workers in the destination country’s workplace, full labour rights, and not to be exploited. If workers’ rights are violated and labour problems arise, the agencies that provided them with services must assist and resolve them as soon as possible. In this regard, the Ministry of Labour of the National Unity Government released an announcement No. (4/2022) on 31-3-2022 outlining the instructions to be followed by employment agencies.
    4. According to the announcement, remaining employment agencies that have not yet registered with the Ministry of Labour of the National Unity Government are encouraged to contact the ministry’s email: oe@mol.nugmyanmar.org and register by 15-10-2023 in order to engage in the Myanmar democracy movement. Registered agencies will be granted a licence and approved to operate after an investigation for violations of existing laws and the agencies’ code of conduct when public administration resumes.
    5. Furthermore, it is warned for the last time that the Ministry of Labour of the National Unity Government has been recording a list of ethical and legal violations by certain agencies and recruitment brokers, as well as a list of agencies supporting the continuation of the military dictatorship in collaboration with the military junta, and the blacklist will be announced, and action will be taken in accordance with the law in the implementation of interim justice.

    Ministry of Labour

    National Unity Government

  • နွေဦးလုပ်သား ထောက်ပို့အဖွဲ့ဝင်ကတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် စစ်အာဏာ ရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး နွေဦး တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လျက်ရှိသော ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားနေသည့် ထောက်ပို့အင်အားစုများမှ အဖွဲ့ဝင်များအား နွေဦးလုပ်သား ထောက်ပို့အဖွဲ့ဝင် ကတ်များကို အောက်ပါရည်ရွယ်ချက်များနှင့် ထုတ်ပေးသွားမည်ဖြစ်သည်-

    –         မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု နွေဦးတော်လှန်ရေးတွင် ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်ရာ၌ စနစ်တကျရှိစေရန်နှင့် ပိုမိုကောင်းမွန်ထိရောက်သည့် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရန်၊

    –         တော်လှန်ရေးဘဏ္ဍာရန်ပုံငွေ ရှာဖွေရာတွင် ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် စည်းလုံး ညီညွတ်မှု၊ ယုံကြည်မှု ပိုမိုခိုင်မာအားကောင်းစေရန်၊

    –         အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေနှင့် CDM ထောက်ပံ့မှုအတွက် အထောက်အကူဖြစ်စေရန်၊

    –         နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိသည့် ဒီမိုကရေစီဘက် တော်သား တော်လှန်ရေးသူရဲကောင်းများအတွက် သမိုင်းမှတ်တမ်းအထောက်အ ထားတစ်ရပ်အဖြစ် ရရှိစေရန်နှင့် လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင် ရန်၊

    –         အစိုးရနှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊

    –         စစ်အာဏာရှင်စနစ် အမြန်ဆုံးအမြစ်ပြတ်ချေမှုန်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် အထောက်အကူဖြစ်စေရန်။

    သို့ဖြစ်၍ ပူးပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းများအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ email: oe@mol.nugmyanmar.org ဆက်သွယ်နိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

    မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အမြန်ဖြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောင်ရေးတွင် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းအပ်ပါသည်။

    အလုပ်သမားဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ

  • ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နှစ်ပတ်လည်နေ့အတွက် ပြည်ထောင်စုဝန်ကြီး မှ ပြောကြားသည့် တိုက်တွန်းစကား

    ၆၁ နှစ်ပြည့် ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ မှ တော်လှန်ပြည်သူများသို့ ပြောကြားသည့် တိုက်တွန်းစကား

    မိဘပြည်သူများ အားလုံး မင်္ဂလာပါခင်ဗျာ…..

    ဒီနေ့ဟာ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ မှတ်တိုင်တခုဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို စစ်အာဏာရှင်တို့က ဖြိုချဖျက်ဆီးခဲ့တဲ့ ကျောင်းသားပြည်သူပေါင်း မြောက်မြားစွာကို သွေးမြေခ စေခဲ့တဲ့ သမိုင်းဝင် ဆဲဗင်းဂျူလိုင်နေ့ ဖြစ်ပါတယ်။

    ဆဲဗင်းဂျူလိုင်နေ့ဟာ ယနေ့ထိ မိဘပြည်သူတွေရဲ့ ဟဒယနှလုံးထဲမှာ စွဲမြဲနေတဲ့ နေ့တနေ့လည်း ဖြစ်ပါတယ်။ ဆဲဗင်းဂျူလိုင်နေ့မှ စပြီး သန္ဓေတည်ခဲ့တဲ့ အာဏာရှင် ဆန့်ကျင် အန်တုမှုဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး အပါအဝင် ယနေ့နွေဦးတော်လှန်ရေးကာလအထိ မျိုးဆက်အလိုက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြရတာ ဖြစ်ပါတယ်။

    မိမိအပါအဝင် အဲ့ဒီသမိုင်းဝင်နေ့ကို ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ တချို့ခေါင်းဆောင်ကြီးများဟာ လက်ရှိနွေဦး တော်လှန်ရေးထဲမှာလည်း ထဲထဲဝင်ဝင် ပါဝင်နေကြတာတွေလည်း ရှိပါတယ်။ ၁၉၆၂ စစ်အာဏာရှင်စနစ်ကို ပထမဆုံး အန်တုခဲ့တဲ့ ဆဲဗင်းဂျူလိုင်ရဲ့ ယနေ့ကျရောက်တဲ့ (၆၁)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ပြည်သူတရပ်လုံးကို လက်နက်အားကိုးနဲ့ ဖိနှိပ်အနိုင်ကျင့်ခဲ့တဲ့ ဖောက်ပြန်နေတဲ့ စစ်တပ်ကို အပြီးအပိုင် မြန်မာ့မြေပေါ်ကနေ ညာလက်ကျိုးလည်း ဘယ်လက်ဝဲဖြင့် တသံတည်းမြည် တချီတည်းရုန်းပြီး အတူတကွ မောင်းထုတ်သွားကြဖို့ တိုက်တွန်းအပ်ပါတယ်။

    “သမဂ္ဂ စိတ်ဓါတ် မြှင့်တင်ကြ အရေးတော်ပုံ အောင်ရမည်”

    နိုင်သုဝဏ္ဏ
    ပြည်ထောင်စုဝန်ကြီး
    အလုပ်သမားဝန်ကြီးဌာန
    အမျိုးသားညီညွတ်ရေးအစိုးရ

  • Threads Account အားစတင်ဖွင့်လှစ်

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ Threads Account အား စတင်ဖွင့်လှစ်ပြီးဖြစ်ကြောင်း အသိပေးကြေညာခြင်း

    Threads Account ကို အောက်ဖော်ပြပါ Link အားနှိပ်၍ Follow ပြုလုပ်ထားနိုင်ပါသည်။

    https://threads.net/MoLNUGMyanmar

  • ကြေညာချက်အမှတ် (၃/၂၀၂၃) အခြေခံအလုပ်သမားအခွင့်အရေး ချိုးဖောက်နေမှုများ၊ အလုပ်သမားခေါင်းဆောင်များအား မတရားဖမ်းဆီးနှိပ်စက်နေမှုများနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

    အမျိုးသားညီညွတ်ရေးအစိုးရ

    အလုပ်သမားဝန်ကြီးဌာန

    ကြေညာချက်အမှတ် (၃/၂၀၂၃)

    ၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၀ ရက်

    (၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့)

    အခြေခံအလုပ်သမားအခွင့်အရေး ချိုးဖောက်နေမှုများ၊ အလုပ်သမားခေါင်းဆောင်များအား မတရားဖမ်းဆီးနှိပ်စက်နေမှုများနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်

    ၁။       ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များမှ လုပ်ငန်းရှင်အချို့သည် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း၍ အခြေခံအလုပ်သမား အခွင့်အရေးချိုးဖောက်မှုများအပြင် အလုပ်သမားခေါင်းဆောင်များအား မတရားဖမ်းဆီးခြင်း၊ အလုပ်မှထုတ်ပစ်ခြင်း တို့ကို အောက်ပါ အတိုင်း ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း တွေ့ရှိရသည်-

    (က)    ၃-၆-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၅)၊ မလိခလမ်းရှိ ထိုင်းနိုင်ငံသားပိုင် JAKO ကုန်အမှတ်တံဆိပ်ချုပ်လုပ်သည့် Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၄၀၀ ဦးတို့သည် လုပ်ခ လစာတိုးမြှင့်ပေးရေး၊ အလုပ်ပိတ်ရက် အကျိုးခံစားခွင့်များ ရရှိရေး၊ သန့်ရှင်းသော သောက်ရေနှင့် ထမင်းစာဆောင် သီးသန့်စီစဉ်ပေးရေး စသည်တို့ကို ငြိမ်းချမ်းစွာ စုဝေးတောင်းဆိုခဲ့ရာ လုပ်သမားခေါင်းဆောင် (၂)ဦး ကို စစ်ကောင်စီမှ လုပ်ငန်းခွင် တွင်း ဝင်ရောက်ဖမ်းဆီး၍ စစ်ကြောရေးသို့ ပို့ဆောင်ခြင်း၊

    ( ခ)    ၁၀-၆-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် ZARA နှင့် Inditex ကုန်အမှတ်တံဆိပ်များ ထုတ်လုပ်လျက် ရှိသည့် Hosheng Myanmar စက်ရုံ၌ စားဝတ်နေရေး ကျပ်တည်းမှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် တစ်နေ့လုပ်အားခ (၅၆၀၀)ကျပ် တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည့် အလုပ်သမားခေါင်းဆောင်(၇)ဦးအား အလုပ်မှ ထုတ်ပစ်ခြင်း၊ အလုပ်သမားအခွင့်အရေးများရရှိရေး ငြိမ်းချမ်းစွာ စုဝေး တောင်းဆိုခဲ့သည့် စက်ရုံမှ အလုပ်သမား ၆၀၀ ကျော်အား စစ်ကောင်စီနှင့် ပူးပေါင်း ၍ စက်ရုံသို့ လာရောက်ပြီး ခြိမ်းခြောက်ပြောဆိုခြင်း၊ ညှိနှိုင်းဖြေရှင်းရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ခဲ့သည့် အလုပ်ထုတ်ခံထားရသော အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးနှင့် အခြားခေါင်းဆောင်တစ်ဦးအား စစ်ကောင်စီ မှ မတရားဖမ်းဆီးခြင်း၊

    ( ဂ)    ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃)၊ ကျန်စစ်သားလမ်းရှိ တရုတ်နိုင်ငံသားပိုင် ZARA, Only, DIVIDED (H & M) ကုန်အမှတ်တံဆိတ်များ ထုတ်လုပ်နေသည့် Myanmar York အထည်ချုပ်စက်ရုံတွင် သတ်မှတ်အလုပ်ချိန် ထက် ကျော်လွန်ခိုင်းစေခြင်း၊ အလုပ်သမားများ၏ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်ရ ခြင်း၊ အချိန်ပိုလုပ်ကိုင်သူများအတွက် လိုအပ်သည့် သက်သာချောင်ချိရေး အစီအမံ များ စီစဉ်မပေးခြင်း၊ ခွင့်ရက်များ အပြည့်အဝ ခံစားခွင့် မရခြင်း၊ အလုပ်သမားများ လုပ်နိုင်စွမ်းရှိသည့် ကုန်ထုတ်စံနှုန်းထက် ပိုမိုထွက်ရှိရေး ဖိအားပေးခိုင်းစေခြင်း၊ တစ်ခါတရံ စီမံအုပ်ချုပ်သူများက ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း စသည့် အခွင့်အရေးများ ချိုးဖောက်ခံနေရခြင်း။

    ၂။       စစ်ကောင်စီနှင့် ၎င်း၏ သြဇာခံ အလုပ်ရှင်များသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို အလုပ်မှ ထုတ်ပစ်ခြင်း၊ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်၊ စုပေါင်းအရေးဆိုခွင့်နှင့် စည်းရုံးခွင့်ကို ပိတ်ပင် တားမြစ်ခြင်း၊ လခစားအလုပ်သမားများကို နေ့စားအလုပ်သမားအဖြစ် ပြောင်းပစ်ခြင်းနှင့် ဖိအားပေး ခိုင်းစေခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ အလုပ်သမားများ ရသင့်ရထိုက်သည့် လုပ်ငန်းခွင်ဆိုင်ရာ အခြေခံအခွင့်အရေးများကို အပြည့်အဝ မပေးခြင်းစသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု များကို ကျူးလွန်လျက်ရှိပါသည်။

    ၃။       အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက် နေ့တွင် ထုတ်ပြန်ခဲ့သော အလုပ်သမားများနှင့် အလုပ်ခန့်ထားမှုအပေါ် ခွဲခြားဆက်ဆံမှုများ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်နေမှုများနှင့် စပ်လျဉ်းသည့် ကြေညာချက်အမှတ် (၁၁/၂၀၂၂) နှင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အလုပ်သမားသမဂ္ဂများ လွတ်လပ် စွာ ဖွဲ့စည်းခွင့်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့် မည်သို့သော ပူးပေါင်းဆောင်ရွက်မှုကိုမျှ လုံးဝမပြု လုပ်ရေးနှင့်စပ်လျဉ်းသည့် ကြေငြာချက်အမှတ် (၁၃/၂၀၂၂)တို့ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ အကြမ်းဖက်စစ်ကောင်စီ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများတွင် အားပေးကူညီသူများ မဖြစ်စေရေး အလုပ်သမားအဖွဲ့အစည်းများ၊ သမဂ္ဂများ၊ အလုပ်သမားအဖွဲ့ချုပ်များအနေဖြင့် ထုတ်ပြန်ချက်အတိုင်း လိုက်နာရန် အထူးလိုအပ်ပါသည်။

    ၄။       မြန်မာနိုင်ငံအတွင်း အခြေခံအလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေသည့် အလုပ်ရှင်များ၊ Brand/ buyers များအား နိုင်ငံတကာပြဋ္ဌာန်းချက်များနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ILO နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အလုပ်သမားအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို အမြန်ဆုံးရပ်တန့်နိုင်ရေးနှင့် ကျူးလွန်သူများအား ထိရောက်စွာ အရေးယူ နိုင်ရေး တက်ကြွစွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

    ၅။       ပြည်တွင်းတွင် ရပ်တည်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အလုပ်သမား အခွင့်အရေးများ၊ စံတန်ဖိုးများအား လေးစားလိုက်နာကြရန် အထူးလိုအပ်ပါသည်။ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဖြင့် နိုင်ငံတကာတွင် တရားစွဲခံ ထားရသော အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခြင်း များသည် သာမန် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုမျှသာမဟုတ်ဘဲ ရာဇဝတ်မှုမြောက်သော ပူးပေါင်းဆောင်ရွက်မှုများဖြစ်သောကြောင့် လုပ်ငန်းရှင်များအနေဖြင့်လည်း အထူးရှောင်ရှားရန် နှင့် ဆက်လက်ကျူးလွန်နေပါက ထိရောက်သော ဟန့်တားအရေးယူမှုများ ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

    အလုပ်သမားဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ

  • IUF ၏ ညီလာခံတွင်ပြည်ထောင်စုဝန်ကြီးမှ ILO တွင် NUG ကိုအသိအမှတ်ပြုရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆို

    IUF ၏ (၅) နှစ် တကြိမ် ကျင်းပသည့် ညီလာခံတွင် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ မိန့်ခွန်းပြောကြားခဲ့ပြီး ILO တွင် NUG ကို အသိအမှတ်ပြုရေး တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆို

    ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ဇွန်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၅ နှစ် တကြိမ် ကျင်းပပြုလုပ်သော The International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Associations (IUF) ၏ ၂၈ ကြိမ်မြောက် ညီလာခံတွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ မိန့်ခွန်းပြောကြားခဲ့သည်။

    ပြည်ထောင်စုဝန်ကြီး ကမြန်မာပြည်သူများ၏ အခြေခံလူ့အခွင့်အရေး ကာကွယ်နိုင်ရန် အတွက် NUG အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ အထူးသဖြင့် ILO တွင် NUG ကို အသိအမှတ်ပြုရေးကို IUF အနေဖြင့် တတ်နိုင်သမျှ NUG နှင့် ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း စသည့် အချက်များကို ထည့်သွင်းပြောကြားခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုပြီး ထိရောက်သော အကူအညီများပေးရန်၊ စကစကို အသိအမှတ်မပြုရန်နှင့် စီးပွားရေးပိတ်ဆို့မှု များကို ထိရောက်စွာ ဆောင်ရွက်ရန်၊ စကစက စီစဉ်နေသည့် အတုအ‌ယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် စသည့် အချက်များကို IUF ‌‌ဒေသဆိုင်ရာ ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ အစိုးရများကို ဆက်လက်တွန်းအားပေးရန်နှင့် အရပ်သားပြည်သူများအပေါ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်စီးမှုများ ဆက်မလုပ်နိုင်ရန်အတွက် စကစ၏ လေယာဉ်ဆီအပါအဝင် စက်သုံးဆီ ရရှိနိုင်မည့် နည်းလမ်း များကို ပိတ်ဆို့မှုတွင် အထူးအလေးထား ဆောင်ရွက်ပေးစေလိုကြောင်း၊ ယခုကျင်းပသည့် (၂၈)ကြိမ်မြောက် ညီလာခံတွင် ချမှတ်သည့် IUF ၏ ခိုင်မာသည့် သန္နိဋ္ဌာန်နှင့်အတူ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ကြိုဆိုကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ထည်သွင်းပြောဆိုခဲ့သည်။

    IUF ၏ ၅ နှစ် တကြိမ် ကျင်းပသည့် ညီလာခံသို့ အထွေထွေအတွင်းရေးမှူး Ms. Sue Longley နှင့် အာရှ-ပစိဖိတ် အတွင်းရေမှူး Dr. Hidayat Greenfield တို့ အပါအဝင် IUF သမဂ္ဂအဖွဲ့ဝင်များမှ ဖိတ်ကြားခဲ့မှုအရ အမျိုသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အနေဖြင့် ယခုလို online ဖြင့် ပါဝင်တက်ရောက်မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

  • ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင်ကျင်းပသော ၂၈ ကြိမ်မြောက် IUF ညီလာခံတွင်ပြည်ထောင်စုဝန်ကြီးမှ မိန့်ခွန်းပြောကြားခဲ့

    ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဇွန်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိကျင်းပပြုလုပ်တဲ့ The International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Associations (IUF) ၏ ၅ နှစ် တစ်ကြိမ်ကျင်းပသော ၂၈ ကြိမ်မြောက် ညီလာခံတွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။

    ပြည်ထောင်စုဝန်ကြီးပြောကြားသည့်မိန့်ခွန်းအပြည့်အစုံမှာ

    (၂၀၂၃ခုနှစ်၊ ဇွန်လ ၁၃-၁၆)

    မင်္ဂလာပါခင်ဗျာ…

    ၁။  IUF ရဲ့ ၂၈ ကြိမ်မြောက် ညီလာခံကို တက်ရောက်လာတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက IUF အဖွဲ့ဝင်များ အားလုံးကို ကိုယ်ကျန်းမာ စိတ်ချမ်းသာစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သပါတယ်။

    ၂။   ကျွန်တော်ကတော့ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ ပြည်သူက ထောက်ခံ တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်‌ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ ဖြစ်ပါတယ်။

    ၃။  IUF ရဲ့  ၅ နှစ် တကြိမ် ကျင်းပတဲ့ ညီလာခံမှာ စကားပြောခွင့် ရတဲ့အတွက်  ဖိတ်ကြား ခဲ့တဲ့ အထွေထွေအတွင်းရေးမှူး Ms. Sue Longley နဲ့ အာရှ-ပစိဖိတ် အတွင်းရေမှူး Dr. Hidayat Greenfield တို့ အပါအဝင် IUF သမဂ္ဂဝင်များ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။

    ၄။  အားလုံးသိရှိပြီးဖြစ်တဲ့အတိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်ဟာ ဒီမိုကရေစီ နည်းလမ်းဖြင့် ပြည်သူရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးပြီး မတရား အာဏာသိမ်းဖို့ ကြိုးပမ်းချိန်က စလို့ အလုပ်သမားထု အပါအဝင် မြန်မာ ပြည်သူတရပ်လုံး စစ်အာဏာရှင် အဆုံးသတ်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက် နည်းလမ်း ပေါင်းစုံနဲ့ တော်လှန်နေပါတယ်။

    ၅။  ဒီတော်လှန်ရေးအောင်မြင်ဖို့ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်မှု မှသည် ပြည်သူ့ခုခံတွန်းလှန်စစ်ကို ဖော်ဆောင်ခဲ့ပြီး ယခုနှစ်တွင် တိုက်စစ်ကို ပြောင်း၍ စစ်အာဏာရှင်ကို တော်လှန်လျက် ရှိပါတယ်။ လက်ရှိတွင် NUG က လွတ်မြောက်နယ်မြေ တွေ ဖေါ်ဆောင်ထားနိုင်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

    ၆။  အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုပြီး ထိရောက်သော အကူအညီများပေးဖို့၊ စကစအပေါ် အသိအမှတ်မပြုဖို့နဲ့ စီးပွားရေးပိတ်ဆို့မှုများကို ထိရောက်စွာ ဆောင်ရွက်ဖို့၊ စကစက စီစဉ်မယ့် အတုအ‌ယောင် ရွေးကောက်ပွဲကို အသိအမှတ် မပြုဖို့ အရေးကြီးလို့ IUF ‌‌ဒေသဆိုင်ရာ ခေါင်းဆောင်များ အနေနဲ့ ဒီလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ မိမိတို့ အစိုးရတွေကို ဆက်လက်တွန်းအားပေး စေလိုပါတယ်။

    ၇။  အထူးသဖြင့် အရပ်သားပြည်သူတွေအပေါ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်စီးမှုတွေ ဆက်မလုပ်နိုင်ဖို့ စကစရဲ့ လေယာဉ်ဆီအပါအဝင်  စက်သုံးဆီ ရရှိနိုင်မယ့် နည်းလမ်းတွေကို ပိတ်ဆို့မှုမှာ အထူးအလေးထား ဆောင်ရွက်ပေးစေလို ပါတယ်။

    ၈။  အလုပ်သမားဝန်ကြီးဌာနအနေနဲ့  စိုးမိုးနယ်မြေတွေမှာရှိတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးဖို့ ကြိုးစားဆောင်ရွက်လျက် ရှိပြီး အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့အတူ မြန်မာပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေ ကာကွယ်နိုင်ဖို့ အတွက် NUG အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ILO မှာ NUG ကို အသိအမှတ်ပြုရေးကလည်း အရေးပါတဲ့အတွက် IUF အနေနဲ့ တတ်နိုင်သမျှ NUG နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်။

    ၉။  IUF Asia-Pacific  က မိမိတို့ ဝန်ကြီးဌာနကို ရုံးသုံးပစ္စည်းနဲ့ ဘဏ္ဍာငွေ ထောက်ပံ့ ကူညီမှု၊ MOL IR Officer ကို ၁၁၁ ကြိမ်မြောက် ILC မှာ ပါဝင် တက်ရောက်နိုင်ဘို့ လက်တွေ့ကျတဲ့ အကူအညီတွေ ပေးခဲ့ခြင်း အပေါ်မှာလည်း ကျေးဇူးတင်ပါတယ်။ 

    ၁၀။ AAPP မှတ်တမ်းများအရ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ခုနှစ်၊ ဇွန်လ ၉ ရက်နေ့အထိ စကစ၏ မတရားသတ်ဖြတ်ခံရသူ ၃၆၄၉ ဦး၊ ဖမ်းဆီးခံရသူ ၂၃,၂၉၉ ဦးရှိပြီး ၎င်းတို့အနက် ထောင်ချခံရသူ ၆၃၃၀ ဦးနဲ့ သေဒဏ် ချမှတ်ခံရသူ ၁၅၈ ဦးရှိနေပါတယ်။

    ၁၁။ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ မှ ၂၀၂၃ မေလအထိ စကစက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၈၁ ခု ပြုလုပ်ခဲ့ပြီး ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား ပြည်သူ ၁၀၅၉ ဦး ရက်စက်စွာ အသတ်ခံထားရပါတယ်။  ၄င်းအပြင် နိုင်ငံအနှံ့မှာ အရပ်သား ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်လျက်ရှိပြီး အိုးအိမ်အပါအဝင် ပြည်သူ့ပိုင်ဆိုင်မှုပေါင်း ၆ သောင်းကျော် မီးရှို့ဖျက်ဆီး ခံထားရပါတယ်။ ဤကာလအတွင်း နေရပ်စွန့်ခွါ ထွက်ပြေးနေသူ ၁.၄ သန်းခန့် တိုးလာပြီး ၂၀၂၃ ခုနှစ်မှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ  လိုအပ်နေသူ ၁.၇ သန်းကျော် အထိ ရှိလာနေပါတယ်။

    ၁၂။ မြန်မာနိုင်ငံရဲ့ လက်ရှိအကြပ်အတည်းကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းမှာ အကြမ်းဖက် စစ်တပ်ကို ဖြုတ်ချပြီး အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံမှာ ဒီမိုကရေစီ အမြန်ဆုံး ပြန်လည် ဖော်ဆောင်ရေးပဲ ဖြစ်ပါတယ်။

    ၁၃။ စစ်အာဏာရှင် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများအတွက်  မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက် ရှိကြောင်း ဒီ(၂၈)ကြိမ်မြောက် ညီလာခံမှာ ချမှတ်တဲ့ IUF ရဲ့  ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့အတူ ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းများကို ကြိုဆိုကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

    အားလုံးကို ကျေးဇူးတင်ပါတယ်။

  • မြန်မာကိုယ်စားလှယ်အဖွဲ့သည် U.S. Department of Labor နှင့် U.S. Department of State Office of International Labor Affairs တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

    လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် အလုပ်သမားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးအရာရှိ ဦးကျော်စိုးမိုး ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါ်ခိုင်ဇာအောင်တို့သည် U.S. Department of Labor, International Labor Affairs Bureau ၏ Deputy Undersecretary ဖြစ်သူ Thea Mei Lee နှင့် U.S. Department of State Office of International Labor Affairs ၏ special representative ဖြစ်သူ Kelly M. Fay Rodriguez အပါအဝင် အမေရိကန်အစိုးရအပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့် ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ တွေ့ဆုံခဲ့ကြသည်။
    ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိအလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများကို အရေးယူဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ International Labor Conference တွင် စစ်မှန်သော အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ကိုယ်စားပြုတက်ရောက်ပြီးအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ ထိရောက်သော လုပ်ဆောင်မှုများ ပေါ်ပေါက်နိုင်ရေး အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနှင့်ပါတ်သက်၍လုပ်ဆောင်နိုင်မည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။