Author: kar yan

  • ထိုင်းနိုင်ငံ၊ Diamond Food စက်ရုံသို့ MOU စနစ်ဖြင့် လုပ်ကိုင်ရန် ရောက်ရှိလာသည့် အလုပ်သမားများအား အလုပ်ပြန်လည်လုပ်ကိုင်ခွင့်ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

    ထိုင်းနိုင်ငံ၊ Diamond Food စက်ရုံသို့ MOU စနစ်ဖြင့် လုပ်ကိုင်ရန် ရောက်ရှိလာသည့် အလုပ်သမားများအား အလုပ်ပြန်လည်လုပ်ကိုင်ခွင့်ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

    ၁။ နန်းထိုက်နန်း ကုမ္ပဏီမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံ Diamond Food စက်ရုံသို့ စေလွှတ်ခဲ့သည့် အလုပ်သမား ၂၁ ဦးကို အလုပ်လုပ်ခွင့်မပေးပဲ အဆောင်တစ်ခုတွင် တစ်လကြာ ထားထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ တိုင်ကြားလာရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာနအောက်ရှိ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးရုံးခွဲ (ဘန်ကောက်) တာဝန်ခံမှ အလုပ်သမား ၂၁ ယောက်ကို ဆဝါဒီကန်ရုံးသို့ခေါ်ဆောင်ပြီး အလုပ်ရှင်နှင့်ညှိနှိုင်းပေးခဲ့ရာ အလုပ်ရှင်မှ ယင်းအလုပ်သမား ၂၁ ဦးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တစ်ဦးလျှင် ဘတ် ၂,၀၀၀ နှုန်းဖြင့် အလုပ်ပြန်ဝင်ခွင့်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

    ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ အကူအညီပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တရား ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
    လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
    တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
    တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug

  • ထိုင်းနိုင်ငံ၊ CHONBORI မြို့တွင် MOU စနစ်ဖြင့် လုပ်ကိုင်ရန် ရောက်ရှိလာသည့် အလုပ်သမားများအား လုပ်အားခများရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

    ထိုင်းနိုင်ငံ၊ CHONBORI မြို့တွင် MOU စနစ်ဖြင့် လုပ်ကိုင်ရန် ရောက်ရှိလာသည့် အလုပ်သမားများအား လုပ်အားခများရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့

    ၁။ ထိုင်းနိုင်ငံ၊ CHONBORI မြို့ရှိ Lakbam စက်ရုံနှင့် Phakee ဆောက်လုပ်ရေးလုပ်ငန်းတို့၌ MOU စနစ်ဖြင့် လုပ်ကိုင်ရန် ၁၉.၁၂.၂၀၂၂ ရက်နေ့တွင် ရောက်ရှိခဲ့သည့် အလုပ်သမားများအား Lakbam စက်ရုံနှင့် Phakee ဆောက်လုပ်ရေးလုပ်ငန်းတို့က ဆက်လက်အလုပ်လုပ်ကိုင်ခွင့် မပေးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ပအလုပ်အကိုင် စီမံခန့်ခွဲရေးဦးစီးဌာန လက်အောက်ရှိ အငြင်းပွားမှုဖြေရှင်းရေးရုံးခွဲ (ဘန်ကောက်) ရုံးတာဝန်ခံက သွားရောက်ကူညီဖြေရှင်းပေးခဲ့ရာ Lakbam စက်ရုံမှ အလုပ်သမား ၃၀ ဦးအား ထိုင်းနိုင်ငံသို့ရောက်ရှိပြီး နောက်အလုပ်သစ်သို့ ပြောင်းရွေ့သွားသည့်နေ့အထိ လုပ်အားခ၏ ၇၅ ရာခိုင်နှုန်းနှင့်ညီမျှသော ၉၉,၆၀၀ ဘတ် အားလည်းကောင်း၊ Phakee ဆောက်လုပ်ရေးလုပ်ငန်းမှ အလုပ်သမား ၁၀ ဦးအတွက် ၂၆ ရက်စာ လုပ်အားခ ၈၃,၁၀၀ ဘတ်အားလည်းကောင်း ရရှိရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

    ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ အကူအညီပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တရား ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
    လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
    တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
    တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug

  • Merry Christmas 2022

    Merry Christmas 2022

    Merry Christmas

    ငြိမ်းချမ်းသော ခရစ်စမတ်ပွဲတော်အတွက် တော်လှန်သော ခရစ်စမတ်ကို ဖြတ်သန်းကြရမယ်..
    For Peaceful Christmas, we must go through a revolutionary Christmas.

    Ministry of Labour

  • Merry Christmas 2022

    Merry Christmas 2022

    Merry Christmas

    ငြိမ်းချမ်းသော ခရစ်စမတ်ပွဲတော်အတွက် တော်လှန်သော ခရစ်စမတ်ကို ဖြတ်သန်းကြရမယ်..
    For Peaceful Christmas, we must go through a revolutionary Christmas.

    Ministry of Labour

  • International Migrants Day (2022) အထိမ်းအမှတ်အဖြစ် ထောက်ပံ့လှူဒါန်းမှုများပြုလုပ်

    International Migrants Day (2022) အထိမ်းအမှတ်အဖြစ် ပညာသင်ကြားနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ရွှေ့ပြောင်းသွားလာနေထိုင်သူများ၏ သား၊ သမီးအတွက် လိုအပ် သည်များ ထောက်ပံ့လှူဒါန်း

    ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သည့် International Migrants Day (2022) အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် ထိုင်း-မြန်မာ နယ်စပ်တွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ရွှေ့ပြောင်းသွားလာနေထိုင်သူများ၏ ပညာသင်ကြားလျက်ရှိသည့် သား၊ သမီးအတွက် လိုအပ်သော ကျောင်းသုံးပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို မြန်မာရွှေ့ပြောင်းကလေးများအတွက် ဖွင့်လှစ်ထားသည့် ကျောင်းများသို့ သွားရောက်၍ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။

     

    အလုပ်သမားဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ

  • ၂၇၆၂ ခုနှစ် ကရင်နှစ်သစ်ကူးအား ဂုဏ်ပြုကြိုဆိုပါသည်

    ၂၇၆၂ ခုနှစ် ကရင်နှစ်သစ်ကူးအား ဂုဏ်ပြုကြိုဆိုပါသည်

    Happy Karen New Year 2022
    ၂၇၆၂ ခုနှစ် ကရင်နှစ်သစ်ကူးအား ဂုဏ်ပြုကြိုဆိုပါသည်

  • ၂၇၆၂ ခုနှစ် ကရင်နှစ်သစ်ကူးအား ဂုဏ်ပြုကြိုဆိုပါသည်

    ၂၇၆၂ ခုနှစ် ကရင်နှစ်သစ်ကူးအား ဂုဏ်ပြုကြိုဆိုပါသည်

    Happy Karen New Year 2022
    ၂၇၆၂ ခုနှစ် ကရင်နှစ်သစ်ကူးအား ဂုဏ်ပြုကြိုဆိုပါသည်

  • ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သော သဝဏ်လွှာ

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

    အမျိုးသားညီညွတ်ရေးအစိုးရ

    အလုပ်သမားဝန်ကြီးဌာန

    ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သော သဝဏ်လွှာ

    ၂၀၀၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ကမ္ဘာပေါ်တွင် ရွှေ့ပြောင်းနေထိုင်သူဦးရေ များပြားလာခြင်းနှင့် ကမ္ဘာ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အရေးပါသော အထောက်အပံ့ကို ဖြစ်စေပြီး သက်ဆိုင်ရာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို အားဖြစ်စေခြင်းတို့အတွက် ထည့်သွင်းစဉ်းစားကာ ဒီဇင်ဘာလ ၁၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့အဖြစ် ကြေညာခဲ့ပါသည်။

    ရွှေ့ပြောင်းအခြေချမှုသည် ‌ရှောင်လွှဲမရသော အကြောင်းရင်းများစွာကြောင့် ဖြစ်ပေါ် လာသော  ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်တစ်ခုဖြစ်ပြီး နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူ အရေ အတွက်သည် လွန်ခဲ့သည့် နှစ် ၅၀ အတွင်း လျင်မြန်စွာတိုးတက်လာခဲ့သည်။ ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration–IOM) ၏ ခန့်မှန်းချက်အရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၃.၆ ရာခိုင်နှုန်းမှာ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများ ဖြစ်ပြီး စုစုပေါင်း ၂၈၁ သန်းခန့် ရှိပြီ ဖြစ်သည်။ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများနည်းတူ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ အရေအတွက်သည်လည်း တိုးပွားလျက်ရှိပြီး သဘာဝဘေးဒဏ် အပါအဝင်၊ ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် ၂၀၂၁ ခုနှစ် နှစ်ကုန်တွင် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ ၅၉.၁ သန်း အထိရှိလာပြီဖြစ်သည်။

    မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ဖိနှိပ်အကြမ်းဖက်မှုများကြောင့် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံအတွင်း ရွှေ့ပြောင်း နေထိုင်သူ တစ်သန်းကျော်ထိ ရောက်ရှိလာပြီး အိမ်နီးချင်းနိုင်ငံများသို့ တိမ်းရှောင် နေရသူ ၇၀,၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်မှုအရ သိရှိရပါသည်။

    အာဏာသိမ်းမှုအကျိုးဆက်အဖြစ် စီးပွားရေး ပိုမိုကြပ်တည်းလာကာ ပြည်ပနိုင်ငံများ သို့ သွားရောက်လုပ်ကိုင်မှု ပိုမိုများပြားလာပါသည်။ တရားဝင် ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု ကို စစ်ကောင်စီက ကောင်းမွန်စွာ စီမံခန့်ခွဲမှု မလုပ်နိုင်ခြင်းနှင့် စည်းကြပ်သည့် ဌာနများ၏ အကျင့်ပျက်ခြစားမှုများကြောင့် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် သွား ရောက်လုပ်ကိုင်မှု ဖြစ်စဉ်များ မြင့်မားလာပြီး လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ မရရှိ ခြင်းနှင့် လုပ်အားခေါင်းပုံဖြတ်ခံရခြင်းတို့အပြင် တရားဝင် လုပ်ကိုင်နေသူများမှာလည်း အခွင့် အရေးများ ချိုးဖောက်ခံနေကြရပါသည်။

    စစ်ကောင်စီလက်အောက်တွင် ပြည်ပ‌ရွှေ့ပြောင်းလုပ်ကိုင်သူများအတွက် အကာအကွယ် မရှိသလို ပြည်တွင်းရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများမှာလည်း ဖိနှိပ်မှု မျိုးစုံ ကြုံတွေ့ နေရပြီး အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရကာ ကူကယ်ရာမဲ့ နေသည့် အခြေအနေ ဖြစ်ပေါ်လျက်ရှိပါသည်။

    ရွှေ့ပြောင်းသွားလာနေထိုင်လုပ်ကိုင်သူများသာမက မြန်မာပြည်သူများအားလုံး အတွက် လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိမှု၊ လုံခြုံစိတ်ချ ရသော ပတ်ဝန်းကျင်နှင့် အပြန်အလှန် ကူညီစောင့်ရှောက်မှုများကို အာမခံချက်ပေးသည့်  ကောင်းမွန် သော အသိုက်အဝန်းတစ်ခု ဖော်ဆောင်ရာတွင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန် ချေမှုန်းပြီး စစ်မှန်သော ဒီမိုကရေစီစနစ် ဖော်ဆောင်ရန် အလွန်အရေးကြီးပါသည်။

    နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ပြည်တွင်း၊ ပြည်ပရှိ ရွှေ့ပြောင်းသွားလာနေထိုင်လုပ်ကိုင်သူများ အရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှုတွင် အလွန်အရေးပါသော အချက် ဖြစ်ပါသည်။

    သို့ဖြစ်ပါ၍ အိမ်နီးချင်းနိုင်ငံအစိုးရများ၊ International Organization for Migration-IOM, International Labour Organization- ILO နှင့် UNHCR အဖွဲ့ကြီးများအနေဖြင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းသွားလာနေထိုင်သူများ၊ ရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲ နှင့် စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားကာ လိုအပ်သော အရေးယူ ဆောင်ရွက်မှုများကို မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံမှ ပြည်တွင်း၊ ပြည်ပသို့ ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများ အားလုံး ကြုံတွေ့နေရသည့် အကြပ်အတည်းနှင့် စိန်ခေါ်မှု အားလုံးအတွက် အဖြေဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီအား ဖြုတ်ချ၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုတွင် အားထည့်ကူညီပေးကြရန် လေးနက်စွာ တိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်။

    နိဂုံးချုပ်အနေဖြင့် မည်သို့သော စိန်ခေါ်မှုများရှိစေကာမူ ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများ၏ တော်လှန်ရေးတွင် အဘက်ဘက်မှ နည်းလမ်းပေါင်းစုံဖြင့် တတ်အား သ၍ ပူးပေါင်းပါဝင်နေမှုကို များစွာနှစ်ထောင်းအားရ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ပြည်တွင်း၊ ပြည်ပ ရွှေ့ပြောင်းသွားလာနေထိုင်လုပ်ကိုင်ကြသူများအားလုံး မိမိတို့ ရောက်ရှိရာ အရပ်ဒေသများတွင် ဘေးဘရာကင်းဝေးပြီး ကိုယ်စိတ်နှလုံး ကျန်းမာပျော်ရွှင်စွာ နေထိုင် လုပ်ကိုင်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။

     

    နိုင်သုဝဏ္ဏ

    ပြည်ထောင်စုဝန်ကြီး

    အလုပ်သမားဝန်ကြီး

    အမျိုးသားညီညွတ်ရေးအစိုးရ

     

     

  • နွေဦးလုပ်သား သတင်းလွှာ အတွဲ ၁ ၊ အမှတ် ၇ ထွက်ရှိ

    အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)မှစီစဥ်သည့် နွေဦးလုပ်သား သတင်းလွှာ အတွဲ ၁ ၊ အမှတ် ၇ ထွက်ရှိ

    သတင်းမာတိကာ

    – အလုပ်သမားသမဂ္ဂများလွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနမှ အသိပေးကြေညာချက်ထုတ်ပြန်ထား

    – NUG အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံလွှတ်တော်၊ အလုပ်သမားရေးရာကော်မတီတို့ တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး

    – အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်နေ့တွင် NUG အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သုဝဏ္ဏမှ မိန့်ခွန်းပြောကြားခဲ့

    – မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ဝန်ထမ်း ၁၁ ဦး အား NUG အလုပ်သမားဝန်ကြီးဌာနက အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်းကြေညာ

    – NUG အလုပ်သမားဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံရှိမြန်မာအမျိုးသမီးအား သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိ

    – အလုပ်သမားဝန်ကြီးဌာန၊ တိုင်ကြားရေးယန္တရားအဖွဲ့မှ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအပေါ် ကူညီဆောင်ရွက်နေမှုအပါအဝင် အလုပ်သမားရေးရာသတင်းများ၊ ဆောင်းပါးများ၊ ကဗျာများပါဝင်သည်။

    နွေဦးလုပ်သားသတင်းလွှာတွင် လုပ်သားပြည်သူတို့၏ အသံများကိုကြားနိုင်ရန်အတွက် စာမူဖိတ်ခေါ်လွှာနှင့် လုပ်သားအသံကဏ္ဍများထည့်သွင်း ဖော်ပြပေးသွားဖို့ရှိတဲ့အတွက် စာမူနှင့်လုပ်သားအသံများပေးပို့နိုင်ပါရန်ပန်ကြားထားပါသည်။

    ================

    သတင်းလွှာအား Download ရယူဖတ်ရှုလိုပါက – https://assets-mol.nugmyanmar.org/images/2022/12/Dec_BLT.pdf

    ================

  • အလုပ်သမားဝန်ကြီး ဌာနနှင့် ထိုင်းနိုင်ငံ လွှတ်တော်၊ အလုပ်သမားရေးရာကော်မတီတို့ တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနနှင့် ထိုင်းနိုင်ငံ လွှတ်တော်၊ အလုပ်သမားရေးရာကော်မတီတို့ တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး-

     

    ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲ၊ ပြဿနာ များကို ကူညီဖြေရှင်းဆောင်ရွက်ရေးနှင့် အလုပ်သမားရေးရာကိစ္စရပ်များတွင် နှစ်ဖက်ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်နှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနနှင့် ထိုင်းနိုင်ငံ လွှတ်တော်၊ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးခြင်းကို ၇-၁၂-၂၀၂၂ ရက်နေ့တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီနှင့် ဌာနတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ လွှတ်တော် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် လွှတ်တော်အလုပ်သမားရေးရာ အတိုင်ပင်ခံ တို့ တက်ရောက်ခဲ့ပါသည်။

    တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး က ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များကို လည်းကောင်း၊ လွှတ်တော်အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါသည်။

     

    အလုပ်သမားဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ