Author: kar yan

  • World Day for Decent Work (ဂုဏ်သိက္ခာရှိသောလုပ်ငန်းခွင်နေ့)

    World Day for Decent Work (ဂုဏ်သိက္ခာရှိသောလုပ်ငန်းခွင်နေ့)

    ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်

    ဒီကနေ့ အောက်တိုဘာ ၇ ရက် နေ့ဟာ အလုပ်သမားလောကမှာ Decent Work Day လို့ လူသိများတဲ့နေ့တနေ့ဖြစ်ပြီး ဘာသာပြန်ရရင် “ကမ္ဘာ့ဂုဏ်သိက္ခာရှိသောလုပ်ငန်းခွင်နေ့၊ ကမ္ဘာ့ကောင်းမွန်သောအလုပ်ခွင်နေ့” ဟုဆိုရပါလိမ့်မည်။

    သို့ပေမယ့်ယခုလိုစစ်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်ထက်မှာ နယ်ပယ်အသီးသီးကအသိပညာရှင်၊အတတ်ပညာရှင်အလုပ်သမားများအနေဖြင့် သင့်တင့်မျှတပြီး ဖူလုံတဲ့လုပ်ခလစာရရှိရေး၊ ပိုမိုကောင်းမွန်သော လုပ်ငန်းအခြေအနေရရှိရေး၊ ဂုဏ်သိက္ခာရှိသောလုပ်သားများအဖြစ် ရပ်တည်နေထိုင်နိုင်ရေးဆိုတဲ့အခွင့်အရေးတွေဟာ ရရှိလိမ့်မည်မဟုတ် ဆိုတာ အသေအချာပဲ ဖြစ်ပါသည်။

    စစ်ကောင်စီမှ တဖက်ကလုပ်သားထုကြီးကိုတော်လှန်ရေးမှာမပါဝင်လာနိုင်ရေးအတွက် အကြပ်အတည်းမျိုးစုံဖြစ်အောင်နည်းမျိုးစုံနဲ့ဖန်တီးနေသလို အချို့သောအရင်းရှင်ကြီးများ၊ လုပ်ငန်းရှင်ကြီးများကလဲ စစ်ကောင်စီအလိုကျပူးပေါင်းပါဝင်ပြီးလုပ်သားထုအပေါ်ဖိနှိပ်မှုတွေမှာပါဝင်နေတာကိုတွေ့ရပါသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနှင့်ယခုနွေဦးတော်လှန်ရေးကာလကြီးမှာပဲလုပ်သားထု၏ အခွင့်အရေးဆုံးရှုံးနစ်နာမှုတွေကိုစဥ်ဆက်မပြတ်လေ့လာစောင့်ကြည့်နေသလို တော်လှန်ရေးကာလအတွင်းစစ်ကောင်စီနှင့်အပေါင်းအပါအရင်းရှင်များ၏ဖိနှိပ်မှုကြောင့် လုပ်သားထု၏နစ်နာခဲ့တဲ့နစ်နာမှုတွေကိုမှတ်တမ်းတင်ခြင်း၊ အရေးယူရန်နည်းလမ်းများရှာဖွေဆောင်ရွက်ခြင်း အစရှိသဖြင့်နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။

    ထပ်မံပြီးအသိပေးလိုသည်မှာစစ်ကောင်စီအာဏာသိမ်းကာလကိုအခွင့်ကောင်းယူပြီး လုပ်သားထု၏ဂုဏ်သိက္ခာ၊ အကျိုးစီးပွားနှင့်အခွင့်အရေးဆုံးရှုံးနစ်နာအောင်ပြုလုပ်သူ၊ စေခိုင်းသူ မှန်သမျှကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှပြင်းပြင်းထန်ထန်တုံ့ပြန်အရေးယူသွားမည်ဖြစ်သည်။

    မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လုပ်သားထု၏ဂုဏ်သိက္ခာ၊ သင့်တင့်မျှတသောလုပ်ခလစာ၊ လုပ်ငန်းခွင်ကောင်းမွန်စေရေးအတွက်အစဥ်တစိုက်အားထုတ်လျက်ရှိကြောင်းနှင့်ယခု နွေဦးတော်လှန်ရေးကာလအတွင်းအကြမ်းဖက်စစ်ကောင်စီကိုနည်းလမ်းမျိုးစုံဖြင့်တိုက်ပွဲဝင်လျက်ရှိသော နယ်ပယ်အသီးသီးမှာတတ်သိပညာရှင်လုပ်သားများကိုဂုဏ်ယူလေးစားပါကြောင်းပြောကြားအပ်သည်။

  • World Day for Decent Work (ဂုဏ်သိက္ခာရှိသောလုပ်ငန်းခွင်နေ့)

    World Day for Decent Work (ဂုဏ်သိက္ခာရှိသောလုပ်ငန်းခွင်နေ့)

    ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်

    ဒီကနေ့ အောက်တိုဘာ ၇ ရက် နေ့ဟာ အလုပ်သမားလောကမှာ Decent Work Day လို့ လူသိများတဲ့နေ့တနေ့ဖြစ်ပြီး ဘာသာပြန်ရရင် “ကမ္ဘာ့ဂုဏ်သိက္ခာရှိသောလုပ်ငန်းခွင်နေ့၊ ကမ္ဘာ့ကောင်းမွန်သောအလုပ်ခွင်နေ့” ဟုဆိုရပါလိမ့်မည်။

    သို့ပေမယ့်ယခုလိုစစ်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်ထက်မှာ နယ်ပယ်အသီးသီးကအသိပညာရှင်၊အတတ်ပညာရှင်အလုပ်သမားများအနေဖြင့် သင့်တင့်မျှတပြီး ဖူလုံတဲ့လုပ်ခလစာရရှိရေး၊ ပိုမိုကောင်းမွန်သော လုပ်ငန်းအခြေအနေရရှိရေး၊ ဂုဏ်သိက္ခာရှိသောလုပ်သားများအဖြစ် ရပ်တည်နေထိုင်နိုင်ရေးဆိုတဲ့အခွင့်အရေးတွေဟာ ရရှိလိမ့်မည်မဟုတ် ဆိုတာ အသေအချာပဲ ဖြစ်ပါသည်။

    စစ်ကောင်စီမှ တဖက်ကလုပ်သားထုကြီးကိုတော်လှန်ရေးမှာမပါဝင်လာနိုင်ရေးအတွက် အကြပ်အတည်းမျိုးစုံဖြစ်အောင်နည်းမျိုးစုံနဲ့ဖန်တီးနေသလို အချို့သောအရင်းရှင်ကြီးများ၊ လုပ်ငန်းရှင်ကြီးများကလဲ စစ်ကောင်စီအလိုကျပူးပေါင်းပါဝင်ပြီးလုပ်သားထုအပေါ်ဖိနှိပ်မှုတွေမှာပါဝင်နေတာကိုတွေ့ရပါသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနှင့်ယခုနွေဦးတော်လှန်ရေးကာလကြီးမှာပဲလုပ်သားထု၏ အခွင့်အရေးဆုံးရှုံးနစ်နာမှုတွေကိုစဥ်ဆက်မပြတ်လေ့လာစောင့်ကြည့်နေသလို တော်လှန်ရေးကာလအတွင်းစစ်ကောင်စီနှင့်အပေါင်းအပါအရင်းရှင်များ၏ဖိနှိပ်မှုကြောင့် လုပ်သားထု၏နစ်နာခဲ့တဲ့နစ်နာမှုတွေကိုမှတ်တမ်းတင်ခြင်း၊ အရေးယူရန်နည်းလမ်းများရှာဖွေဆောင်ရွက်ခြင်း အစရှိသဖြင့်နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။

    ထပ်မံပြီးအသိပေးလိုသည်မှာစစ်ကောင်စီအာဏာသိမ်းကာလကိုအခွင့်ကောင်းယူပြီး လုပ်သားထု၏ဂုဏ်သိက္ခာ၊ အကျိုးစီးပွားနှင့်အခွင့်အရေးဆုံးရှုံးနစ်နာအောင်ပြုလုပ်သူ၊ စေခိုင်းသူ မှန်သမျှကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှပြင်းပြင်းထန်ထန်တုံ့ပြန်အရေးယူသွားမည်ဖြစ်သည်။

    မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လုပ်သားထု၏ဂုဏ်သိက္ခာ၊ သင့်တင့်မျှတသောလုပ်ခလစာ၊ လုပ်ငန်းခွင်ကောင်းမွန်စေရေးအတွက်အစဥ်တစိုက်အားထုတ်လျက်ရှိကြောင်းနှင့်ယခု နွေဦးတော်လှန်ရေးကာလအတွင်းအကြမ်းဖက်စစ်ကောင်စီကိုနည်းလမ်းမျိုးစုံဖြင့်တိုက်ပွဲဝင်လျက်ရှိသော နယ်ပယ်အသီးသီးမှာတတ်သိပညာရှင်လုပ်သားများကိုဂုဏ်ယူလေးစားပါကြောင်းပြောကြားအပ်သည်။

  • နွေဦးလုပ်သား သတင်းလွှာ အတွဲ ၁ ၊ အမှတ် ၅ ထွက်ရှိ

    အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)မှစီစဥ်သည့် နွေဦးလုပ်သား သတင်းလွှာ အတွဲ ၁ ၊ အမှတ် ၅ ထွက်ရှိ
     
    သတင်းမာတိကာ
     
    – တိုင်ကြားရေးယန္တရားမှတဆင့်ပြည်တွင်း၊ ပြည်ပ အလုပ်သမားများအပြင် သင်္ဘောသားများ၏ အခွင့်အရေးချိုးဖောက်ခံရမှုများလည်းတိုင်ကြားနိုင်ပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာ
     
    – အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar) ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ မှ ပြောကြားသည့် မိန့်ခွန်း
     
    – ကလေးသူငယ်များ၏ အပေါ် ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်ရေးတွင်နိုင်ငံတကာမှ အားဖြည့်ပံ့ပိုးရန် တာဝန်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရပြော
    – နှစ်နဲ့ချီပြီးအိုတီကြေးမပေးတဲ့အပြင်အိုတီကြေးတောင်းတဲ့အလုပ်သမား ၅၀ ကျော် ကိုနှင်ထုတ်ခဲ့တဲ့စက်ရုံမှထုတ်လုပ်သည့်ဖူဂျီဆပ်ပြာအားပြည်သူများမသုံးစွဲရန်နှိုးဆော်ထား
     
    – အလုပ်သမားဝန်ကြီးဌာန၊ တိုင်ကြားရေးယန္တရားအဖွဲ့မှ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအပေါ် ကူညီဆောင်ရွက်နေမှုအပါအဝင် အလုပ်သမားရေးရာသတင်းများ၊ ဆောင်းပါးများပါဝင်သည်။
    နွေဦးလုပ်သားသတင်းလွှာတွင် လုပ်သားပြည်သူတို့၏ အသံများကိုကြားနိုင်ရန်အတွက် စာမူဖိတ်ခေါ်လွှာနှင့် လုပ်သားအသံကဏ္ဍများထည့်သွင်း ဖော်ပြပေးသွားဖို့ရှိတဲ့အတွက် စာမူနှင့်လုပ်သားအသံများပေးပို့နိုင်ပါရန်ပန်ကြားထားပါသည်။
     
    ================
     
    သတင်းလွှာအား Download ရယူဖတ်ရှုလိုပါက – https://assets-mol.nugmyanmar.org/images/2022/10/OCTNews-Final.pdf
    ================
     
  • နွေဦးလုပ်သား သတင်းလွှာ အတွဲ ၁ ၊ အမှတ် ၅ ထွက်ရှိ

    အလုပ်သမားဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ)မှစီစဥ်သည့် နွေဦးလုပ်သား သတင်းလွှာ အတွဲ ၁ ၊ အမှတ် ၅ ထွက်ရှိ
     
    သတင်းမာတိကာ
     
    – တိုင်ကြားရေးယန္တရားမှတဆင့်ပြည်တွင်း၊ ပြည်ပ အလုပ်သမားများအပြင် သင်္ဘောသားများ၏ အခွင့်အရေးချိုးဖောက်ခံရမှုများလည်းတိုင်ကြားနိုင်ပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာ
     
    – အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar) ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ မှ ပြောကြားသည့် မိန့်ခွန်း
     
    – ကလေးသူငယ်များ၏ အပေါ် ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်ရေးတွင်နိုင်ငံတကာမှ အားဖြည့်ပံ့ပိုးရန် တာဝန်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရပြော
    – နှစ်နဲ့ချီပြီးအိုတီကြေးမပေးတဲ့အပြင်အိုတီကြေးတောင်းတဲ့အလုပ်သမား ၅၀ ကျော် ကိုနှင်ထုတ်ခဲ့တဲ့စက်ရုံမှထုတ်လုပ်သည့်ဖူဂျီဆပ်ပြာအားပြည်သူများမသုံးစွဲရန်နှိုးဆော်ထား
     
    – အလုပ်သမားဝန်ကြီးဌာန၊ တိုင်ကြားရေးယန္တရားအဖွဲ့မှ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအပေါ် ကူညီဆောင်ရွက်နေမှုအပါအဝင် အလုပ်သမားရေးရာသတင်းများ၊ ဆောင်းပါးများပါဝင်သည်။
    နွေဦးလုပ်သားသတင်းလွှာတွင် လုပ်သားပြည်သူတို့၏ အသံများကိုကြားနိုင်ရန်အတွက် စာမူဖိတ်ခေါ်လွှာနှင့် လုပ်သားအသံကဏ္ဍများထည့်သွင်း ဖော်ပြပေးသွားဖို့ရှိတဲ့အတွက် စာမူနှင့်လုပ်သားအသံများပေးပို့နိုင်ပါရန်ပန်ကြားထားပါသည်။
     
    ================
     
    သတင်းလွှာအား Download ရယူဖတ်ရှုလိုပါက – https://assets-mol.nugmyanmar.org/images/2022/10/OCTNews-Final.pdf
    ================
     
  • ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့ရှိ Sim Card စက်ရုံမှ မြန်မာအလုပ်သမား (၁၄) ဦး အား အလုပ်သမားအကျိုးခံစားခွင့်များရရှိရေး ကူညီဆောင်ရွက်ပေးနိုင်ခဲ့

    ၁။ ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့ရှိ Sim Card စက်ရုံမှ မြန်မာအလုပ်သမား (၁၄) ဦး အား စက်ရုံမှ ပုံမှန်အလုပ်မဆင်းခိုင်းဘဲ အလုပ်ရပ်နားမှုများရှိကြောင်း တိုင်ကြားလာသဖြင့် ၂၇-၉-၂၀၂၂ ရက်နေ့နှင့် ၂၈-၉-၂၀၂၂ ရက်နေ့တို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း (AAC အဖွဲ့)နှင့် ဦးသက်ပိုင်မင်းတို့က အယုဒ္ဓယခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်)နှင့် ချိတ်ဆက်၍ အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်းဖြေရှင်းမှုကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့ပါသည်-

    (က) အလုပ်ဆက်လက် လုပ်ကိုင်လိုခြင်းမရှိသည့် အလုပ်သမား (၉) ဦး အတွက် အလုပ်ထုတ်နစ်နာကြေး တစ်ဦးလျှင် (၈၀၀၀) ဘတ် (၁ လစာ) နှုန်းဖြင့် စုစုပေါင်း (၇၂၀၀၀) ဘတ်နှင့် တရားဝင်အလုပ်ပြောင်းရွေ့ခွင့် စာရွက်စာတမ်းများ ကို ၂၇-၉-၂၀၂၂ ရက်နေ့တွင် အလုပ်ရှင်မှ အလုပ်သမားများအား ‌ပေးအပ်ခဲ့ခြင်း၊

    (ခ) အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းသဘောတူညီချက်အရ ကျန်အလုပ်သမား (၅)ဦး အတွက် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားများအား သက်တမ်းတိုးပေးရန်နှင့် တရားဝင်အလုပ်ပြောင်းရွေ့ခွင့် စာရွက်စာတမ်းများ
    အ မြန်ဆုံးပြုလုပ်ပေးရန်၊

    ၂။ မြန်မာနိုင်ငံ၏ အရေးပေါ်ကာလအခြေအနေတွင် အကူညီမဲ့နေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အလုပ်သမားအကျိုး ခံစားခွင့်များရရှိအောင် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသည့် အယုဒ္ဓယခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်) နှင့် ဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ညှိနှိုင်းဖြေရှင်းပေးသည့် ကိုရဲမင်း (AAC အဖွဲ့)နှင့် ဦးသက်ပိုင်မင်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

    ၃။အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့် ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တရား ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
    လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
    တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
    တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug

  • အခွင့်အရေးချိုးဖောက်ခံရသည့် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများနှင့် သင်္ဘောသားများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရားသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးကြေညာခြင်း

    အခွင့်အရေးချိုးဖောက်ခံရသည့် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများနှင့် သင်္ဘောသားများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရားသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးကြေညာခြင်း

    အခွင့်အရေးချိုးဖောက်ခံရသည့် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများနှင့် သင်္ဘောသားများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရားသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးကြေညာခြင်း
    ________________________________________

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရသော ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများ၏နစ်နာမှုများကို မှတ်တမ်းယူခြင်းနှင့်ကူညီဖြေရှင်းခြင်းတို့ ဆောင်ရွက်နိုင်ရန် “အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေးနှင့် တိုင်ကြားရေးယန္တရား” ကို ၁၇–၄–၂၀၂၂ ရက်နေ့တွင် စတင်အကောင်အထည်ဖေါ်ခဲ့ပြီး တိုင်ကြားမှုများကို လက်ခံဖြေရှင်းပေးခြင်း၊ မှတ်တမ်းရယူပြုစုခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

    ယခုအခါ အဆိုပါတိုင်ကြားရေးယန္တရားတွင် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများသာမက အခွင့်အရေးချိုးဖောက်ခံရသည့် သင်္ဘောသားများအနေဖြင့် သတင်းပေးပို့တိုင်ကြားနိုင်ရန် သင်္ဘောသား တိုင်ကြားမှုများကိုပါ လက်ခံ‌ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

    သို့ဖြစ်၍ သင်္ဘောသားများအပါအဝင် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် တိုင်ကြားမှု ပုံစံတွင် အချက်အလက်များ ဖြည့်သွင်း၍ တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားမှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်လုံခြုံရေး ခိုင်မာမှုရှိစေရန် လိုအပ်သော နည်းပညာအဆင့်တိုးမြှင့်ဆောင်ရွက်ထားရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်။

    ဝန်ကြီးဌာနအနေဖြင့် တော်လှန်ရေးကာလအတွင်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် တိုင်ကြားမှုများကို အချိန်နှင့် တပြေးညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပြီး အရေးယူမှုပြုလုပ်ရန်လိုအပ်သည့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများအား စနစ်တကျ မှတ်တမ်းထားရှိ၍ ပြည်သူ့အစိုးရ တာဝန်ယူချိန်တွင် စီရင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

    တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ်လင့်ခ် – https://complaint-mol.nugmyanmar.org

  • ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင်၊ ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားများအတွက် ဖြေရှင်းဆောင်ရွက်ထားရှိမှုအခြေအနေ

     

    ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင်၊ ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားများအတွက် ဖြေရှင်းဆောင်ရွက်ထားရှိမှုအခြေအနေ
    ၁။ ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင် ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံမှ မြန်မာအလုပ်သမား (၁၁၀) ဦးခန့် အလုပ်ထုတ်ခံရပြီး အမျိုးသားညီညွတ်ရေးအစိုးရမှ ဝင်ရောက်ဖြေရှင်းပေးရန် ဆန္ဒဖော်ထုတ်သဖြင့် ၂၁.၉.၂၀၂၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း(AAC အဖွဲ့) နှင့် ဦးသက်ပိုင်မင်း တို့က စမုပရာကန်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးနှင့် ချိတ်ဆက်၍ အောက်ပါအတိုင်း ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်-
    (က) အလုပ်ထုတ်ရာတွင် ကြိုတင်အကြောင်းကြားရန် ပျက်ကွက်ခြင်းကြောင့် အလုပ်သမား ၃၈ ဦးအတွက် လုပ်ခလစာနှင့် လုပ်သက်အလိုက် နစ်နာကြေးများ ရရှိရန် အလုပ်ရှင်အား အမှုဖွင့်ခဲ့ခြင်း၊
    (ခ) အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းသဘောတူမှုအရ ကျန်အလုပ်သမားများအတွက် အလုပ်ရှင်မှ ‌ပေးရန်ကျန်ရှိသောလုပ်အားခများနှင့် တရားဝင်အလုပ်ပြောင်းရွှေ့ခွင့် စာရွက်စာတမ်းများ အမြန်ဆုံးရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း၊

    ၂။ ထို့ပြင် အလုပ်ရှင်အား အမှုဖွင့်ထားသည့် အလုပ်သမား (၃၈) ဦးအတွက် တရားဝင်အလုပ်ပြောင်းရွေ့ခွင့်ရရှိရန် စမုပရာကန်ခရိုင်၊ အလုပ်အကိုင်ဌာန(ကျဟာငန်) နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။

    ၃။ မြန်မာနိုင်ငံ၏ အရေးပေါ်ကာလအခြေအနေတွင် အကူအညီမဲ့နေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အလုပ်သမားအကျိုး ခံစားခွင့်များရရှိအောင် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသည့် စမုပရာကန်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်) ၊ အလုပ်အကိုင်ဌာန (ကျဟာငန်) နှင့် ဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ညှိနှိုင်းဖြေရှင်းပေးသည့် ကိုရဲမင်း (AAC အဖွဲ့)နှင့် ဦးသက်ပိုင်မင်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

    ၄။အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ အရေးပေါ်ကာလ အခြေအနေတွင်လည်း ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကျိုးခံစားခွင့်များ ရရှိအောင် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်ကြားရေးယန္တယား ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း အများပြည်သူသိရှိရန် ကြေညာအပ်ပါသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရား
    လူမှုစာမျက်နှာ – https://fb.me/ComplaintMoLNUG
    တိုင်ကြားရေးယန္တရား ဝဘ်ဆိုဒ် – https://go.molmyanmar.org/complaint
    တိုင်ကြားရေးယန္တရား တယ်လီဂရမ်အကောင့် – https://t.me/molnug

  • ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် MOU အလုပ်သမားများ ဝင်ရောက်လာမည်ဖြစ်၍ မြန်မာအလုပ်သမား (၂၂၇) ဦးအား အကြောင်းမဲ့ အလုပ် ထုတ်ပစ်ခြင်းကိစ္စဖြေရှင်းဆောင်ရွက်ပြီးစီးခြင်း

    ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် MOU အလုပ်သမားများ ဝင်ရောက်လာမည်ဖြစ်၍ မြန်မာအလုပ်သမား (၂၂၇) ဦးအား အကြောင်းမဲ့ အလုပ် ထုတ်ပစ်ခြင်းကိစ္စဖြေရှင်းဆောင်ရွက်ပြီးစီးခြင်း

    ၁။ ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင် (အုန်းရိုင်) Big C ကုန်တိုက်အနီးရှိ အထည်ချုပ် စက်ရုံတစ်ရုံတွင် MOU အလုပ်သမား ဝင်ရောက်လာမည်ဖြစ်သည့်အတွက် ယင်းစက်ရုံ၌ လက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား (၂၂၇) ဦးအား အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံနေရမှုအပေါ် ကူညီဖြေရှင်းပေးပါရန် တိုင်ကြားလာသဖြင့် အဆိုပါစက်ရုံအလုပ်သမားပြဿနာများကို တာဝန်ယူဖြေရှင်းရန် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ပေးအပ်ထားသည့် ကိုရဲမင်း (AAC) အဖွဲ့နှင့် ဦးသက်ပိုင်မင်းတို့သည် နခွန်ပထုန်ရှိ အလုပ်သမားဌာနများနှင့် ချိတ်ဆက်၍ ၈.၉.၂၀၂၂ ရက်နေ့နှင့် ၉.၉.၂၀၂၂ ရက်နေ့တို့တွင် ယင်းစက်ရုံသို့သွားရောက်ပြီး အောက်ပါအတိုင်း ကူညီဖြေရှင်းပေးခဲ့ပါသည်-
    (က) စက်ရုံမှ ကြိုတင်အကြောင်းမကြားပဲအလုပ်ထုတ်သဖြင့် အလုပ်သမား (၁၆၇) ဦး အတွက် (၁၅) ရက်စာ လုပ်ခခံစားခွင့် စုစုပေါင်း (၈၂၉,၁၅၅) ဘတ် နှင့် လုပ်သက် (၁၂၀) ရက်ပြည့်သည့် အလုပ်သမားများ လုပ်သက် နစ်နာကြေးများ ခံစားရရှိနိုင်ရေး အလုပ်သမားကာကွယ် စောင့်ရှောက် ရေးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊
    (ခ) အလုပ်သမားများအား တရားဝင်အလုပ်ပြောင်းရွှေ့ခွင့်ရရှိရန် နခွန်ပထုန် ခရိုင်၊ အလုပ်အကိုင်ဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊
    (ဂ) စက်ရုံမှ မကြာမီ အလုပ်ထုတ်မည့် အလုပ်သမား (၆၀) ဦးအတွက် စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းရာ အလုပ်သမားများ၏ ဆန္ဒ အရ အလုပ်နှုတ်ထွက်စာတင်၍ ရက်သတ္တပတ်အတွင်း တရားဝင်အလုပ် ပြောင်းရွှေ့ခွင့် (ဘိုင်ကျက်အော်) ရရှိနိုင်ရေး သဘောတူညီမှုရရှိခဲ့ပါ ကြောင်းနှင့်
    (ဃ) အလုပ်သမားများအနေဖြင့် အလုပ်အကိုင်အခက်ခဲများရှိပါက နခွန်ပထုန် ခရိုင် အလုပ်အကိုင်ဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊

    ၂။ MOU အလုပ်သမားများ ဝင်ရောက်လာမည်ဖြစ်၍ အကြောင်းမဲ့ အလုပ် ထုတ်ပယ်ခြင်းခံရသည့် အလုပ်သမား (၂၂၇) ဦး၏ အလုပ်သမားရေးရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ အလုပ်သမားဥပဒေများနှင့်အညီ ကူညီ ဆောင်ရွက်ပေးသည့် နခွန်ပထုန်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်)၊ အလုပ် အကိုင်ဌာန(ကျဟာငန်)နှင့် လူမှုဖူလုံရေးဌာန (ပကန်စခွန်) တို့မှ တာဝန်ရှိသူများနှင့် ကိုရဲမင်း (AAC)အဖွဲ့နှင့် ဦးသက်ပိုင်မင်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန မှ ကျေးဇူးအထူးတင်ရှိပါသည်။

    ၃။ ထိုင်းနိုင်ငံသို့ MOU အလုပ်သမားစေလွှတ်ရာတွင် အလုပ်သမား လိုအပ်ချက်ရှိမရှိ စိစစ်မှုမရှိဘဲ စေလွှတ်မည့် Agency အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးကြေညာအပ်ပါသည်။

  • အလုပ်သမားဝန်ကြီးဌာန ကြေညာချက်အမှတ် ၁၂ /၂၀၂၂၊ စက်တင်ဘာလ၊ (၁၀) ရက်

    အလုပ်သမားဝန်ကြီးဌာန ကြေညာချက်အမှတ် ၁၂ /၂၀၂၂၊ စက်တင်ဘာလ၊ (၁၀) ရက်

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

    အမျိုးသားညီညွတ်ရေးအစိုးရ

    အလုပ်သမားဝန်ကြီးဌာန

     

    ကြေညာချက်အမှတ် (၁၂/၂၀၂၂)

    ၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်

    (၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့)

    အမည်ပျက်စာရင်း ကြေညာခြင်းနှင့်ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း

     

    ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံ့ဝန်ထမ်း များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်ဘဲ ဓမ္မဘက်မှရပ်တည်၍ ပြည်သူနှင့်တသားတည်းဖြစ်စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြစေရန် အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်ပါသည်။

    ၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင် ခဲ့ကြသည့် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေး နှင့် ဖိအားကင်းစင်ရေး တို့အတွက် အလေးထားဆောင်ရွက်လျက် ရှိပါသည်။

    ၃။ သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် ဥပဒေနှင့်အညီပြန်ဆပ်ရန်မလိုတော့သည့် လစာ ချေးငွေများအား အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်းများစသည့် အမျိုးမျိုးသော ဖိနှိပ်မှုများကို ကျူးလွန်နေသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ အောက်ဖေါ်ပြပါ ဝန်ထမ်းများအားအမည်ပျက်စာရင်းသွင်းလိုက်ပြီးဝန်ထမ်းအဖြစ်မှထုတ်ပယ် (Dismiss) လိုက်သည်-

     

    စဉ်

    အမည်

    ရာထူး

    တာဝန်ထမ်းဆောင်သည့် ရုံး/ဌာန

    နေရာ

    ၁

    ဒေါ်ဖြိုးမြတ်မြတ်မိုး

    လက်ထောက်မန်နေဂျာ

    (ဥပဒေ)

    ဦးဆောင်ညွှန်ကြားရေးမှူးရုံး

    နေပြည်တော်

    ၂

    ဦးဖြိုးထက်ကျော်

    လက်ထောက် အထွေထွေ မန်နေဂျာ(စီမံကိန်း)

    ဦးဆောင်ညွှန်ကြားရေးမှူးရုံး

    နေပြည်တော်

    ၃

    ဦးဇော်မင်း

    ဒု–ကြီးကြပ်ရေးမှူး(ပို့ဆောင်)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၁)/မြစ်ကြီးနား

    ၄

    ဦးစောမြင့်ဦး

    လက်ထောက် ကြီးကြပ်ရေး မှူး (ရထားထိန်း)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၂)/ကောလင်း

    ၅

    ဦးထွန်းဦး

    ကြီးကြပ်ရေးမှူး (ပို့ဆောင်)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၂)/ရွာထောင်

    ၆

    ဦးမြင့်စိုး

    ရုံပိုင်(တာဝန်ခံ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၂)/မုံရွာ

    ၇

    ဦးတင်ထွဋ်ဝင်း

    ဒုရုံပိုင်

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၂)/ရွာထောင်

    ၈

    ဒေါ်ဝင်းဝင်းသန်း

    အကြီးတန်းစာရေး(မှုထမ်း)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၂)/ရွာထောင်

    ၉

    ဒေါ်မြင့်မြင့်မြတ်

    ရုံးအုပ်

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၂)/ရွာထောင်

    ၁၀

    ဦးဝင်းမြင့်နိုင်

    ဒုကြီးကြပ်ရေးမှူး (သွားလာ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၂)/ကောလင်း

    ၁၁

    ဦးစည်သူလင်း

    လက်ထောက်တိုင်းမန်နေဂျာ

    (သွားလာ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၂)/ရွာထောင်

    ၁၂

    ဦးထန်းလျန်မုန်း

    လက်ထောက်တိုင်းမန်နေဂျာ

    (သွားလာ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၂)/ကောလင်း

    ၁၃

    ဦးမောင်မောင်လွင်

    ရုံပိုင်(တာဝန်ခံ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၂)/ကျွန်းလှ

    ၁၄

    ဦးသောင်းနိုင်

    ဒု–ကြီးကြပ်ရေးမှူး(တွဲစီ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၃)/မြို့ဟောင်း

    ၁၅

    ဦးအောင်လှိုင်ဝင်း

    ကြီးကြပ်ရေးမှူး (ရထား)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၃)/မန္တလေး

    ၁၆

    ဦးစိုးနိုင်

    ကြီးကြပ်ရေးမှူး (ရထား)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၄)/သာစည်

    ၁၇

    ဦးဆွေမြင့်

    ကြီးကြပ်ရေးမှူး (သွားလာ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၄)/သာစည်

    ၁၈

    ဦးတင်ထွန်းအောင်

    မန်နေဂျာ(သွားလာ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၄)/အောင်ပန်း

    ၁၉

    ဦးသာလင်း

    ရုံပိုင်ချုပ်

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၅)နေပြည်တော်

    ၂၀

    ဦးကျော်လှိုင်ထွန်း

    ဒု–ကြီးကြပ်ရေးမှူး(သွားလာ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၆)

    လက်ပန်းတန်း

    ၂၁

    ဦးတင်သိန်းဦး

    ကြီးကြပ်ရေးမှူး (သွားလာ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၆)/ပဲခူး

    ၂၂

    ဦးယဉ်မင်းဦး

    မန်နေဂျာ(သွားလာ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၆)/ရန်ကုန်

    ၂၃

    ဦးဝင်းဘို

    ကြီးကြပ်ရေးမှူး (ပို့ဆောင်)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၆)/ရန်ကုန်

    ၂၄

    ဦးဝဏ္ဏထွန်း

    လ/ထ မန်နေဂျာ (သွားလာ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၆)/ပဲခူး

    ၂၅

    ဦးကျော်စွာ

    ဒု–ကြီးကြပ်ရေးမှူး (ယာဒ်ဝင်းပိုင်)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၇)/ရန်ကုန်

    ၂၆

    ဦးထွန်းအောင်

    ဒု–ကြီးကြပ်ရေးမှူး(ရထား)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၇)/ရန်ကုန်

    ၂၇

    ဦးသောင်းထိုက်

    ရုံပိုင်ချုပ်ကြီး

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၇)/ရန်ကုန်

    ၂၈

    ဒေါ်ချစ်စုအောင်

    ရုံးအုပ် (သွားလာ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၉)/ဟင်္သာတ

    ၂၉

    ဦးကြည်စိုး

    လ/ထ မန်နေဂျာ (သွားလာ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၉)/ဟင်္သာတ

    ၃၀

    ဦးဇော်စိုင်း

    ဒု– ကြီးကြပ်ရေးမှူး (ပို့ဆောင်)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၉)/ဟင်္သာတ

    ၃၁

    ဦးလှိုင်ဘွား

    ရုံပိုင်

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၉)/ဟင်္သာတ

    ၃၂

    ဦးအောင်အောင်ထွန်း

    ဒု–ကြီးကြပ်ရေးမှူး (သွားလာ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၉)/ဟင်္သာတ

    ၃၃

    ဦးတင်စိုး

    လက်မှတ်စစ်အုပ်

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၁၀)/ပခုက္ကူ

    ၃၄

    ဦးအောင်ဇော်မြင့်

    မန်နေဂျာ(သွားလာ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၁၀)/ပခုက္ကူ

    ၃၅

    ဦးအောင်ဇော်ဦး

    ဒု–ကြီးကြပ်ရေးမှူး (သွားလာ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၁၀)/ပခုက္ကူ

    ၃၆

    ဦးစိုးမင်းဇော်

    ဒု– ကြီးကြပ်ရေးမှူး (ပို့ဆောင်)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၁၁)/ပုဂံ

    ၃၇

    ဦးဇော်နိုင်ဝင်း

    ဒု–ကြီးကြပ်ရေးမှူး (သွားလာ)

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၁၁)

    တောင်တွင်းကြီး

    ၃၈

    ဦးသက်စိုး

    လက်ထောက် အထွေထွေမန်နေဂျာ

    သွားလာပို့ဆောင်ရေးဌာန

    ရုံးချုပ်/နေပြည်တော်

    ၃၉

    ဦးအောင်သူလတ်

    အထွေထွေမန်နေဂျာ

    (သွားလာရေး)

    သွားလာပို့ဆောင်ရေးဌာန

    ရုံးချုပ်/နေပြည်တော်

    ၄၀

    ဦးသန်းဝင်း

    အင်ဂျင်နီယာမှူး(စက်မှု)

    စက်မှုနှင့်လျှပ်စစ်အင်ဂျင်

    နီယာဌာန

    တိုင်း(၄)/သာစည်

    ၄၁

    ဦးကျော်ကျော်

    အလုပ်ရုံစုမှူး(စက်ရုံ–၂)

    (စက်မှု)

    စက်မှုနှင့်လျှပ်စစ်အင်ဂျင်

    နီယာဌာန

    တိုင်း(၅)/တောင်ငူ

    ၄၂

    ဦးမျိုးခိုင်ဦး

    အင်ဂျင်နီယာမှူး(စက်မှု)

    စက်မှုနှင့်လျှပ်စစ်အင်ဂျင်

    နီယာဌာန

    တိုင်း(၆)/ရန်ကုန်

    ၄၃

    ဦးအောင်ထွန်းဦး

    လက်ထောက်အင်ဂျင်နီယာ

    (စက်မှု)

    စက်မှုနှင့်လျှပ်စစ်အင်ဂျင်

    နီယာဌာန

    တိုင်း(၆)/ရန်ကုန်

    ၄၄

    ဦးအောင်မြင့်စိုး

    စက်ခေါင်းမောင်း (၃)

    စက်မှုနှင့်လျှပ်စစ်အင်ဂျင်

    နီယာဌာန

    တိုင်း(၇)/ရန်ကုန်

    ၄၅

    ဦးနေလင်းခိုင်

    အကြီးတန်းစာရေး

    စက်မှုနှင့်လျှပ်စစ်အင်ဂျင်

    နီယာဌာန

    တိုင်း(၇)/ရန်ကုန်

    ၄၆

    ဦးမြင့်သောင်း

    တွဲစီဝင်းအုပ်

    သွားလာပို့ဆောင်ရေးဌာန

    တိုင်း(၇)/ရန်ကုန်

    ၄၇

    ဦးညွှန့်ဌေး

    ကြီးကြပ်ရေးမှူး

    (စက်ခေါင်း)

    စက်မှုနှင့်လျှပ်စစ်အင်ဂျင်

    နီယာဌာန

    တိုင်း(၇)/ရန်ကုန်

    ၄၈

    ဒေါ်ကေခိုင်မိုး

    အလုပ်ရုံစိတ်မှူး

    စက်မှုနှင့်လျှပ်စစ်အင်ဂျင်

    နီယာဌာန

    ဒီဇယ်စက်ခေါင်းစက်ရုံ

    (ရွာထောင်)

    ၄၉

    ဒေါ်ခင်ဝင်းမြင့်

    အလုပ်ရုံစုမှူး

    စက်မှုနှင့်လျှပ်စစ်အင်ဂျင်

    နီယာဌာန

    ဒီဇယ်စက်ခေါင်းစက်ရုံ

    (ရွာထောင်)

    ၅၀

    ဒေါ်ဇာခြည်လင်း

    အလုပ်ရုံစိတ်မှူး

    စက်မှုနှင့်လျှပ်စစ်အင်ဂျင်

    နီယာဌာန

    ဒီဇယ်စက်ခေါင်းစက်ရုံ

    (ရွာထောင်)

    ၅၁

    ဒေါ်ဇာနည်ဝင့်

    လက်ထောက်အင်ဂျင်နီယာ

    (လျှပ်စစ်)

    စက်မှုနှင့်လျှပ်စစ်အင်ဂျင်

    နီယာဌာန

    ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)

    ၅၂

    ဒေါ်ယဉ်မေဦး

    ရုံးအုပ်

    စက်မှုနှင့်လျှပ်စစ်အင်ဂျင်

    နီယာဌာန

    ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)

    ၅၃

    ဦးသန်းစိုး

    အလုပ်ရုံစုမှူး

    စက်မှုနှင့်လျှပ်စစ်အင်ဂျင်

    နီယာဌာန

    ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)

    ၅၄

    ဦးအောင်ဇော်ဦး

    အလုပ်ရုံစိတ်မှူး

    စက်မှုနှင့်လျှပ်စစ်အင်ဂျင်

    နီယာဌာန

    ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)

    ၅၅

    ဒေါ်ကြူကြူစန်း

    ရုံးအုပ်

    စက်မှုနှင့်လျှပ်စစ်အင်ဂျင်

    နီယာဌာန

    လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)

    ၅၆

    ဦးမြင့်ကျော်

    အလုပ်ရုံစုမှူး (၂)

    အချက်ပြနှင့်ဆက်သွယ်ရေးဌာန

    လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)

    ၅၇

    ဦးစန်းလွင်

    လက်ထောက်အထွေထွေမန်နေဂျာ

    အချက်ပြနှင့်ဆက်သွယ်ရေးဌာန

    တိုင်း(၄)ကလော

    ၅၈

    ဦးသက်နောင်ဝင်း

    အင်ဂျင်နီယာမှူးအချက်ပြ

    အချက်ပြနှင့်ဆက်သွယ်ရေးဌာန

    တိုင်း(၅)နေပြည်တော်

    ၅၉

    ဦးနေလင်းမောင်

    အငယ်တန်းအင်ဂျင်နီယာ(၁) အချက်ပြ

    အချက်ပြနှင့်ဆက်သွယ်ရေးဌာန

    တိုင်း(၅)နေပြည်တော်

    ၆၀

    ဦးမြတ်မင်းစိုး

    အငယ်တန်းအင်ဂျင်နီယာ(၁) ဆက်သွယ်ရေး

    အချက်ပြနှင့်ဆက်သွယ်ရေးဌာန

    တိုင်း(၅)နေပြည်တော်

    ၆၁

    ဦးအောင်ဆန်းမင်း

    အငယ်တန်းအင်ဂျင်နီယာ(၁)

    အချက်ပြ

    အချက်ပြနှင့်ဆက်သွယ်ရေးဌာန

    တိုင်း(၅)/ပျဉ်းမနား

    ၆၂

    ဦးမျိုးစည်သူ

    အငယ်တန်းအင်ဂျင်နီယာ(၂) ဆက်သွယ်ရေး

    အချက်ပြနှင့်ဆက်သွယ်ရေးဌာန

    တိုင်း(၅)/ပျဉ်းမနား

    ၆၃

    ဦးသက်ဖုန်းမောက်ကျော်

    အငယ်တန်းအင်ဂျင်နီယာ(၁)

    အချက်ပြ

    အချက်ပြနှင့်ဆက်သွယ်ရေးဌာန

    တိုင်း(၆)

    ညောင်လေးပင်

    ၆၄

    ဒေါ်ခင်ချိုလတ်

    လက်ထောက်မန်နေဂျာ

    ဘဏ္ဍာရေးဌာန

     တိုင်း(၇)/ ရန်ကုန်

    ၆၅

    ဒေါ်စန်းစန်းဝေ

    လက်ထောက်မန်နေဂျာ

    ဘဏ္ဍာရေးဌာန

     ရုံးချုပ်/ နေပြည်တော်

    ၆၆

    ဒေါ်စောနှင်းအေး

    လက်ထောက်မန်နေဂျာ

    ဘဏ္ဍာရေးဌာန

     တိုင်း(၁၀)/ ပခုက္ကူ

    ၆၇

    ဒေါ်မြင့်မြင့်ခိုင်

    မန်နေဂျာ

    ဘဏ္ဍာရေးဌာန

     တိုင်း(၅)/ တောင်ငူ

    ၆၈

    ဒေါ်လဲ့လဲ့ဝင်း

    မန်နေဂျာ

    ဘဏ္ဍာရေးဌာန

     တိုင်း(၇)/ ရန်ကုန်

    ၆၉

    ဒေါ်ခင်မာသန်း

    လက်ထောက်မန်နေဂျာ

    ဘဏ္ဍာရေးဌာန

    တိုင်း(၃)/ မန္တလေး

    ၇၀

    ဦးအုန်းကျော်

    မန်နေဂျာ(ထောက်ပံ့)

    ထောက်ပံ့ဌာန

    ရုံးချုပ်/နေပြည်တော်

     

    (ပုံ)နိုင်သုဝဏ္ဏ

    ပြည်ထောင်စုဝန်ကြီး

    စာအမှတ်။ ၁၃/၁–မမ(စီမံ)/၂၀၂၂(၁၁၁)

    ရက်စွဲ။ ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ ၁၀ ရက်

    ဖြန့်ဝေခြင်း

    နိုင်ငံတော်သမ္မတရုံး

    ဝန်ကြီးချုပ်ရုံး

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)

    ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

    မိတ္တူကို

    ရုံးလက်ခံ

    မျှောစာတွဲ

  • အမျိုးသားကျန်းမာရေးကော်မတီ (NHC) ဖွဲ့စည်းခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar) ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားသည့်မိန့်ခွန်း

    အမျိုးသားကျန်းမာရေးကော်မတီ (NHC) ဖွဲ့စည်းခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar) ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားသည့်မိန့်ခွန်း

    u
    အမျိုးသားကျန်းမာရေးကော်မတီ (NHC) ဖွဲ့စည်းခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar) ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ မှ ပြောကြားသည့် မိန့်ခွန်း
     
    ဒီနေ့ အမျိုးသားကျန်းမာရေးကော်မတီ (NHC) ဖွဲ့စည်းခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖက်ဒရယ် ကျန်းမာရေးစနစ်ဖော်ဆောင်ရန်အတွက် ဒီကနေ့ ကျင်းပသည့် အမျိုးသားကျန်းမာရေး နှီးနှောဖလှယ်ပွဲ (National Health Seminar) ကို တက်ရောက်လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ် များနှင့် ဧည့်သည်တော်များကို မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
     
    ကျနော်ကတော့ မွန်ပြည်ကြားကာကပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) မှ ဥက္ကဌအဖြစ် တာဝန်ယူထားသလို အမျိုးသားညီညွတ်ရေးအစိုးရ၏အလုပ်သမားဝန်းကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ နိုင်ထွန်းဖေ ခေါ် နိုင်သုဝဏ္ဏ ဖြစ်ပါတယ်။ ဒီကနေ့ အခမ်းအနားမှာ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ Mon State Interim Coordination Committee (MSICC)ကိုယ်စား အမှာစကားပြောခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
     
    ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျား –
    မြန်မာတို့‌ပြောလေ့ရှိတဲ့ “အာရောဂျံ ပရမံ လာဘံ”ကျန်းမာခြင်းသည်လာဘ်တစ်ပါး လို့ ဆိုတာပဲ ဖြစ်ပါ တယ်။ ကျမ်းမာခြင်းဟာ မင်္ဂလာရှိတယ်၊ ကံကောင်းခြင်းဖြစ်တယ်လို့ သက်မှတ်ထားကြပါတယ်။ မြန်မာမှုအရ ဆုမွန်ကောင်းတောင်းပေးတာပဲဖြစ်ဖြစ် ဆုမွန်ကောင်းခြွေပေးတာပဲဖြစ်ဖြစ် မေတ္တာပို့ကြ တာပဲဖြစ်ဖြစ်”ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ” ဆိုပြီး တဖက်သူ၊ တဖက်သား အများသူငါ ကို ကျမ်းမာရေး ကောင်းစေချင်တဲ့စေသနာ၊ သဒ္ဓါတရားထက်သန်တဲ့ ယဉ်ကျေးမှုအခြေခံရှိပြီး ဖြစ်ပါတယ်။
     
    ဒီလိုကျန်းမာရေးကို ဦးစားပေးတဲ့ ယဉ်ကျေးမှုအခြေခံရှိထားပြီးတဲ့ ကျနော်တို့တိုင်းပြည်ဟာ ယနေ့ အချိန်မှာ ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှုအနိမ့်ဆုံး၊အဆိုးရွားအညံ့ဖျင်းဆုံး တိုင်းပြည်တွေထဲမှာ ကျ ရောက်သွားပါတယ်။ တချိန်က အရှေ့တောင်အာရှမှာ ကျမ်းမာရေးစောင့်ရှောက်မှုမှာ ရှေ့တန်းမှာ ရှိခဲ့ ရာကနေ အဆိုးရွားဆုံးအခြေအနေထိ ဆုတ်ယုတ်ကျဆင်းသွားခဲ့ပါတယ်။
     
    ဒီလိုအခြေအနေသို့ ကျဆင်းသွားရတာဟာ နိုင်ငံကို စစ်တပ်ကအာဏာသိမ်းပြီး စတင်အုပ်ချုပ်လိုက်က ထဲက ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီး စစ်အာဏာရှင်စနစ် ထူထောင်ပြီးတဲ့နောက် တိုင်းပြည်ရဲ့ အရင်းအမြစ်မှန်သမျှဟာ စစ်တပ်နဲ့စစ်အာဏာရှင်တို့ အကျိုးစီးပွားအတွက်ပဲ ဖြစ်သွား ပါတယ်။ ပြည်သူလူထုအပေါ်မှာ ကဏ္ဍစုံ လျစ်လျူရှုခံရတဲ့အထဲမှာ ကျန်းမာရေးကဏ္ဍဟာလည်း ပါဝင်ခဲ့ပါတယ်။
     
    ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျာ…..
    ယခုအခါ စစ်အာဏာရှင်စနစ်ကိုအပြီးအပိုင်ဖျက်သိမ်းမယ့် တော်လှန်ရေးတရပ်ကို ဆင်နွဲနေတဲ့ ကာလ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့တော်လှန်ရေးဟာ ဘက်စုံ၊ကဏ္ဍစုံကိုပါ တော်လှန်ပြောင်းလဲနေရတဲ့ တော် လှန်ရေး ဖြစ်ပါတယ်။
     
    ယနေ့တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ကျနော်တို့ ပြည်သူတရပ်လုံး လိုလား တောင့်တသည့် ကျနော်တို့နိုင်ငံ၏ငြိမ်းချမ်းရေး တိုးတက်ဖွံ့ဖြိုးရေးနှင့် ကျနော်တို့ တိုင်းရင်းသားလူမျိုး များအကြား သွေးစည်းညီညွတ်စွာ အတူယှဉ်တွဲနေထိုင်နိုင်သည့် ပြည်ထောင်စုစနစ်ကိုလည်း တည် ဆောက်ရမည့် တော်လှန်ရေး ဖြစ်ပါတယ်။
     
    ဒီအထဲမှာ ကျန်းမာရေးကဏ္ဍလည်း ကျနော်တို့နိုင်ငံနှင့် ကိုက်ညီသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကို တနည်းအားဖြင့် ဖက်ဒရယ်ကျန်းမာရေးစနစ်ကို ထူထောင်ရမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ် ထူ ထောင်ပြီး ဖက်ဒရယ်ကျန်းမာရေးစနစ်၊ ဖက်ဒရယ်ပညာရေးစနစ် စတာတွေ မထူထောင်ရင် အင်္ဂါမပြည့် စုံတဲ့ ဖက်ဒရယ်ဖြစ်သွားပါလိမ့်မယ်။
     
    ဒီကနေ့ ဒီနေ့ အမျိုးသားကျန်းမာရေးကော်မတီ (NHC) က ပြုလုပ်သည့် အမျိုးသားကျန်းမာရေး နှီးနှော ဖလှယ်ပွဲ (National Health Seminar) ဟာ ဖက်ဒရယ်ကျန်းမာရေး စနစ်တည်ဆောက်ဘို့အတွက် လိုအပ်တဲ့ အုတ်မြစ်တွေကို ပြင်ဆင်ချမှတ်တဲ့ နှီးနှောဖလှယ်ပွဲလို့ နားလည်ရပါတယ်။
     
    ဒီနှီးနှောဖလှယ်ပွဲမှာ ဆေးနွေးမည့် Themes ငါးခုဖြစ်တဲ့ Health policies, (Human resources for health, Universal health coverage – UHC, Current challenges on health system, Occupational safety & health တွေဟာ ယနေ့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ ကျန်းမာရေးလိုအပ်ချက်နှင့် အနာဂတ်တည်ဆောက်မည့် ဖက်ဒရယ်ကျန်းမာရေးစနစ်အတွက် အရေးကြီးခေါင်းစဉ်များဖြစ်သည့်အတွက် ဒီနှီးနှောဖလှယ်ပွဲကနေ ထွက်လာတဲ့ ရလဒ်တွေကို ဖက်ဒရယ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုလည်း ပုံဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။
     
    ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျား
    နိုင်ငံရေး၊ စီးပွားရေး၊ လူမှု့ရေး၊ ကျမ်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု့ စသဖြင့်အဖက်ဖက်က ချွတ်ခြုံကျပြီး နာမကျမ်း ဖြစ်နေတဲ့၊ရောဂါစုံနေတဲ့လူမမာနိုင်ငံကြီးကို ကယ်တင်ကုစားဖို့နိုင်ဘို့အတွက် စစ်အာဏာရှင် စနစ်ကိုအမြန်ဆုံးဖယ်ရှားရှင်းလင်းတိုက်ဖျက်ရန် တိုက်တွန်းနှိုးဆော်ရင်းဖြင့် လာမယ့် ဖက်ဒရယ်နိုင်ငံတော်သစ်၊ ဖက်ဒရယ်လူ့ဘောင်သစ်၊ ဖက်ဒရယ်ကျန်းမာရေးစနစ်သစ်ကို လျောက်လှမ်း ကြပါစို့ဟု ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
     
     
    “ဖက်ဒရယ်ကျန်းမာရေးစနစ်ပေါ်ထွန်းစေရမည်”
    “အရေးတော်ပုံအောင်ရမည်”
     
    နိုင်သုဝဏ္ဏ
    ဥက္ကဌ၊ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ
    ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန