
Author: kar yan
-

အလုပ်သမားဝန်ကြီးဌာန ကြေငြာချက်အမှတ် ၆/၂၀၂၁ ၊ နိုဝင်ဘာလ၊ (၂၉)ရက်
အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်ထားသော ထိုင်းနိုင်ငံ၊ ကိုရီးယားသမ္မတ နိုင်ငံနှင့် မလေးရှားနိုင်ငံ တို့တွင်ရောက်ရှိ တာဝန်ထမ်းဆောင်နေသည့် အလုပ်သမားသံအရာရှိ များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ခန့်အပ်ထားသူများ မဟုတ်ဘဲ ပြည်သူကို ဖိနှိပ်ပြီး အာဏာရှင်စနစ်ကို အသက်သွင်းနေသည့်သူများ ဖြစ်သည့်အတွက် ၎င်းတို့အား အမည်ပျက်စာရင်း (Blacklist) ထည့်သွင်း၍ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) ခဲ့ပြီးဖြစ်သဖြင့် ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမာဝန်ကြီးဌာနမှ လေးနက်စွာတိုက်တွန်းကြောင်း အသိပေးကြေညာအပ်ပါသည်။ -

ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး
အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး –ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲများကို သိရှိနိုင်ရေးနှင့် ကူညီစောင့်ရှောက်ပေးနိုင်ရေး အမျိုးသား ညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများတွေ့ဆုံသည့် အခမ်းအနားကို ၂၈-၁၁-၂၀၂၁ရက်နေ့တွင် Zoom Meeting ဖြင့်တွေ့ဆုံခဲ့ရာ အမျိုးသား ညီညွှတ်ရေးအစိုးရ၊ အလုပ် သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဒုတိယအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ(ထိုင်းနိုင်ငံ)မှ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ်သမားများ စုစုပေါင်း ၈၀ ဦးခန့်တက်ရောက်ခဲ့ကြပါသည်။အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံ၏ စစ်အာဏာရှင်တော်လှန်ရေးတွင်တတ်အားသ၍ ပါဝင်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများ အားလုံး၏ စည်းလုံးမှုဖြင့် တော်လှန်ရေးအောင်နိုင်ရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရောက် ညီအစ်ကို မောင်နှမများကို ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲ များကို သိရှိလို၍ ပွင့်ပွင့် လင်းလင်းဆွေးနွေး ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။ထို့နောက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ) မှ ကော်မတီအနေဖြင့် ဆောင်ရွက် ပေးလျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် အလုပ်သမားများမှ အထောက်အထား များ သက်တမ်းတိုးနိုင်ရေး၊ ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးလျက်ရှိသော အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စစ်ကောင်စီသို့ငွေများစီးဆင်းမှု မရှိစေရေးနှင့် မြန်မာအလုပ်သမားများအရေးနှင့်စပ်လျဉ်း၍ဆောင်ရွက်မည့် campaign ကိစ္စတို့ကို မေးမြန်းဆွေးနွေး ခဲ့ရာ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ) မှ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရှိခဲ့ရပါသည်။ -

အမျိုးသားအောင်ပွဲနေ့
၁၀၁ ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့ အား အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမား ဝန်ကြီးဌာနမှ ဂုဏ်ပြုကြိုဆိုပါသည်။

-

အလုပ်သမားဝန်ကြီးဌာန ကြေညာချက်အမှတ် ၅/၂၀၂၁ ၊ စက်တင်ဘာလ၊ (၂၆) ရက်
ကြေညာချက်အမှတ် ၅/၂၀၂၁
အလုပ်သမားများ ရထိုက်သည့် ဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကာကွယ် စောင့်ရှောက်မှုများ အပါအဝင် COVID-19 ကပ်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အစီအမံများနှင့် အထောက်အပံ့များကို အပြည့်အဝစီစဉ်ပေးရန်နှင့် လိုက်နာမှုမရှိသည့် အလုပ်ရှင်များနှင့် အလုပ်ရှင်ကိုယ်စား စီမံခန့်ခွဲသူများအနေဖြင့် သိရှိနိုင်ရန်


-

ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ ဖဲကြိုးဖြူလှုပ်ရှားမှု ပုံရိပ်

“ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထ အမြစ်ဖြတ်၊
အမျိုးသမီးများအပေါ်အကြမ်းဖက်မှု အဆုံးသတ်”အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ ဖဲကြိုးဖြူလှုပ်ရှားမှု ပုံရိပ်
“End Impunity, End Violence against Women”
#EndImpunity_EndVAW
#ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထအမြစ်ဖြတ်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအဆုံးသတ်
#16daysofActivism2021 #ForeverWhiteRibbon -

Twitter Acc အား စတင်ဖွင့်လှစ်ပြီးဖြစ်ကြောင်း အသိပေးကြေညာခြင်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ Twitter Acc အားစတင်ဖွင့်လှစ်ပြီးဖြစ်ကြောင်း အသိပေးကြေညာခြင်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ Twitter Acc ကို အောက်ဖော်ပြပါ Link အားနှိပ်၍သော်လည်းကောင်း၊ ပုံတွင်ပါဝင်သည့် QR Code အား Scan ဖတ်၍သော်လည်းကောင်း Follow ပြုလုပ်ထားနိုင်ပါသည်။
-

ထိုင်းနိုင်ငံအတွင်းမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့် ပြည်တော်ပြန် ထိုင်းရောက်မြန်မာအလုပ်သမားများအနေဖြင့် သိသင့်သိထိုက်သည့်အချက်များနှင့်ပတ်သက်၍ အသိပေးကြေညာချက်
ထိုင်းနိုင်ငံအတွင်းမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့် ပြည်တော်ပြန် ထိုင်းရောက် မြန်မာအလုပ်သမားများ ခင်ဗျား –ပြည်သူ့အစိုးရထံမှ လက်နက်အားကိုးဖြင့် တိုင်းပြည်အာဏာကို မတရားသိမ်းယူခဲ့သည့် အကြမ်းဖက် စစ်ကောင်စီက မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်လာမည့် ပြည်တော်ပြန် မြန်မာအလုပ်သမားများကို မတရားဖမ်းဆီးခံရမှုများမှ ပါးနပ်စွာရှောင်ရှားနိုင်ရေး အတွက် အသိပေးကြေညာအပ်ပါသည် –
ထိုင်းနိုင်ငံအတွင်းမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့် ပြည်တော်ပြန် ထိုင်းရောက်မြန်မာအလုပ်သမားများအနေဖြင့် သိသင့်သိထိုက်သည့်အချက်များနှင့်ပတ်သက်၍ အသိပေးကြေညာချက်
၁။ ပြည်သူ့အစိုးရအား လက်နက်အားကိုးဖြင့် ဖမ်းဆီးကာ တိုင်းပြည်အာဏာကို မတရားသိမ်း ယူခဲ့သည့် အကြမ်းဖက်စစ်ကောင်စီအား တတ်နိုင်သည့်ဘက်မှ နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ပြီး အာဏာရှင်အမြစ်ဖြတ်ရေး နွေဦးတော်လှန်ရေးတွင် တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်နေကြ သည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား ဝန်ကြီးဌာနအနေဖြင့် အထူးဂုဏ်ယူ ကျေဇူး တင်ရှိပါသည်။
၂။ ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် နေရပ်သို့ပြန်လိုကြသည့် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက် လာရာတွင် မြဝတီမြို့ရှိ Quarantine Center များ၌ အောက်ဖော်ပြပါအတိုင်း စစ်ဆေး မှု မျာပြုလုပ်၍ ဖမ်းဆီးမှုများရှိနေပါသည် –
(က) ပြည်တော်ပြန် မြန်မာအလုပ်သမားများ၏ လက်ကိုင်ဖုန်းများအား စစ်ဆေး၍ တော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်နှင့် မှတ်တမ်းဓာတ်ပုံ များတွေ့ရှိကဖမ်းဆီးခြင်း၊
(ခ) Quarantine Center အတွင်း၌ အကြမ်းဖက်စစ်ကောင်စီမှ တာဝန်ပေးထားသူ များက ယူနီဖောင်းဖြင့်ဖြစ်စေ၊ အရပ်ဝတ်များဖြင့် Volunteer အသွင်ယူ၍ဖြစ်စေ “တောထဲတွင် အဆင်ပြေလားဟု” မေးမြန်းရာ အလုပ်သမားများက နားလည်မှု လွဲ၍ “ပြေပါသည်ဟု” ပြောဆိုခဲ့သည့်အတွက် ဖမ်းဆီးခံရမှုများ ရှိနေခြင်း၊
(ဂ) စစ်အာဏာသိမ်းထားသဖြင့် စစ်ကောင်စီအားတော်လှန်ရန် PDF ထဲသို့ ဝင်ရောက် ချင်ပါသလား ဝင်ချင်လျှင် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဟု အယောင်ဆောင် စည်းရုံးသိမ်းသွင်းရာတွင် အလုပ်သမားများက ဝင်ချင်ပါသည်ဟု (မိမိတို့၏ခံယူချက် အမှန်အတိုင်း) ပြန်လည်ဖြေကြားမှုများကြောင့် ဖမ်းဆီးခံရမှုများ ရှိနေခြင်း၊
၃။ သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ပြည်တော်ပြန် မြန်မာအလုပ်သမား များ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ မတရား ဖမ်းဆီးခံရမှုများမှ ပါးနပ်စွာရှောင်ရှားနိုင်ရေး အထက်ပါအခြေအနေများကိုကြိုတင်သိရှိနိုင်ရန် အသိပေး ကြေညာအပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန
အမျိုးသားညီညွှတ်ရေးအစိုးရ
-

အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ)တို့၏ ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ပေးနိုင်ရေး ဖွဲ့စည်းထားသော မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ)တို့၏ ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ပေးနိုင်ရေး ဖွဲ့စည်းထားသော မြန်မာရွှေ့ပြောင်းအလုပ် သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ)တို့၏ ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၁-၁၁-၂၀၂၁ တနင်္ဂနွေနေ့ ညနေပိုင်းတွင် Zoom Meeting ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွှတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီ နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ(ထိုင်းနိုင်ငံ) မှတာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အမျိုးသားညီညွှတ်ရေးအစိုးရမှ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များနှင့်စပ်လျဉ်း၍ ထိရောက်စွာ ကူညီစောင်ရွက် ပေးနိုင်ရန် ထိုင်းနိုင်ငံအစိုးရမှ အမျိုးသားညီညွှတ်ရေးအစိုးရကို အသိ အမှတ်ပြု လက်ခံနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ထိုင်းနိုင်ငံရှိ နိုင်ငံကူးလက်မှတ်နှင့် CI သက်တမ်းကုန်ဆုံးတော့မည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများသက်တမ်းတိုးနိုင်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ -

National Unity Government’s policy on sanctions
[trp_language language=”en_GB”]
[pdf-embedder url=”https://assets-mol.nugmyanmar.org/images/2022/02/Myanmar-Sanctions-Policy-English-Version.pdf” title=”Myanmar Sanctions Policy English Version”]
[/trp_language]
[trp_language language=”my_MM”]
[pdf-embedder url=”https://assets-mol.nugmyanmar.org/images/2022/02/Myanmar-Sanctions-Policy-Burmese-Version.pdf” title=”Myanmar Sanctions Policy Burmese Version”]
[/trp_language] -

ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခြင်း
အမိန့်ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)၇ စက်တင်ဘာလ ၂၀၂၁“ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခြင်း”၁။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် အဓမ္မ လုယုသိမ်းပိုက်ထားရုံမက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါး အကြမ်းဖက် အန္တရာယ်ပြုလျက်ရှိခြင်း၊ ပြည်သူများကလည်း နည်းလမ်းစုံဖြင့် စစ်အာဏာရှင်အုပ်စိုးမှုအား ခုခံတွန်းလှန်လျက် ရှိခြင်း၊ ယခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်လာခြင်း ဟူသော ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည့် အခြေအနေ အရပ်ရပ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ ၇ ရက်မှ စတင်၍ နိုင်ငံတော်အား အရေးပေါ်အခြေအနေ အဖြစ် သတ်မှတ်ကြောင်း အမိန့်ကြေညာချက် ထုတ်ပြန်ပြီး ဖြစ်သည်။၂။ အရေးပေါ်အခြေအနေတွင် စစ်ကောင်စီ၏ လက်အောက်ခံ ဖြစ်လျက်ရှိသော အရပ်ဘက် ရုံးဌာနအားလုံးကို ယနေ့မှ စတင်၍ ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းနှင့် အလုပ်ဆင်းရန် မလိုအပ်ကြောင်း ညွှန်ကြားလိုက်သည်။မန်းဝင်းခိုင်သန်းပြည်ထောင်စုဝန်ကြီးချုပ်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။

