Author: kar yan

  • Merry Christmas 2021

    Merry Christmas 2021

    Merry Christmas

    ငြိမ်းချမ်းသော ခရစ်စမတ်ပွဲတော်အတွက်
    တော်လှန်သော ခရစ်စမတ်ကို ဖြတ်သန်းကြရမယ်..

    အလုပ်သမားဝန်ကြီးဌာန

    ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ

    ဒုတိယဝန်ကြီး ဦးကျော်နီ

  • Myanmar Labour News သတင်းဌာန မှတွေ့ဆုံမေးမြန်းချက်

    Myanmar Labour News သတင်းဌာန မှတွေ့ဆုံမေးမြန်းချက်

     

    DM_with_

    “လူသေသာအရိုးဆွေးချင် ဆွေးသွားမယ်အမှုကဆွေးမသွားဘူး”

    “အလုပ်ရှင်များအနေဖြင့် စစ်အာဏာရှင်စနစ်(ဖက်စစ်စနစ်) အောက်တွင် စစ်အာဏာရှင်နှင့်အတူ ရပ်တည်၍ အလုပ်သမားများကိုဖိနှိပ်ကာ စီးပွားရှာမည်လား (သို့) အလုပ်သမားများနှင့်အတူ စစ်အာဏာရှင်စနစ်ဆိုးကို တိုက်ဖျက်၍ လွတ်လပ်သည့် လူ့ဘောင်အဖွဲ့အစည်းအတွင်း သန့်သန့် ရှင်းရှင်း စီးပွားရှာမည်လား”

    “အလုပ်သမားများကိုမတရားဖိနှိပ်နေသည့် နိုင်ငံခြားသားလုပ်ငန်းရှင်ဖြစ်စေ၊ ပြည်တွင်းလုပ်ငန်းရှင် ဖြစ်စေ အရေးယူမှုအပိုင်းအနေဖြင့် တူညီနေမည်ဖြစ်သည်”

    တော်လှန်ရေးကာလအတွင်း အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးသားညီညွတ် ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီ အား Myanmar Labour News သတင်းဌာန မှ တွေ့ဆုံမေးမြန်းချက်ရာတွင် ဖြေကြားချက်များ

    #MyanmarLabourNews

    https://fb.watch/a5voM0AHK8/

  • လေးကေ့ကော်ဒေသစစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ခြင်း

    လေးကေ့ကော်ဒေသစစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ခြင်း

    ကရင်ပြည်နယ် လေးကေ့ကော်ဒေသသို့ အကြမ်းဖက် စစ်တပ်မှ ထိုးစစ်ဆင်၍ ပြည်သူများနေထိုင်သည့် နေအိမ်များနှင့် ဘာသာရေးအဆောက်အဦများသို့ လက်နှက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ အဆိုပါဒေသရှိ ပြည်သူ ၁၅၀၀ ကျော်သည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ့်ကော်ကင်း စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိခိုလှုံနေကြရပါသည်။
    အလုပ်သမားဝန်ကြီးဌာနနှင့် စေတနာရှင်အလှူရှင်များ စုပေါင်း၍ အဆိုပါ စစ်ဘေးရှောင် ပြည်သူ ၁၅၀၀ ကျော် ရှိသည့်အနက် ပထမအကြိမ်အဖြစ် လူဦးရေ ၅၀၀ စာအတွက် စောင်၊ ခေါက်ဆွဲခြောက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာနှင့် အခြား အရေးပေါ်လိုအပ်သည့် အသုံးအဆောင်များတို့ကို စစ်ဘေးရှောင်ပြည်သူများထံသို့ တိုက်ရိုက်ရောက်ရှိစေရန် မြေပြင် အထိ ပေးပို့ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသည့် စစ်ဘေးရှောင် ပြည်သူများအတွက် ဆက်လက်၍ ထပ်မံပေးပို့လှူဒါန်းနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
  • အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနားကျင်းပ

    အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနားကျင်းပ

    ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်ခဲ့သည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာ သူများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများတွေ့ဆုံသည့်အခမ်းအနားကျင်းပ
    ဒီဇင်ဘာ ၊ ၁၉ ရက်
    ——————————————————-
    ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများတွေ့ဆုံသည့်အခမ်းအနားကို ၁၉-၁၂-၂၀၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် Zoom Meeting ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီ နှင့်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ(ထိုင်းနိုင်ငံ) မှတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ထိုင်းနိုင်ရောက်မြန်မာအလုပ်သမားများ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ က အဖွင့်အမှာစကား ပြောကြားရာ၌ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အဖြစ်ကျင်းပပြုလုပ်သည့် ယနေ့တွေ့ဆုံပွဲကို တက်ရောက်လာကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီမှ အဖွဲ့ဝင်များ၊ အလုပ်သမားများနှင့် ဝန်ကြီးဌာနက တာဝန်ရှိသူများအားလုံး ဘေးဘယာ ကင်းကွာပြီး ကျန်းမာစေကြောင်း နှုတ်ခွန်းဆက်သပါကြောင်း။
    အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနက် ၁၉၃ နိုင်ငံပါဝင်ဖွဲ့စည်း ထားသည့် ကုလသမဂ္ဂအဖွဲ့ကြီးမှ ၂၀၀၀ ပြည့်နှစ်ကစတင်ပြီး ဒီဇင်ဘာလ ၁၈ရက်နေ့ကိုအပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အဖြစ်သတ်မှတ်ခဲ့ပြီး နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ၂၁ နှစ်တိုင် ရှိပြီဖြစ်ပါကြောင်း။ နိုင်ငံတိုင်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတွင် ရွှေ့ပြောင်းသွားလာ နေထိုင်လုပ်ကိုင် သူများ၏ အရေးပါသည့် အခန်းကဏ္ဍကို ရှောင်လွှဲလ၍မရခြင်းကို ပြသနေခြင်းဖြစ်ပါကြောင်း။ ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်း သွားလာသူများနေ့အတွက် ကုလသမဂ္ဂမှ ချမှတ်ထား သည့် ဆောင်ပုဒ်မှာ “လူသားများ၏ ရွေ့ပြောင်းနိုင်မှု အလားအလာကို ဖော်ထုတ်အသုံးချစို့” ရေးဖြစ်ပါကြောင်း။
    မတူညီသည့် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွါးရေး အခြေအနေများသည် ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်း သွားလာနေထိုင်လုပ်ကိုင်ရန် အဓိက တွန်းအားနှင့် ဆွဲအားများဖြစ်ပါကြောင်း။ အဆိုပါ အခြေအနေများတွင် အားမလျော့ပဲ စွန့်စားတတ်ပြီး တတ်နိုင်သလောက် အကောင်းဆုံး အသက်ရှင် နေထိုင်ဖို့ အားထုတ်တတ်သည့် လူသားဗီဇကြောင့် ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်ခြင်းဖြစ်ခဲ့ပြီး ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်ခြင်းသည် တစ်ဦး တစ်ယောက် တစ်မိသားစုအဆင်ပြေရေးအတွက် ရေကြည်ရာမြက်နုရာ ရှာဖွေခြင်းဟုစဉ်းစားပြီး ယခင်က အလေးမထားကြသော်လည်းနောက်ပိုင်း တွင်အရေးကြီးသည့်ကိစ္စရပ်အဖြစ်အားလုံးက အလေးထားလက်ခံလာကြ ကြောင်း။ အဘယ်ကြောင့် ဆိုသော် နိုင်ငံတိုင်းသည် ရွှေ့ပြောင်းသွား လာနေထိုင်လုပ်ကိုင်ခြင်းဖြစ်စဉ်၌ စေလွှတ်နိုင်ငံအဖြစ် သော်လည်းကောင်း လက်ခံနိုင်ငံအဖြစ်ပါ တစ်နည်းနည်းဖြင့် ပါဝင်နေခြင်းဖြစ်ပါကြောင်း။
    ကုလသမဂ္ဂ၏ စစ်တမ်းများအရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာနှင့်အဝှမ်း ရွှေ့ပြောင်း အလုပ် သမား (၁၆၄) သန်းအပါအဝင် စုစုပေါင်း ရွှေ့ပြောင်းသွားလာနေထိုင်သူ (၂၈၁)သန်း ခန့်ရှိပြီး ကမ္ဘာ့ လူဦးရေ၏ ၃.၆ ရာခိုင်နှုန်းရှိကြောင်း၊ ရွှေ့ပြောင်းသွားလာသူများက ယင်းတို့၏ မိသားစုများထံ လွှဲပို့ ငွေမှာ အမေရိကန်ဒေါ်လာ (၇၁၇) ဘီလီယံရှိသည်ကို သိရှိရပါကြောင်း။
    ယခုကာလသည် အကြမ်းဖက်စစ်ကောင်စီကိုဖြုတ်ချပြီး အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်စီမံခန့်ခွဲပိုင်ခွင့် ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းသည် အရေးအကြီးဆုံး ဖြစ်သည်ကို ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံ အသီးသီးမှာရောက်ရှိနေကြသည့် ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူ မြန်မာနိုင်ငံသားများ နားလည် ကြသည်ကို ကျေနပ်အားရဖြစ်မိပါကြောင်း။
    စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေး နွေဦးတော်လှန်ရေးတွင် မြန်မာနိုင်ငံမှရွှေ့ပြောင်း အလုပ်သမားများနှင့် ပြည်ပအခြေချနေထိုင်သူများ၏ အရေးပါသည့် အခန်းကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင်ပေးကြသည့်အတွက် အထူးပင်ဂုဏ်ယူ ဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်းပြောကြား ခဲ့ပါသည်။
    ထို့နောက် ဒုတိယဝန်ကြီး ဦးကျော်နီ က အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ပြည်တွင်း/ပြည်ပ အလုပ်သမားများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေ အနေများ၊ တော်လှန်ရေးကာလ ဆောင်ရွက်မှုအခြေ အနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (ထိုင်းနိုင်ငံ) အထွေထွေအတွင်းရေးမှူး ဦးမိုးဆွေ မှ International Migrant Day အထိမ်းအမှတ်စကား ပြောကြားခဲ့ပါသည်။
    ဆက်လက်၍မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ ကိုကျော်ဇေယျ မှ ပညာပေး အစီအစဉ်အဖြစ် အတွေ့အကြုံမျှဝေခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ် အဖြစ် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများမှသီဆိုဖျော်ဖြေခဲ့ကြပါသည်။
    ထို့နောက် အခမ်းအနားတက်‌‌ရောက်လာကြသော ထိုင်းနိုင်ငံရောက်မြန်မာ အလုပ်သမားများက လက်ရှိကြုံတွေ့နေရသည့်အခက်အခဲများနှင့် အခြေအနေများအား မေးမြန်း တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး အခမ်းအနားကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ပါသည်။
  • အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းသွားလာသူများ နေ့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သည့်သဝဏ်လွှာ

    အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းသွားလာသူများ နေ့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သည့်သဝဏ်လွှာ

    ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သည် အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းသွားလာသူများ နေ့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သည့်သဝဏ်လွှာ—–

  • အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာ သူများနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်မည့် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများနှင့်တွေ့ဆုံပွဲ

    အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာ သူများနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်မည့် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများနှင့်တွေ့ဆုံပွဲ


    ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာ သူများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ တွေ့ဆုံသည့် အခမ်းအနားအစီအစဉ် အား အောက်ပါအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအားလုံးပါဝင်တက်ရောက်နိုင်ရေး အသိပေးဖိတ်ကြားအပ်ပါသည်-
    (Zoom Link အားသက်ဆိုင်ရာ ကော်မတီဝင်များထံမှ ရယူရန်ဖြစ်ပါသည်)

     

     

  • အလုပ်သမားဝန်ကြီးဌာနနှင့် မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားအရေး၊ လူမှုရေးကိစ္စရပ်များကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး

    အလုပ်သမားဝန်ကြီးဌာနနှင့် မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားအရေး၊ လူမှုရေးကိစ္စရပ်များကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး

    အလုပ်သမားဝန်ကြီးဌာနနှင့် မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားအရေး၊ လူမှုရေးကိစ္စရပ်များကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး

    မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများ ကြုံတွေ့နေရသော အခက်အခဲများ ကို သိရှိနိုင်ရေးနှင့် ကူညီစောင့်ရှောက်ပေးနိုင်ရေး၊ မြန်မာရွှေ့ပြောင်း အလုပ် သမားရေးရာကော်မတီ တစ်ရပ်ဖွဲ့စည်းနိုင် ရေးတို့နှင့် စပ်လျဉ်း၍ အမျိုးသား ညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီတို့သည် မလေးရှားနိုင်ငံရှိ မြန်မာ အလုပ်သမားအရေး၊ လူမှုရေးကိစ္စရပ်များ ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများနှင့် ၁၀-၁၂-၂၀၂၁ ရက်နေ့၊ ၁၉:၀၀ နာရီ တွင် Zoom Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
    တွေ့ဆုံဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများ ကြုံတွေ့ နေရသည့် အခက်အခဲ များကို ဝိုင်းဝန်းပူးပေါင်းဖြေရှင်းပေးနိုင်ရေးအတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းနိုင်‌ရေးနှင့် ကူညီဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် မလေးရှားနိုင်ငံရှိ မြန်မာလူမှုအဖွဲ့အစည်းများနှင့်လုပ်သားများက စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက် ပေးနေမှုအခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
  • အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး

    အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး

    အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး –
    ဒီဇင်ဘာ၊ ၄ ရက်
    —————————————-
    တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများ ကြုံတွေ့နေရသော အခက်အခဲများကို သိရှိနိုင်ရေးနှင့် ကူညီစောင့်ရှောက်ပေးနိုင်ရေးအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများတွေ့ဆုံသည့် အခမ်းအနားကို ၄-၁၂-၂၀၂၁ ရက်နေ့တွင် Zoom Meeting ဖြင့်တွေ့ဆုံခဲ့ရာ အခမ်းအနားသို့ အမျိုးသား ညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီနှင့် တာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများ၊ တောင်ကိုရီးယားသမ္မတနိုင်ငံ မြန်မာရွှေ့ပြောင်းလုပ်သားရေးရာကော်မတီမှ အဖွဲ့ဝင်များ နှင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများ စုစုပေါင်း ၁၃၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
    အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တောင်ကိုရီးယား နိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် မြန်မာနိုင်ငံ၏ စစ်အာဏာရှင်တော်လှန်ရေးတွင် အားကြိုးမာန်တက် ပါဝင်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများ အားလုံး၏စည်းလုံးမှုဖြင့်တော်လှန်ရေးသည်အောင်ကိုအောင်မြင်ရမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယား နိုင်ငံသို့ရောက်ရှိနေကြသည့် မြန်မာလုပ်သားများ ကို ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် လုပ်သားများ ကြုံတွေ့နေရသည့် အခက်အခဲများကိုသိရှိလို၍ ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီ က အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ တော်လှန်ရေး ကာလဆောင်ရွက်ချက်များ၊ အလုပ်သမားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများအားရှင်းလင်း ပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ကိုယ်စားလှယ်ရုံး၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ တောင်ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာရွှေ့ပြောင်းလုပ်သားရေးရာ ကော်မတီမှ ကော်မတီအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများကို အသီးသီးရှင်းလင်းပြောကြားခဲ့ပါသည်။
    ဆက်လက်၍ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများမှ Passport သက်တမ်းတိုးနိုင်ရေးကိစ္စရပ်များ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် တောင်ကိုရီယားနိုင်ငံရောက် မြန်မာလုပ်သားများဘက်မှ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ရောင်းချပေးသည့် ငွေတိုက် စာချုပ်ဝယ်ယူနိုင်ရေးအခြေအနေများ၊ မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စစ်ကောင်စီသို့ငွေများစီးဆင်းမှုမရှိ စေရေးနှင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများအရေးနှင့် စပ်လျဉ်း၍ဆောင်ရွက်မည့် Campaign ကိစ္စတို့ကိုမေးမြန်းဆွေးနွေးခဲ့ရာ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။
  • အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီ သည် အင်္ဂလန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံရှိ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံ

    အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီ သည် အင်္ဂလန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံရှိ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံ

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီ သည် အင်္ဂလန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံရှိ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံ
    ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီ သည် ၃-၁၂-၂၀၂၁ ရက်နေ့၊ ၁၅:၃၀ နာရီအချိန်တွင် ပြည်တွင်း/ပြည်ပ ရှိ အလုပ်သမားများအား လူမှုကူညီ စောင့်ရှောက်မှုများပေးနိုင်ရေးနှင့်စပ်လျဉ်း၍ အင်္ဂလန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံရှိ ခရစ်ယာန် ဘာသာရေးအသင်းအဖွဲ့ ခေါင်းဆောင်များ ဖြစ်သည့် Denise Nichols, Anglicare Network and Peace Building Institute ၊ Dr. Ashley Barker, CEO of Seedbeds ၊ Philip Huggins President of National Council of Churches တို့နှင့် Zoom Meeting အသုံးပြု၍ တွေ့ဆုံဆွေးနွေးခဲ့ရာ တွေဆုံပွဲ၌ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကြုံတွေ့နေရသည့် အခက်အခဲများကို ဝိုင်းဝန်းကူညီ ဖြေရှင်းရေး၊ COVID-19 နှင့် စစ်အာဏာသိမ်းမှု၏ အကျိုးဆက်များကြောင့် အလုပ်လက်မဲ့ဖြစ်သွားသည့် ပြည်တွင်းအလုပ်သမားများအတွက် ကိုယ်ပိုင်လုပ်ငန်းငယ်နှင့် အလုပ်အကိုင် သစ်များ ဖန်တီးဖော်ဆောင်နိုင်ရန် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ ပို့ချပေးရေး၊ လူမှုစီးပွားထိခိုက် ခံစားနေရသည့် အလုပ်သမားများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနိုင်ရေး၊ ပြည်တွင်း/ပြည်ပရှိ လုပ်သားထုအတွင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးနှင့် အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ထွန်းကားရေးတို့နှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
  • အလုပ်သမားများ၏ အရေးကိစ္စရပ်များနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန၊ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (LA) တို့ တွေ့ဆုံဆွေးနွေး

    အလုပ်သမားများ၏ အရေးကိစ္စရပ်များနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန၊ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (LA) တို့ တွေ့ဆုံဆွေးနွေး

    ပြည်တွင်း/ပြည်ပရှိ အလုပ်သမားများ၏ အရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (LA) တို့ တွေ့ဆုံဆွေးနွေး——-
    ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့
    ____________________________
    အမျိုးသားညီညွတ် ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစု (LA) တို့တွေ့ဆုံသည့် အခမ်းအနားကို ယနေ့ ၂-၁၂-၂၀၂၁ ရက်နေ့တွင် Zoom Meeting ဖြင့် တွေဆုံခဲ့ရာ ဆွေးနွေးပွဲသို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီးဦးကျော်နီနှင့် တာဝန်ရှိသူများ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (LA) မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
    အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်တွင်း/ပြည်ပရှိ အလုပ်သမားများ၏ အရေးကိစ္စရပ်များ၊ ပြည်တွင်း/ပြည်ပ အလုပ်သမားထုနှင့် CDM ဝန်ထမ်းများကို အကူအညီနှင့် အကာအကွယ်ပေးနိုင်ရေးကိစ္စရပ်များ၊ အကြမ်းဖက်စစ်ကောင်စီအား အမြန်ဆုံး အမြစ်ဖြတ် ဖယ်ရှားနိုင်ရေးကိစ္စရပ်များ၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။