Tag: MayDay2023

  • ပြည်ထောင်စုဝန်ကြီးမှ ကမ္ဘာ့အလုပ်သမားနေ့တွင် ပြောကြားသည့်မိန့်ခွန်း

    ၂ဝ၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင်ကျရောက်သည့်       ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပြောကြားသည့်မိန့်ခွန်း

     ၁။      ဒီနေ့အခမ်းအနားကို တက်‌ရောက်လာတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ဝန်ကြီးဌာန အသီးသီးမှ ပြည်ထောင်စု ဝန်ကြီးများနဲ့ ဒုတိယဝန်ကြီးများ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်များမှ ခေါင်းဆောင်များ၊ မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုမှ အလုပ်သမားကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့် ပြည်တွင်း၊ ပြည်ပမှ အလုပ်သမားများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်…..

    ၂။       ခေတ်အဆက်ဆက် အလုပ်သမားအခွင့်အရေးများ ရရှိအောင် စွန့်လွှတ်တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံတကာမှ အလုပ်သမားများ၊ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် အဆက်ဆက်ကို တော်လှန်မှုမှာ ရှေ့တန်းက ပါဝင်ခဲ့၊ ပါဝင်နေဆဲ ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားထုကို ဂုဏ်ပြုသောအားဖြင့် ဒီနေ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမား ဝန်ကြီးဌာနက ဦးဆောင်ကျင်းပခြင်းဖြစ်ပါတယ်။

    ၃။      မြန်မာအလုပ်သမားများဟာ စစ်အာဏာရှင် အမြစ်ဖြတ်ဖြုတ်ချရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်ရေး နွေဦးတော်လှန်ရေးမှာ အလုပ်သမားအခွင့်အရေးထက် တိုင်းပြည်ချောက်ထဲကျမယ့် အခြေအနေကို ဆွဲတင်ဖို့ နိုင်ရာနည်းလမ်းများနဲ့ တော်လှန်ရေး အင်အားစုအားလုံးနဲ့ ညီညွတ်စွာ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ ဒီညီညွတ်မှု ဖြင့်သာ တော်လှန်ရေးအောင်ပွဲကို အရယူနိုင်မှာဖြစ်လို့ ဒီနှစ်ရဲ့ ကမ္ဘာ့အလုပ်သမားနေ့ ဆောင်ပုဒ်ကို “လုပ်သားထုရဲ့ သွေးစည်းသံ တချီတည်းရုန်းပြီး အောင်ပွဲခံ” “United Voice of Workers, Fight for Federal Future”   လို့သတ်မှတ်ထားပါသည်။

    ၄။      မိမိတို့အလုပ်သမားဝန်ကြီးဌာနဟာ အလုပ်သမားထုကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုနဲ့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တွင် စစ်ကောင်စီကို အသိအမှတ်မပြုရေး၊ အမျိုးသားညီညွတ်‌ရေးအစိုးရကို အသိအမှတ်ပြုရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို တင်ပြပြီး အကြမ်းဖက်စစ်တပ်ကို ထိရောက်စွာ အရေးယူနိုင်‌ရေး၊ ပြည်တွင်းမြေပြင်သပိတ်နှင့် စစ်အာအာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်နေပါတယ်။

    ၅။      ဒါ့အပြင် စစ်ကောင်စီ၏ ပြည်သူများအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကို လက်တွေ့ကျကျ ဟန့်တားနိုင်ရေးအတွက် လေယာဉ်ဆီ၊ စက်သုံးဆီနှင့် လက်နက်ဝယ်ယူမှုတွင် မဖြစ်မနေ အသုံးပြုရမည့် နိုင်ငံခြားဝင်ငွေရရှိမှု ဖြတ်တောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပါတယ်။ မကြာမီ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုနှင့် ပူး‌ပေါင်း၍ စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေရရှိမှု လမ်းကြောင်းကို ဖြတ်တောက်မည့် လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်သွားဖို့ ရှိပါတယ်။

    ၆။      အလုပ်သမားဝန်ကြီးဌာနအနေဖြင့် တော်လှန်အလုပ်သမားများအား လိုအပ်သော အကူအညီပေးခြင်း၊ စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး နေပါတယ်။ တော်လှန်ရေးကာလ ပြည်တွင်း၊ ပြည်ပအလုပ်သမားအခွင့်အရေး ချိုးဖောက်မှု များကို တိုင်ကြားမှုယန္တရား တစ်ခုတည်ထောင်၍ အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့များနှင့် ပူးပေါင်းပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်းပေးခြင်း၊ ပြည်သူ့အစိုးရ တက်လာချိန်တွင် အရေးယူနိုင်ရေး မှတ်တမ်းထားခြင်း၊ ပြည်သူ့ဝန်ထမ်း စီဒီအမ်များနှင့် အလုပ်သမားများအား ကူညီထောက်ပံ့ခြင်း၊ သက်မွေးပညာသင်တန်းနှင့် စွမ်းရည်မြှင့် သင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

    ၇။      ကြားကာလတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ အလုပ်အကိုင်ဖန်တီးရေး နှင့် ဝင်ငွေရရှိတိုးပွားရေး လုပ်ငန်းများကို ပူးပေါင်းအကောင်အထည်ဖော်နေပြီး ပြန်လည် တည်ဆောက်ရေးကာလအတွက် ရည်ရွယ်၍ အလုပ်သမားရေးရာ ဥပဒေမူဘောင် နှင့် လုပ်သားထုစွမ်းရည် မြှင့်တင်ရေးမူဘောင်ကို ရေးဆွဲလျက် ရှိပါတယ်။ ပြည်ပရောက်မြန်မာ ရွှေ့ပြောင်း အလုပ်သမားထုနဲ့ ပူးပေါင်းပြီး ပြည်သူ့ခုခံတော်လှန်စစ်ကို တိုက်ရိုက် အထောက်အကူ ဖြစ်စေမယ့် လုပ်ငန်းများကိုလည်း ဆက်လက် အကောင်အထည် ဖေါ်သွားဖို့ ရှိပါတယ်။

    ၈။      အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံမှာ  အလုပ်သမားများရဲ့ အခြေခံအခွင့်အရေး တွေကို အကာအကွယ်ပေးမယ့် ဥပဒေမူဘောင်နဲ့ လုပ်ထုံးလုပ်နည်းများ ပါဝင်အောင်လည်း ဆောင်ရွက်လျက် ရှိပါတယ်။

    ၉။      မြန်မာပြည်သူတစ်ရပ်လုံး လူ့အခွင့်အ‌ရေး ချိုးဖောက်ခံနေရချိန်မှာ ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားထုအပေါ်မှာလည်း  အခြေခံအလုပ်သမား အခွင့်အရေးချိုးဖောက်မှုခံရမှု များစွာ ရှိနေပါတယ်။ အကြမ်းဖက်စစ်တပ်နဲ့ တိုင်းပြည်ကို အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ချိန်ကစလို့ နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျနေပြီး ပြည်သူတစ်ရပ်လုံး လူမှုစီးပွါး ဒုက္ခပေါင်းစုံ ခံစားနေရတဲ့ အခြေအနေဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူများကို ဖိနှိပ်မှု ပိုမိုကြမ်းကြုတ်လာပြီး ဧပြီလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်မှုမှာ အရပ်သား ၁၇၀ နီးပါးသေဆုံးခဲ့ပြီး ကလေးငယ် ၄၀ ကျော်ပါဝင်ခဲ့ပါတယ်။ ဆေးရုံ၊ ဆေးခန်းများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများလည်း ပိုမိုပြုလုပ် လာပါတယ်။

    ၁၀။    ဒီလိုလွန်စွာခက်ခဲကြပ်တည်းတဲ့ အခြေအနေမှာ တော်လှန်မြန်မာအလုပ်သမားများနဲ့ အတူ  ဓမ္မဘက်က ရပ်တည်ပြီး ပူးပေါင်းကူညီနေတဲ့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂများနဲ့ အဖွဲ့ဝင်အလုပ်သမားများကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ Global Unions တွေရဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ ရပ်တည်ကြောင်းနှင့် နိုင်ငံ ဒီမိုကရေစီ ပြန်လည်ထူထောင်မှုမှာ အတူရှိမည်ဆိုသော ကတိကဝတ်ပြုမှုက မိမိတို့ကို အားတက် စေပါတယ်။ လက်တွေ့ကျပြီး ထိရောက်တဲ့ အကူအညီများ ဆက်လက်ထောက်ပံ့ပေးဖို့ လိုပါတယ်။

    ၁၁။    မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အမျိုးသားညီညွတ်‌ရေးအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နဲ့ ရွှေ့ပြောင်း သွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) တို့ နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ဖို့ လိုပါတယ်။ စစ်တပ်၏ နိုင်ငံရေးမှာ ပါဝင် စွက်ဖက်မှုကို အဆုံးသတ်ခြင်းကသာ ပြဿနာတစ်ခုလုံးကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတာ နိုင်ငံတကာအစိုးရတွေ သိရှိနားလည်ပြီး ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော မိမိတို့ အမျိုးသားညီညွတ်‌ရေး အစိုးရကို အသိအမှတ်ပြု ပူးပေါင်း ဆောင်ရွက်ရန် အရေးကြီးပါတယ်။

    ၁၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို အမှန်တကယ် အကာအကွယ်ပေးမယ့် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ဖို့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖြုတ်ချရေးမှာ  တော်လှန်ရေးမှာ ပါဝင်နေတဲ့ အင်အားစုအားလုံး ညီညွတ်စွာ လက်တွဲပြီး အစွမ်းကုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

    အရေးတော်ပုံမုချအောင်ရမည်။

    နိုင်သုဝဏ္ဏ

    ပြည်ထောင်စုဝန်ကြီး

    အမျိုးသားညီညွတ်ရေးအစိုးရ

  • ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပပြုလုပ်ခဲ့

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဦးစီး၍ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပပြုလုပ်ခဲ့

    အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသည် မေလ (၁)ရက်နေ့တွင် ကျရောက် သည့် ၁၃၃ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားကို ၁-၅-၂၀၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် ၁၃း၀၀ နာရီအတွင် Virtual (Zoom) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

    အခမ်းအနားတွင် နိုင်ငံတော် ယာယီသမ္မတကြီးက ပေးပို့သော ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) သဝဏ်လွှာကို အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်က ဖတ်ကြားခဲ့ပြီး အမျိုးသားညီညွတ် ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပအို့အမျိုးသားဖက်ဒရယ်ကောင်စီမှ ခွန်မြင့်ထွန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ အတွင်းရေးမှူး ဦးထွန်းမြင့်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ တို့က မေဒေးအမှတ်တရ အမှာစကားများ ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ မြန်မာ့နွေဦးတော်လှန်ရေး၏ အစသူရဲကောင်းများဖြစ်သော နိုင်ငံ့ဝန်ထမ်း (CDM များ)နှင့် ပုဂ္ဂလိက ဝန်ထမ်း လုပ်သားများ၏ ပါဝင်လှုပ်ရှားမှုများ မှတ်တမ်းရုပ်သံကို ပြသခဲ့ပြီး အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသော International Union of Food, Agriculture, Hotel, Restaurant, Catering, Tobacco and Allied Workers’ Association (IUF) မှ အထွေထွေအတွင်းရေးမှူးချုပ် Ms. Sue Longley၊ အလုပ်သမားထုနှင့် မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစု (MLA) ကိုယ်စား မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက် (AMTUN)၊ WE Generation Network နှင့် အခြေခံပညာရေးလုပ်သားများ သမဂ္ဂ (BEWU) မှ ဥပဒေအကြံပေး၊ တရားလွှတ်တော်ရှေ့နေ ဦးဌေး တို့က အမှာစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ဥက္ကဌ ဒေါ်မိုးစန္ဒာမြင့်က မြန်မာ အလုပ်သမားတပ်ပေါင်းစုက ပေးပို့သော မေဒေး သဝဏ်လွှာကို ဖတ်ကြားခြင်း၊ နိုင်ငံ့ဝန်ထမ်း CDM နှစ်ဦးက အမှတ်တရ စကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီက နိဂုံးချုပ် စကားပြောကြားကာ တက်ရောက်လာသူများက မြန်မာနိုင်ငံ အလုပ်သမားများ၏ ၂၀၂၃ ခုနှစ်၊ မေဒေးကြွေးကြော်သံဖြစ်သည့် “လုပ်သားထုရဲ့ သွေးစည်းသံ၊ တချီတည်းရုန်းပြီး အောင်ပွဲခံ” ကြွေးကြော်၍ အခမ်းအနားကို မြန်မာစံတော်ချိန် ၁၄း၃၀ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

  • ယာယီသမ္မတကြီးမှ ကမ္ဘာ့အလုပ်သမားနေ့တွင် လုပ်သားထုသို့ပေးပို့သောသဝဏ်လွှာ

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

    အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့

    နိုင်ငံတော်သမ္မတရုံး

    presidentoffice@nugmyanmar.org

    ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး၏ အလုပ်သမားထုသို့ ပေးပို့သော သဝဏ်လွှာ

    ၂၀၂၃ ခုနှစ် မေလ ၁ ရက်

    ၁။       ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများအားလုံး အကြမ်းဖက်စစ်တပ်အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး နွေဦးတော်လှန်ရေးမှာပါဝင်နေသော ရဲဘော်ရဲဘက် များအားလုံး စိတ်၏တည်ကြည်ကြံ့ခိုင်ခြင်း၊ ကိုယ်၏ကျန်းမာခြင်းပြည့်စုံစေရန် ဆန္ဒပြုပါသည်။

    ၂။       လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က အခြေခံအလုပ်သမားအခွင့်အရေးတွေ ရရှိအောင် ညီညွတ်စွာ စုပေါင်းတောင်းဆိုအောင်မြင်ခဲ့တဲ့ ကမ္ဘာအရပ်ရပ်က အလုပ်သမားထုကို ဂုဏ်ပြုပြီး သတ်မှတ်ထားတဲ့ ဒီမေဒေးနေ့မှာ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် စစ်အာဏာရှင် တော်လှန်ရေး များ၌ ပြည်သူနှင့် တသားတည်း ရပ်တည်ပြီး ရှေးတန်းက ဦးဆောင်ပါဝင်တော်လှန်နေတဲ့ ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများအားလုံးရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ဦးညွှတ်ပါသည်။

    ၃။       တော်လှန်ရေးကာလ ၂ နှစ်ကျော်ကြာလာသည့်တိုင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင် မှုအောက်တွင် တော်လှန်အင်အားစုအားလုံးနဲ့အတူ မဆုတ်မနစ် ပူးပေါင်းတိုက်ပွဲဝင်နေမှု အတွက် များစွာ ဂုဏ်ယူအားထားပါသည်။

    ၄။       ဒီအလုပ်သမားများအချင်းချင်း၏ ညီညွတ်မှု၊ တော်လှန်ရေး အင်းအားစုအားလုံးရဲ့ ညီညွတ်မှုကို အခြေခံ၍ နိုင်ရာတာဝန်ကို အပြည့်အဝတာဝန်ယူပြီး ဒီတော်လှန်ရေးအောင်ပွဲကို အရောက်လှမ်း ကြမည်ဆိုသော ရည်မှန်းချက်ဖြင့် ဒီနှစ်အတွက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) ဆောင်ပုဒ်ကို “လုပ်သားထုရဲ့ သွေးစည်းသံ တချီတည်းရုန်းပြီး အောင်ပွဲခံ” “United Voice of Workers Fight for Federal Future”   လို့သတ်မှတ်ထားပါသည်။

    ၅။ အလုပ်သမားသမဂ္ဂများ၏ ဦးဆောင်မှုနှင့် ဒီတော်လှန်ရေးဖြစ်စဉ်တစ်လျှောက် ရဲဝံ့စွာ ကိုယ်ကျိုးစွန့်ပြီး တတ်နိုင်သည့် နည်းလမ်းဖြင့်    ဘက်စုံတော်လှန်နေသော ပြည်တွင်း၊ ပြည်ပ အလုပ်သမားထုရဲ့ တော်လှန်မှုက တော်လှန်ရေးရှေ့ရောက်ဖို့ ကြီးမားတဲ့ ခွန်အားဖြစ်စေပါသည်။

    ၆။ အလုပ်သမားများသည် မိမိတို့လူ့အဖွဲ့အစည်း၏ ကျောရိုးဖြစ်သဖြင့် အမျိုးသားညီညွတ်ရေး အစိုးရက ဦးဆောင်ဖော်ထုတ်နေသည့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်ရေးမူ‌ဘောင်များ တွင် အလုပ်သမားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးမည့် ကတိကဝတ်များ ပါဝင်အောင်ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာန အပါအဝင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများပူးပေါင်းပြီး အလုပ်သမားများအတွက် ကူညီစောင့်ရှောက်ရေးလုပ်ငန်း များ၊ စွမ်းရည်တည်ဆောက်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး တိုးမြှင့်ဆောင်ရွက်နိုင်ရန် လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

    ၇။       အကြမ်းဖက်စစ်တပ်ကို ဖြုတ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုရေး အပါအဝင်၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအတွက် အကြမ်းဖက်စစ်တပ်ကို အိုင်အယ်လ်အို (ILO) တွင် အရေးယူနိုင်ရေး၊ နိုင်ငံတကာအလုပ်သမားသမဂ္ဂများနှင့် ၄င်းတို့၏ အဖွဲ့ဝင် အလုပ်သမားများ တော်လှန်ရေးတွင် ပိုမိုထောက်ခံပါဝင်ကူညီလာရန်၊ ပြည်သူက ချေမှုန်းမှုများအတွက် အရေးကြီးသော စစ်တပ်၏ နိုင်ငံခြားဝင်ငွေရလမ်းများ ပိတ်ဆို့မှုလုပ်ငန်းများ မှာ ကိုယ်တိုင်ဦးဆောင်၍ရော  အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်း၍  မြန်မာအလုပ်သမားထု ၏ မဆုတ်မနစ် ပူးပေါင်းပါဝင်မှုကို မှတ်တမ်းတင်အပ်ပါသည်။

    ၈။       တော်လှန်ရှည်ကြာသည်နှင့်အမျှ ပြည်သူတစ်ရပ်လုံးခံစားရတဲ့ ကိုယ်၊ စိတ်ဒုက္ခတွေ ဆတိုး နေပြီး လူ့အခွင့်အရေးကို အစီအစဉ်တကျ ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့ အကြမ်းဖက် စစ်တပ်လက်အောက်မှာ အလုပ်သမားအခွင့်အ‌ရေးချိုးဖောက်မှုများက ပုံမှန်လုပ်ငန်း တစ်ရပ်ဖြစ် နေခြင်း၊ အလုပ်သမားများကို အကာအကွယ်ပေးအမဲ့ အလုပ်သမားသမဂ္ဂများကိုလည်း မတရား အသင်းကြေညာခြင်း၊ သမဂ္ဂခေါင်းဆောင်များနဲ့ အဖွဲ့ဝင်အလုပ်သမားများကို မတရား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း စသည့်ဖိနှိပ်မှုမျိုးစုံကို စိတ်တိုင်းကျ ဆောင်ရွက်၍ ဖြိုခွင်းထားတဲ့အခြေအနေမှာ ပြည်တွင်းအလုပ်သမားများရဲ့ လူမှုဒုက္ခပေါင်းစုံမှာလည်း တော်လှန်ရေးအမြန်ဆုံးအောင်မှသာ ဖြေရှင်းနိုင်မဲ့ အ‌ခြေအနေဖြစ်ပါသည်။

    ၉။       ဂုဏ်သိက္ခာရှိပြီး အခြေခံအလုပ်သမားအခွင့်အရေးများ အပြည့်အဝအာမခံချက်ပေးမည့် နိုင်ငံတစ်ခု တည်ဆောက်နိုင်ဖို့ တော်လှန်ရေးမှာ တတ်နိုင်တဲ့နည်းဖြင့် မဖြစ်မနေပါဝင်နေမှုကို ဆက်လက်လုပ်ဆောင်ကြရန် အလုပ်သမားထုကြီးကို လေးလေးနက်နက်တိုက်တွန်းပါသည်။

    ၁၀။     နိုင်ငံတကာအလုပ်သမားသမဂ္ဂများနှင့် အဖွဲ့ဝင်များ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးကို အလေးထားသည့် ဒီမိုကရေစီအစိုးရများ၊ အိုင်အယ်လ်အိုအဖွဲ့၊ အိုင်အိုအမ် အဖွဲ့အပါအဝင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ လက်တွေ့ဆန်သော ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက် မှုများကို မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရအား အမြန်ဆုံးလုပ်ဆောင်ပေးကြရန် အလေးအနက် ထား ထပ်မံတောင်းဆိုလိုက်ပါသည်။

    ၁၁။     ကမ္ဘာ့သမိုင်းတွင် မတရားမှုဆန့်ကျင်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြံ့ကြံ့ခံ တော်လှန်အောင်မြင်ခဲ့သည့် စံနမူနာ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားထုအပါအဝင် အင်းအားစုပေါင်းစုံနှင့် ညီညွတ်စွာ တော်လှန်ရေး‌အောင်ပွဲကို အရယူရန် ဒီကမ္ဘာ့အလုပ်သမားနေ့မှာ ထပ်လောင်း သန္နိဋ္ဌာန်ချမှတ်လိုက်ပါသည်။

    အရေးတော်ပုံမုချအောင်ရမည်။

    ဒူဝါလရှီးလ

    အမျိုးသားညီညွတ်ရေးအစိုးရ