Tag: Blacklist

  • အကြမ်းဖက်စစ်ကောင်စီနှင့်တက်ကြွစွာပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိပြီး ကျင့်ဝတ်ဖောက်ဖျက်သည့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအား အမည်ပျက်စာရင်း (BLACK LIST) ကြေညာခြင်း

    အကြမ်းဖက်စစ်ကောင်စီနှင့်တက်ကြွစွာပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိပြီး ကျင့်ဝတ်ဖောက်ဖျက်သည့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအား အမည်ပျက်စာရင်း (BLACK LIST) ကြေညာခြင်း

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

    အမျိုးသားညီညွတ်ရေးအစိုးရ

    အလုပ်သမားဝန်ကြီးဌာန

    ကြေညာချက်အမှတ် (၁/၂၀၂၄)

    ၁၃၈၆ ခုနှစ်၊ကဆုန်လဆန်း ၇ ရက်

    (၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်)

    အကြမ်းဖက်စစ်ကောင်စီနှင့်တက်ကြွစွာပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိပြီး ကျင့်ဝတ်ဖောက်ဖျက်သည့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအား အမည်ပျက်စာရင်း (BLACK LIST) ကြေညာခြင်း

     

    ၁။      အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း၍ စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် ကူညီပံ့ပိုး ပေးနေသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုသည့် အနေဖြင့် ငွေကြေးများ ထောက်ပံ့ပေးနေခြင်း၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ ဝင်ငွေခွန်ကောက်ခံခြင်း နှင့် လုပ်အားခ၏ ၂၅% အား မိသားစုထံလွှဲငွေအဖြစ် လွှဲပြောင်းပေးရန်ဟု အကြောင်းပြပြီး အလုပ် သမားများ၏ ချွေးနည်းစာကို အကြမ်းဖက်စစ်ကောင်စီထံ သွေးစွန်းငွေအဖြစ် လွှဲပြောင်းပေးအပ်ရန် တက်တက်ကြွကြွပူးပေါင်း ဆောင်ရွက်လျက်ရှိခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ဝန်ဆောင်ခ အဆမတန်ကောက်ယူခြင်းနှင့် မိမိဆောင်ရွက်ပေးရမည့်ဝန်ဆောင်မှုကို ပြီးမြောက်အောင်မလုပ်ဆောင် ခြင်း (ဥပမာ-လုပ်ငန်းခွင်သို့ရောက်အောင်မပို့ဆောင်ခြင်း)၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု များကို အချိန်နှင့်တပြေးညီ လိုက်ပါဖြေရှင်း ဆောင်ရွက်ပေးမှုမရှိသည့် ပူးတွဲပါ ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများအား အမည်ပျက်စာရင်း (BLACK LIST) သတ်မှတ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း  ထုတ်ပြန်လိုက်သည်။

    ၂။       ပြည်ပတွင် သွားရောက်လုပ်ကိုင်လိုသည့် ပြည်သူများအနေဖြင့် ကျင့်ဝတ်နှင့် အညီဆောင်ရွက်မှု မရှိသည့် အထက်ပါ Black List သတ်မှတ်ထားသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီ များနှင့် လုံးဝ(လုံးဝ) ဆက်သွယ်ဆောင်ရွက်ခြင်း မပြုကြရန် သတိပေးအပ်ပါသည်။

     

    ပူးတွဲ

    စဉ် အမည် အေဂျင်စီအမည်
    ၁ ဦးမျိုးလွင်     Toe Tet Chan Thar Services Co., Ltd
    ၂ ဦးမင်းလှိုင် Htet Oo Co., Ltd
    ၃ ဒေါ်ပန်းချယ်ရီ         Shwe Ye Phyo Aung Services Co., Ltd
    ၄ ဒေါ်အေးအေးညွှန့် Myanmar and Worldwide Services Co.,Ltd
    ၅ ဦးမြတ်သူ Kaung Myat San Thu Co., Ltd
    ၆ ဦးဝင်းမြင့်     Lucky Employment Co., Ltd
    ၇ ဦးရန်အောင်သူ Golden Myanmar Lighting Co.,Ltd
    ၈ ဦးရဲလွင် Shwe Lwin Lwin Trading Co., Ltd
    ၉ ဦးပီတာညွှန့်မောင် Harmony Services Co., Ltd
    ၁၀ ဦးသန်းထွဋ်ဦး Golden Royal Mandalay Co.,Ltd
    ၁၁ ဦးသောင်းထူး Htet Mam Services Co.,Ltd
    ၁၂ ဒေါ်အေးအေးသိန်း Aye Linn Let Htut Co.,Ltd
    ၁၃ ဒေါ်ပွင့်ဦးခိုင် Towards 21 Services Co.,Ltd
    ၁၄ ဦးအေးမင်း Shwe Yu Lwin Co.,Ltd
    ၁၅ ဦးဇော်မျိုးမြင့် Royal Gate Internation Co.,Ltd
    ၁၆ ဦးမင်းမင်း Ngwe Sin Pale Co.,Ltd
    ၁၇ ဦးအေးကို New Three Diamonds Co.,Ltd

    Agency အမည်ပျက်စာရင်း (Blacklist) များကို​ ဤလင့်ခ်တွင် အချိန်နှင့် တပြေးညီ ကြည့်ရှုစစ်ဆေးနိုင်ပါသည်။

  • အလုပ်သမားဝန်ကြီးဌာန ကြေငြာချက်အမှတ် ၆/၂၀၂၁ ၊ နိုဝင်ဘာလ၊ (၂၉)ရက်

    အလုပ်သမားဝန်ကြီးဌာန ကြေငြာချက်အမှတ် ၆/၂၀၂၁ ၊ နိုဝင်ဘာလ၊ (၂၉)ရက်

    အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်ထားသော ထိုင်းနိုင်ငံ၊ ကိုရီးယားသမ္မတ နိုင်ငံနှင့် မလေးရှားနိုင်ငံ တို့တွင်ရောက်ရှိ တာဝန်ထမ်းဆောင်နေသည့် အလုပ်သမားသံအရာရှိ များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ခန့်အပ်ထားသူများ မဟုတ်ဘဲ ပြည်သူကို ဖိနှိပ်ပြီး အာဏာရှင်စနစ်ကို အသက်သွင်းနေသည့်သူများ ဖြစ်သည့်အတွက် ၎င်းတို့အား အမည်ပျက်စာရင်း (Blacklist) ထည့်သွင်း၍ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) ခဲ့ပြီးဖြစ်သဖြင့် ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမာဝန်ကြီးဌာနမှ လေးနက်စွာတိုက်တွန်းကြောင်း အသိပေးကြေညာအပ်ပါသည်။

  • အလုပ်သမားဝန်ကြီးဌာနက အမိန့်အမှတ် (၂/၂၀၂၁)၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၁) ရက်

    အလုပ်သမားဝန်ကြီးဌာနက အမိန့်အမှတ် (၂/၂၀၂၁)၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၁) ရက်

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက အမိန့်အမှတ် (၂/၂၀၂၁)ကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    အမျိုးသားညီညွတ်ရေးအစိုးရ
    အလုပ်သမားဝန်ကြီးဌာန
    အမိန့်အမှတ် (၂/၂၀၂၁)
    ၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက်
    ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက်
    ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမား ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်စွဲပါ ထုတ်ပြန်ချက်တွင် အကြမ်းဖက် စစ်ကောင်စီကို စိတ်ရောကိုယ်ပါ ထောက်ခံပူးပေါင်းပြီး၊ ဌာနတူဝန်ထမ်းများအား ဖိနှိပ်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထုတ်ပြန်ထားပြီးဖြစ်ပါသည်။
    ၂။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ကာ နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်အတူ ရပ်တည် တိုက်ပွဲဝင်လျက်ရှိကြသော နိုင်ငံ့ဝန်ထမ်းများအား ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ဝန်ထမ်းအိမ်ရာများမှ ဖိအားပေး၍ ချက်ချင်း ဖယ်ရှားစေခြင်း၊ ပြည်သူ့အစိုးရက ပေးဆပ်ရန်မလိုဟု ထုတ်ပြန်ကြေညာထားသည့် နိုင်ငံ့ဝန်ထမ်း ချေးငွေများအား ပြန်လည်ပေးသွင်းရန် အဓမ္မဖိအားပေးခြင်း၊ ရှေးဦးစုံစမ်းမှု(PE) နှင့် ဌာနဆိုင်ရာစစ်ဆေးမှု(DE) များ ပြုလုပ်ရာတွင် တမင်နှိပ်ကွပ်၍ လှုပ်ရှားမှုမှတ်တမ်းတို့အား ရယူဆောင်ရွက်ခြင်း တို့အပြင် အခြားဖိနှိပ်မှုများနှင့် ခြိမ်းခြောက်မှုမျိုးစုံ ပြုလုပ်ကာ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နိုင်ရေးအတွက် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နေသူ ဝန်ထမ်းများအား မိမိတို့ဝန်ကြီးဌာနအနေဖြင့် စက်ဆုတ်စွာ ရှုံ့ချပါသည်။
    ၃။ မိမိတို့ လုပ်ဖော်ကိုင်ဖက်များအပေါ် ရန်ဖက်သဖွယ် သ‌ဘောထားကာ ဓမ္မနှင့် အဓမ္မ ကိုပင် ဆင်ခြင်သုံးသပ်နိုင်ခြင်းမရှိဘဲ အထက်ဖော်ပြပါဖိနှိပ်မှုမျိုးစုံကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကျူးလွန်ဆောင်ရွက်ခဲ့ကြသည့် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ၊ အလုပ်သမားဝန်ကြီးဌာနမှ အောက်ဖော်ပြပါ ဝန်ထမ်း(၆၅)ဦးအား အမည်ပျက်စာရင်း(Blacklist)သွင်း၍ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်(Dismiss)လိုက်သည်။
    နိုင်သုဝဏ္ဏ
    ပြည်ထောင်စုဝန်ကြီး
    အလုပ်သမားဝန်ကြီးဌာန
    အမျိုးသားညီညွတ်ရေးအစိုးရ
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    စာအမှတ်။ ၇/၁-စီမံ/၂၀၂၁(၀၀၂)
    ရက်စွဲ။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက်
    ဖြန့်ဝေခြင်းနိုင်ငံတော်သမ္မတရုံးဝန်ကြီးချုပ်ရုံးပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ပြည်ထောင်စုဝန်ကြီးဌာနအားလုံး