
Blog
-

ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခြင်း
အမိန့်ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)၇ စက်တင်ဘာလ ၂၀၂၁“ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခြင်း”၁။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် အဓမ္မ လုယုသိမ်းပိုက်ထားရုံမက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါး အကြမ်းဖက် အန္တရာယ်ပြုလျက်ရှိခြင်း၊ ပြည်သူများကလည်း နည်းလမ်းစုံဖြင့် စစ်အာဏာရှင်အုပ်စိုးမှုအား ခုခံတွန်းလှန်လျက် ရှိခြင်း၊ ယခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်လာခြင်း ဟူသော ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည့် အခြေအနေ အရပ်ရပ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ ၇ ရက်မှ စတင်၍ နိုင်ငံတော်အား အရေးပေါ်အခြေအနေ အဖြစ် သတ်မှတ်ကြောင်း အမိန့်ကြေညာချက် ထုတ်ပြန်ပြီး ဖြစ်သည်။၂။ အရေးပေါ်အခြေအနေတွင် စစ်ကောင်စီ၏ လက်အောက်ခံ ဖြစ်လျက်ရှိသော အရပ်ဘက် ရုံးဌာနအားလုံးကို ယနေ့မှ စတင်၍ ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းနှင့် အလုပ်ဆင်းရန် မလိုအပ်ကြောင်း ညွှန်ကြားလိုက်သည်။မန်းဝင်းခိုင်သန်းပြည်ထောင်စုဝန်ကြီးချုပ်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။ -

အလုပ်သမားဝန်ကြီးဌာနက အမိန့်အမှတ် (၂/၂၀၂၁)၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၁) ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက အမိန့်အမှတ် (၂/၂၀၂၁)ကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအလုပ်သမားဝန်ကြီးဌာနအမိန့်အမှတ် (၂/၂၀၂၁)၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက်၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက်၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမား ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်စွဲပါ ထုတ်ပြန်ချက်တွင် အကြမ်းဖက် စစ်ကောင်စီကို စိတ်ရောကိုယ်ပါ ထောက်ခံပူးပေါင်းပြီး၊ ဌာနတူဝန်ထမ်းများအား ဖိနှိပ်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထုတ်ပြန်ထားပြီးဖြစ်ပါသည်။၂။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ကာ နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်အတူ ရပ်တည် တိုက်ပွဲဝင်လျက်ရှိကြသော နိုင်ငံ့ဝန်ထမ်းများအား ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ဝန်ထမ်းအိမ်ရာများမှ ဖိအားပေး၍ ချက်ချင်း ဖယ်ရှားစေခြင်း၊ ပြည်သူ့အစိုးရက ပေးဆပ်ရန်မလိုဟု ထုတ်ပြန်ကြေညာထားသည့် နိုင်ငံ့ဝန်ထမ်း ချေးငွေများအား ပြန်လည်ပေးသွင်းရန် အဓမ္မဖိအားပေးခြင်း၊ ရှေးဦးစုံစမ်းမှု(PE) နှင့် ဌာနဆိုင်ရာစစ်ဆေးမှု(DE) များ ပြုလုပ်ရာတွင် တမင်နှိပ်ကွပ်၍ လှုပ်ရှားမှုမှတ်တမ်းတို့အား ရယူဆောင်ရွက်ခြင်း တို့အပြင် အခြားဖိနှိပ်မှုများနှင့် ခြိမ်းခြောက်မှုမျိုးစုံ ပြုလုပ်ကာ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နိုင်ရေးအတွက် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နေသူ ဝန်ထမ်းများအား မိမိတို့ဝန်ကြီးဌာနအနေဖြင့် စက်ဆုတ်စွာ ရှုံ့ချပါသည်။၃။ မိမိတို့ လုပ်ဖော်ကိုင်ဖက်များအပေါ် ရန်ဖက်သဖွယ် သဘောထားကာ ဓမ္မနှင့် အဓမ္မ ကိုပင် ဆင်ခြင်သုံးသပ်နိုင်ခြင်းမရှိဘဲ အထက်ဖော်ပြပါဖိနှိပ်မှုမျိုးစုံကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကျူးလွန်ဆောင်ရွက်ခဲ့ကြသည့် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ၊ အလုပ်သမားဝန်ကြီးဌာနမှ အောက်ဖော်ပြပါ ဝန်ထမ်း(၆၅)ဦးအား အမည်ပျက်စာရင်း(Blacklist)သွင်း၍ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်(Dismiss)လိုက်သည်။နိုင်သုဝဏ္ဏပြည်ထောင်စုဝန်ကြီးအလုပ်သမားဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်စာအမှတ်။ ၇/၁-စီမံ/၂၀၂၁(၀၀၂)ရက်စွဲ။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက်ဖြန့်ဝေခြင်းနိုင်ငံတော်သမ္မတရုံးဝန်ကြီးချုပ်ရုံးပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

-

အလုပ်သမားဝန်ကြီးဌာန ကြေငြာချက်အမှတ် ၃/၂၀၂၁ ၊ သြဂုတ်လ၊ (၂၆)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအလုပ်သမားဝန်ကြီးဌာနကြေညာချက်အမှတ် ၃/၂၀၂၁၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက်၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်၁။ ပြည်သူများက ရွေးကောက်တင်မြှောက်ထားသည့် တရားဝင်အစိုးရထံမှ လက်နက်အားကိုး၍ မတရား အာဏာသိမ်းယူကာ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးလမ်းကြောင်းမှ သွေဖယ်ပြီး၊ အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းမည့် အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ရပ်တန့်နိုင်စေရန်အတွက် ဌာနအသီးသီးရှိ နိုင်ငံ့ဝန်ထမ်းများက နွေဦးတော်လှန်ရေး၏ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)တွင် ရဲဝင့်စွာ ပါဝင်ခဲ့ကြပါသည်။ ထိုသို့ ပါဝင်ခဲ့ မှုကြောင့် နိုင်ငံဝန်ထမ်းများအား အကြမ်းဖက်စစ်ကောင်စီက မတရားအလုပ်ထုတ်ပစ်ခြင်းအပါအဝင် ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင် ခြင်း၊ ရိုက်နှက်စစ်ဆေးခြင်း၊ အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ အမှုဆင်၍ ထောင်ချခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန များတွင် ရာထူးနေရာ လစ်လပ်မှုများစွာ ဖြစ်ပေါ်လျက်ရှိပါသည်။၂။ စစ်အာဏာရှင်ယန္တရား ဆက်လက်လည်ပတ်နိုင်ရန် တဘက်တလမ်းမှ ပူးပေါင်းပါဝင် အားဖြည့်ကူညီလျက်ရှိကြသည့် ဝန်ကြီးဌာနများအနက်မှ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနသည် ဦးစီးဌာနနှင့်အဖွဲ့ရုံးများမှ CDM သူရဲကောင်းများ၏ လစ်လပ်ရာထူးနေရာများအတွက် ၂၀၂၁ ခုနှစ် သြဂုတ်လ ၄ ရက် နေ့တွင် အလုပ်လျှောက်လွှာများ ခေါ်ယူခဲ့ ပါသည်။၃။ အကြမ်းဖက်စစ်ကောင်စီ၏အုပ်ချုပ်မှုကို ပြည်သူတစ်ရပ်လုံးက ညီညွတ်စွာ တွန်းလှန်နေသောကာလတွင် အကြမ်းဖက် စစ်ကောင်စီက ခေါ်ယူသော ရာထူးနေရာများအတွက် အလုပ်လျှောက်ထားခြင်း၊ အလုပ်ခန့်ထားခံရခြင်း၊ ရာထူးတိုးဝင်ရောက်ဖြေဆိုခြင်း၊ ရာထူးတိုးများရယူခြင်းတို့သည် တော်လှန်ရေးတွင် ကျဆုံးသွားသော သူရဲကောင်းများ၊ CDM ဝန်ထမ်းများနှင့် ပြည်သူ တစ်ရပ်လုံးအပေါ် သစ္စာဖောက်ခြင်းဖြစ်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အဆိုပါ လစ်လပ် ရာထူးနေရာများတွင် ဝန်ထမ်းသစ်ခန့်အပ်ခြင်း နှင့် ရာထူးတိုးမြှင့်ခန့်ထားခြင်းတို့အား လုံးဝ အသိအမှတ်ပြုမည်မဟုတ်ကြောင်း နှင့် အကြမ်းဖက်စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နိုင်ရေးအတွက် ဝန်ကြီးဌာနများတွင် ဝင်ရောက် တာဝန်ထမ်းဆောင် သူများ တစ်နည်းအားဖြင့် အာဏာရှင်စနစ်ကို အသက်သွင်းရန် ကြိုးပမ်းမှုတွင် ပူးပေါင်းပါဝင်သူများအား အမည်ပျက်စာရင်း (Blacklist) သွင်း၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေးကြေညာလိုက်သည်။၄။ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နိုင်ရေး အထောက်အကူမဖြစ်စေရန် မိမိ၏ အသိ စိတ်ဓါတ်ဖြင့် စစ်ကောင်စီက ခေါ်ယူသည့်အလုပ်များကို ဝင်ရောက်လျှောက်ထားခြင်း၊ ရာထူးတိုးစာမေးပွဲများဝင်ရောက်ဖြေဆိုခြင်း မပြုသူများအား အမျိုးသားညီညွတ်ရေးအစိုးရက ဆောင်ရွက်မည့် အလုပ်အကိုင်နေရာချထားရေးအစီအစဉ်များနှင့် ရာထူးတိုးမြှင့်ရေး အစီအစဉ်များတွင် ဦးစားပေးစဉ်းစားသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ပုံနိုင်သုဝဏ္ဏပြည်ထောင်စုဝန်ကြီးအလုပ်သမားဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

-

အလုပ်သမားဝန်ကြီးဌာန အမိန့်အမှတ် (၁/၂၀၂၁)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအလုပ်သမားဝန်ကြီးဌာနအမိန့်အမှတ် (၁/၂၀၂၁)မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃ ရက်၁။ အကြမ်းဖက်စစ်ကောင်စီက ပြည်သူရွေးကောက်တင်မြှောက်ထားသော တရားဝင်အစိုးရထံမှ မတရား အာဏာသိမ်းကာ နိုင်ငံကို အုပ်ချုပ်ရန်ကြိုးပမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစတင်၍ နိုင်ငံ၏စီးပွားရေးမှာ ဆိုးဆိုးရွားရွား ထိခိုက်ကျဆင်းခဲ့ပြီး ၎င်းတို့၏ လွန်စွာညံ့ဖျင်းသော စီမံခန့်ခွဲမှုနှင့် ရက်စက်မှု တို့ကြောင့် နိုင်ငံအတွင်း၌ Covid-19 ကပ်ရောဂါ ကူးစက်သေဆုံးမှုများပြန်လည်မြင့်တက်လာပြီး အလုပ်ရှင်၊အလုပ်သမားများအပါအဝင် ပြည်သူအားလုံး၏ စီးပွားရေး၊ လူမှုရေးနှင့်ကျန်းမာရေးအခြေအနေ အလွန် ကြပ်တည်းနေသောကာလဖြစ်၍ အလုပ်ရှင်၊ အလုပ်သမားထုအပေါ် ကျရောက်လျက်ရှိသော ဝန်ထုပ်ဝန်ပိုးတစ်ခုကို လျှော့ချရန်နှင့် လူမှုဖူလုံရေးထည့်ဝင်ကြေးများကို အကြမ်းဖက်စစ်ကောင်စီက အလွဲသုံးစားမှုပြုခြင်းကို အားမပေး/ တားဆီး ရန်အတွက် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၁၀၀အရ အောက်ပါအမိန့်ကို ထုတ်ပြန်လိုက်သည်-(က) အလုပ်ရှင်၊အလုပ်သမားများအနေဖြင့် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ(ပြည်ထောင်စုလွှတ်တော် ဥပဒေ ၁၅/၂၀၁၂) အရ ၂၀၂၁ခုနှစ်၊ သြဂုတ်လမှစ၍ ပေးသွင်းရမည့် ထည့်ဝင်ကြေးများနှင့် ပျက်ကွက်ကြေးများကို နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာမရရှိမီ အချိန်အထိ ကင်းလွတ်ခွင့်ပြုလိုက်သည်။ လူမှုဖူလုံရေး ထည့်ဝင်ကြေးများကို ကင်းလွတ်ခွင့်ပြုလိုက်သော်လည်း လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို ဥပဒေနှင့်အညီ ခံစားခွင့်ရှိပါသည်။(ခ) အပိုဒ်ခွဲ(က)ပါအတိုင်း ကင်းလွတ်ခွင့် ပြုထားသည့် ကာလအတွင်း လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်ရှင်၊ အလုပ်သမားများထံမှ ကင်းလွတ်ခွင့် ပြုထားသည့် ထည့်ဝင်ကြေးများ၊ ပျက်ကွက်ကြေးများကိုတောင်းခံခြင်း၊ လက်ခံရယူခြင်း၊ ရရှိအောင်ကြိုးပမ်း ဆောင်ရွက်ခြင်းများကို လုံးဝ ရပ်ဆိုင်း ထားရမည်။(ဂ) အလုပ်ရှင်များကလည်း ကင်းလွတ်ခွင့်ပြုထားသည့် ထည့်ဝင်ကြေးများ၊ ပျက်ကွက်ကြေးများကို အလုပ်သမား များထံမှ တောင်းခံခြင်း၊ လက်ခံရယူခြင်း၊ ရရှိအောင်ကြိုးပမ်းဆောင်ရွက်ခြင်းများကို ရပ်ဆိုင်းထားရမည်။၂။ ယခု အမိန့်စာပါ ညွှန်ကြားချက်များအား လိုက်နာရန်ပျက်ကွက်သူသည် တည်ဆဲဥပဒေများနှင့်အညီအရေးယူခြင်းခံရမည်။နိုင်သုဝဏ္ဏပြည်ထောင်စုဝန်ကြီးအလုပ်သမားဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်စာအမှတ်။ ၇/၁-စီမံ/၂၀၂၁ (၀၀၁)ရက်စွဲ။ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃ ရက်ဖြန့်ဝေခြင်းနိုင်ငံတော်သမ္မတရုံးဝန်ကြီးချုပ်ရုံးပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

-

အလုပ်သမားဝန်ကြီးဌာန ရက် ၁၀၀ ဆောင်ရွက်ချက်များအား ပြည်သူသို့ အစီရင်ခံစာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအလုပ်သမားဝန်ကြီးဌာနရက် ၁၀၀ ဆောင်ရွက်ချက်များအား ပြည်သူသို့ အစီရင်ခံစာ၃၁၊ ၇၊ ၂၀၂၁။ဆောင်ရွက်ပြီးစီးမှုအခြေအနေအလုပ်သမားဝန်ကြီးဌာနစတင်ဖွဲ့စည်းပြီးချိန်မှစ၍ မိမိတို့ ဝန်ကြီးဌာန၏ မူဝါဒ၊ ဖွဲ့စည်းပုံများကို ရေးဆွဲ၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြအတည်ပြုချမှတ်ခဲ့ပါသည်။ ပြည်ပရွှေ့ပြောင်းလုပ်သားများအရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာနကိုလည်းကောင်း၊ မြန်မာအလုပ်သမားများ၏ အလုပ်အကိုင်ပိုမိုကျွမ်းကျင်တိုးတက်စေရန်အတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးရေးဦးစီးဌာနကိုလည်းကောင်း တိုးချဲ့ဖွဲ့စည်းခဲ့သည်။၁၉၊ ၀၆၊ ၂၀၂၁ ရက်နေ့တွင် ကျင်းပသည့် ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံ (ပထမပိုင်း-ဇွန်လ ၃ရက်နေ့မှ ၁၉ရက်နေ့အထိ/ ဒုတိယပိုင်း- နိုဝင်ဘာလ ၂၅ရက်နေ့မှ ဒီဇင်ဘာလ ၁၁ရက်နေ့အထိ)သို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နိုင်ရေးအတွက် Credential Committee သို့ ကိုယ်စားလှယ်စာရင်းတင်ပြခဲ့ပါသည်။ Credential Committee အဖွဲ့ဝင်များထံသို့ မိမိတို့ အမျိုးသားညီညွတ်ရေး အစိုးရသည်သာ ပြည်သူလူထုကရွေးချယ်တင်မြောက်ထားသော ကိုယ်စားလှယ်များက ခန့်အပ်တာဝန်ပေးထားသည့် တရားဝင်အစိုးရဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ အထောက် အထားများပူးတွဲလျက် အသိပေးခဲ့ပါသည်။ သို့သော် Credential Committee က အကြမ်းဖက်စစ်ကောင်စီ၏ ကိုယ်စားလှယ်ကိုရော မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်ကိုပါ ညီလာခံတက်ရောက်ခွင့် ဆိုင်းငံ့ထားပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အထူးအေဂျင်စီ(Specialized Agency) တစ်ခုဖြစ်သည်နှင့်အညီ စက်တင်ဘာလတွင်ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ကိုယ်စားလှယ်အရည်အသွေး စိစစ်ရေး ကော်မတီက ဆုံးဖြတ်သည့် ကိုယ်စားလှယ်ကိုသာ လက်ခံမည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။နိုင်ငံတကာရောက်ရွှေ့ပြောင်းအလုပ်သမားများ၊ ရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားသူများနှင့် တွေ့ဆုံပြီး မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်များနှင့်တွေ့ဆုံဆွေးနွေးပြီး ၎င်းတို့မှတဆင့် ၎င်းတို့၏အစိုးရများက အမျိုးသား ညီညွတ်ရေးအစိုးရကို ထောက်ခံလာရေး၊ အကြမ်းဖက်စစ်ကောင်စီအား ဖိအားပေးရေး၊ အကြမ်းဖက်စစ်ကောင်စီနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မပြုလုပ်ရေး၊ မြန်မာပြည်သူများအား ကူညီထောက်ပံ့မှုများ ပေးဆောင်နိုင်ရေး ကိစ္စများဆွေးနွေးခဲ့သည်။အလုပ်သမားများနှင့် CDM ဝန်ထမ်းများ၏ ကိုဗစ်ကူးစက်ခံရမှုအားကုသပေးရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေး အစီအစဥ်များအား ကျန်းမာရေးဝန်ကြီးဌာန အကူအညီဖြင့် ဆောင်ရွက်နေပါသည်။မိမိတို့တည်ရှိရာနေရာတွင်ရောက်ရှိနေသော PDF သင်တန်းသားများအဆင်ပြေစေရေးအတွက် ကာကွယ်ရေး ဝန်ကြီးဌာနနှင့်ချိတ်ဆက်လျက် ကူညီဆောင်ရွက်ပေးနေပါသည်။ဆက်လက်ဆောင်ရွက်ရန်ရည်မှန်းထားသော လုပ်ငန်းများ၁။ အကြမ်းဖက်စစ်ကောင်စီ၏ ညှိနှိုင်းဖြေရှင်းမှုယန္တရားမှာ အလုပ်သမားများအတွက် တရားမျှတမှုရရှိရန် မရေရာသောအခြေအနေတွင် အလုပ်သမားရေးရာအငြင်းပွားမှုများဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ ညှိနှိုင်းဖြေရှင်းရေး ယန္တရားတခု အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ရည်မှန်းထားပါသည်။၂။ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ကရေးဆွဲပြဌာန်းထားသော Convention များတွင် မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ထိုးရန် ကျန်ရှိနေသေးသည့် Fundamental Convention ၄ ခုကျန်ရှိနေသေးရာ အဆိုပါ Convention များကို လက်မှတ်ထိုးနိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သွားရန် ရှိပါသည်။၃။ ခေတ်၊စနစ်နှင့်မကိုက်ညီတော့သည့် အလုပ်သမားဥပဒေများအား ပြန်လည်ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲနိုင်ရေး အတွက် လိုအပ်သောညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်သွားရန် အစီအစဥ်များ ရှိပါသည်။၄။ ပြည်ပနိုင်ငံများတွင် မြန်မာအလုပ်သမားများ အလုပ်သွားရောက်လုပ်ကိုင်နိုင်ရေးအတွက် အစိုးရများထံ တောင်းဆိုဆွေးနွေးမှုများ ပြုလုပ်သွားရန်နှင့် ပြည်တွင်းအလုပ်အကိုင်ရရှိရေး ချိတ်ဆက်ပေးမှုအတွက် ဖြစ်နိုင်မည့် အစီအစဥ်များ အကောင်အထည်ဖေါ်ရန်ရှိပါသည်။၅။ အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးအစိုးရအဖြစ်ခံယူထားသည်ဖြစ်ရာ မိမိတို့သက်ဆိုင်ရာ ဝန်ကြီးဌာနတာဝန်များအပြင် အကြမ်းဖက်စစ်ကောင်စီအားအမြန်ဆုံး ချေမှုန်းနိုင်ရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနအား ကူညီပံ့ပိုးမှုများ ပြုလုပ်သွားမည်။

-

အလုပ်သမားဝန်ကြီးဌာန ကြေငြာချက်အမှတ် ၂/၂၀၂၁ ၊ ဇွန်လ၊ (၂၆)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအလုပ်သမားဝန်ကြီးဌာနကြေညာချက်အမှတ် ၂/၂၀၂၁၁၃၈၃ ခုနှစ်၊ နယုန်လပြည့်ကျော် (၂)ရက်၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၂၆)ရက်၁။ အရပ်သားအစိုးရထံမှ မတရားအာဏာသိမ်းယူထားသော အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် အလုပ်သမားအဖွဲ့ချုပ်များနှင့် အလုပ်သမားရေးဆောင်ရွက်နေသော အဖွဲ့အစည်း ၁၆ ဖွဲ့အား တရားဝင်အဖွဲ့အစည်းများမဟုတ်ကြောင်း၊ ယင်းတို့၏လှုပ်ရှားဆောင်ရွက်မှုများသည်လည်း ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း ဆက်လက်လှုပ်ရှား ဆောင်ရွက်ပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ( ၁၊ ၀၃၊ ၂၀၂၁) ရက်နေ့တွင် ကြေငြာခဲ့သည်။(၁) ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(ABFTU)၊(၂) အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့(၃) အနာဂါတ် အလင်းတန်းဆုံမှတ်အဖွဲ့(၄) Action Labor Rights(၅) All Myanmar Trade Union’s Network(၆) Agriculture Freedom of Myanmar(၇) Association for Labour Development(ALD)(၈) Federation of General Workers Myanmar(၉)Freedom and Labour Action Group(၁၀) Labour Power Group(၁၁) We Generation Network(၁၂) ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၊(၁၃) သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(မြန်မာ)STUM(၁၄) အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(Cooperation Committee of Trade Unions-CCTU)(၁၅) မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(၁၆) စက်မှုလုပ်ငန်းဆိုင်ရာအမျိုးသမီးအလုပ်သမားများအစည်းအရုံး(Industrial Woman Worker Organization-IWWO)၂။ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)၏ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် Freedom of Association Convention 87 ကို လက်မှတ်ထိုးထားသော နိုင်ငံတနိုင်ငံဖြစ်သည်။ အလုပ်သမားတိုင်းသည် မိမိတို့ အလုပ်သမားအရေး ဆောင်ရွက်ရန် အလို့ငှါ အဖွဲ့အစည်းများကို လွတ်လပ်စွာစည်းရုံး ဖွဲ့စည်းခွင့် လှုပ်ရှားဆောင်ရွက်ခွင့် ရှိသည်။ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းခွင့် ဥပဒေသည် မှတ်ပုံတင်ဥပဒေသာဖြစ်သည်။ အဆိုပါ ဥပဒေနှင့်အညီ မှတ်ပုံမတင်သော အလုပ်သမားအဖွဲ့အစည်းများကို တရားမဝင်အဖွဲ့များအဖြစ် သတ်မှတ်ခွင့်မရှိပါ။ ယခုလို အရပ်သားအစိုးရထံမှ မတရားအာဏာလုယူထားသော အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် ဂျီနီဗာ ကွန်ဗင်းရှင်းကို ဖောက်ဖျက်ရာလည်း ရောက်နေပါသည်။ သို့ဖြစ်ရာ အထက်ပါ အလုပ်သမားရေးဆောင်ရွက်နေသော အဖွဲ့အစည်း ၁၆ ဖွဲ့သည် မိမိတို့၏ အဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိကြောင်းနှင့် မိမိတို့၏ သက်ဆိုင်ရာ အလုပ်သမားရေးရာ လုပ်ငန်းများကို လွတ်လပ်စွာ ဆောက်ရွက်ခွင့် ရှိကြောင်း ကြေငြာလိုက်သည်။ပုံနိုင်သုဝဏ္ဏပြည်ထောင်စုဝန်ကြီးအလုပ်သမားဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် -

အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးဌာန၏ (၂/၂၀၂၁) အစည်းဝေးကျင်းပပြုလုပ်ခြင်း ဇွန်လ ၁၇၊ ၂၀၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနဝန်ကြီးဌာန၏ (၂/၂၀၂၁) အစည်းဝေးကျင်းပပြုလုပ်ခြင်းဇွန်လ ၁၇၊ ၂၀၂၁———————-အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန၏ ဝန်ကြီးဌာနတွင်း အစည်းအဝေး ၂/၂၀၂၁ ကို ဇွန်လ ၁၇ ရက်နေ့ ၊ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက အမှာစကားပြောကြားရာတွင် ယခုလိုကာလ၌ ညီညွတ်စွာဖြင့် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်သွားဖို့ လိုအပ်ကြောင်း၊ မကြာမီကာလအတွင်း၌ မိမိတို့ ကြိုးစားထားသည့် အသီးအပွင့်များကို ခံစားရမည်ဖြစ်ကြာင်း ဝန်ကြီးဌာနတွင် တာဝန်ယူထားသူများ၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြု အလေးထားကြောင်း အမှာစကားပြောကြားသွားပါသည်။ထို့နောက် အစည်းအဝေး အစီအစဥ်အတိုင်း ဝန်ထမ်းရေးရာကိစ္စ၊ ဘဏ္ဍာရေးကိစ္စ၊ CDM ကိစ္စ၊ အထွေထွေ ကိစ္စများကို အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဒုတိယအတွင်းဝန် ဦးဌေးလှနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရှေ့ဆက်လုပ်ဆောင်ရမည့်အစီအစဥ်များကို အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ က လိုအပ်သော လုပ်ငန်းလမ်းညွှန်များကို ချမှတ်၍ နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို မွန်းလွဲ ၁ နာရီ ခန့်တွင် ရပ်နားခဲ့ပါသည်။ -

Ministry of Labour Announcement (1/2021) 8 June 2021
Republic of the Union of Myanmar
National Unity Government
Ministry of Labour
Announcement (1/2021)
8 June 20211. Due to the illegal coup staged by the military junta on 1-2-2021, civil servants working under the Ministry of Labour started participating in the Civil Disobedience Movement (CDM) on 8-2-2021 to show their peaceful protest against the junta.
2. But in response to the civil servants’ participation in the CDM, relevant authorities continuing working for the military junta had unfairly issued announcements, regarding the removal of these CDM civil servants under the Civil Servant Rules, Article (171), on 15-2-2021.
3. In addition to the above measures, the military junta had also issued various orders in May announcing the removal and dismissal of these government personnels who participated in the CDM. Furthermore, it also issued letters to threaten these personnels to return the 2-month advance salaries pre-issued to them by the previous civilian government, and threatened some personnels, who have not completed the contract, of facing charges by the existing laws if they fail to repay compensations by 31-5-2021 or within two weeks, as prescribed in the agreement signed during their appointments.
4. However, our democratic government in fact provided a subsidy of 2-month advance salaries to the government personnels in order to relieve and support the socio-economic impacts caused by the COVID-19 pandemic. These subsidies were issued during October 2020 to settle their difficulties, and were designed to repay in 6-month pending and 1-year terms. In this regard, repayment can be made through monthly installments between the regarded 1-year or 12-month terms.
5. In relation to the military junta’s threat to those civil servants who have not completed their contract for compensation, do not meet the terms of the agreement. According to the agreement, personnel shall have to compensate per the terms stated in the agreement, only if, he/she resigns from the position on his/her own consent before completion of the contract. Nevertheless, civil servants participating in the CDM are not regarded as resigning from the posts. Their motives are to show disobedience against the military junta and are temporarily staying away from the workplace. Therefore, compensation is unnecessary.
6. Moreover, the Ministry of Planning, Finance and Investment of the National Unity Government, Myanmar, had also made announcements twice ensuring that pre-issued 2-month advance salaries are salaries which need not be repaid.
7. For this reason, the Ministry of Labour hereby announced condemnation over the unacceptable measures of the military junta which mainly violated the Civil Servant Rules and Laws, and that the CDM civil servants do not hold any responsibilities to repay the pre-issued salaries nor make compensations.
Ministry of Labour
National Unity Government
-

Union Minister and Deputy Minister of the Ministry of Labour, the National Unity Government met with CDM officers from the Ministry
Union Minister, Nai Suwunna, and Deputy Minister, U Kyaw Ni, for theMinistry of Labour met with officers from the Ministry who have been participating in the Civil Disobedience Movement (CDM) via a zoom meeting on 20th May 2021. During the virtual meeting, the Union Minister discussed the Ministry of Labour of the National Unity Government’s endeavour and plans for the CDM officers who are standing against the military junta. Afterwards, the Deputy Minister U Kyaw Ni also explained and discussed the future plans of the ministry. Therefore, the CDM officers also closely and openly presented their current conditions that they had been facing as well as their future plans.
-

Ministry of Labour Announcement 22 May 2021
Republic of the Union of Myanmar
National Unity Government
Ministry of Labour
Announcement
22 May 20211. On 1st February 2021, the military junta, by using arms, arbitrarily detained the political leaders and illegally staged a coup. Therefore, labour forces began their peaceful strikes against the military junta immediately six days after the coup; 6-2-2021. As these labour forces continue to fight against the military junta since then until today by sacrificing their lives, homes and livelihoods, while also in the midst of being arrested and put into jail, the Ministry of Labour hereby appraised their spirits. At the same time, the ministry has also planned to make a list of our heroes who have sacrificed their lives during the revolution to honour them.
2. Since the old days, Myanmar has not been able to enjoy a fruitful democracy and therefore, workers eventually could not fully enjoy their rightful opportunities. Nowadays, when the inhumane military junta currently staged a coup illegally, speaking of labour rights is far from being possible. Some employers have started hearing the military junta’s continuous abuses of various labour rights and suppressions since the early days of the military coup. Moreover, some employers have even illegally removed workers from their positions and cut off wages. Henceforth, the brutal acts and suppressions of these employers could be assumed as the same cause of that of the military junta’s, and the Ministry of Labour highly condemns them. On the other side, the ministry will keep records of those employers who supports the National Unity Government and stand against the military junta.
3. For this reason, the ministry has set forth in the following five policies which will acted accordingly based on the current ongoing situation:-
- To ensure the National Unity Government can receive assistance and support from the international community
- To protect the rights of the domestic workers
- To obtain assistance from employers who support the National Unity Government and to take actions on those who support the military junta
- To enact Labour laws in accordance with the standards of democracy
- To eradicate the military junta
4. In relation to the implementation of the policies stated above, the ministry has included both long-term and short-term processes. With regards to the short-term process, the ministry will strive to protect the rights of the workers working inside and outside of Myanmar to a full extent, provide assistance, obtain international recognition for the National Unity Government, isolate the military junta from the civilized society and completely remove the military junta. The ministry will also build strong infrastructure for the development and protection of the labour rights under the new government. But on one hand, there have been various Myanmar immigrant workers working abroad as Myanmar is a developing country and it falls short of development on all sides. Meanwhile, there was no specific focal department under the Ministry of Labour to settle workers’ issues in the past. Therefore, domestic workers frequently faced labour rights abuses and encountered various losses. So with an intention to resolve and supplement these necessities, the Ministry of Labour, through the agreement of the National Unity Government, will organize an Immigrant Workers Department to deal with matters related to the rights of Myanmar immigrant workers working abroad.
5. After the revolution, Myanmar will be flourished with various industrial businesses and investments. At the same time, increasing numbers of employers and workers issues can be expected. However, even the existing issues between employers and workers could not be settled and these tensions and disputes continue to extend due to the weakness of the Settlement of Labour Dispute Law. At this rate, it became demanding to amend such law in order to solve the employers and workers issues, and necessary to create a Labour Court in the long-run. In addition, the existing Minimum Wages Law also needs to consider appropriate wage rates for the workers depending on the regions and workplaces. So in order to ensure implementing these processes smoothly after successfully overthrowing the military regime, it is fundamental to establish and set basic principles from this point onwards. Further discussions on protection of child labours, disabled labours, immigrant workers and temporary workers shall also be conducted so that to enact these laws respectively in the future. Existing labour related legislations which do not meet the international standards and current domestic situation shall also be considered for appropriate amendment and drafting new laws in line with the democratic norms.
6. Last but not the least, the role of civil servants, who worked for the Ministry of Labour and are currently joining the Civil Disobedience Movement to fight against the military junta, is vital. Our ministry highly regards and appraises the sacrifices of these civil servants, and have laid down necessary plans to protect and support them effectively. On the other hand, there are also civil servants who enthusiastically support the military junta and are helping them to suppress their colleagues from the same ministry. Therefore, the ministry hereby affirms its commitment to take necessary actions on these groups of people.
7. As the ultimate goal of the National Unity Government is to establish a Federal Democratic Union, the Ministry of Labour under this government confirms to fulfill the ambition of its government with all mights and rights until the goal is reached.
Ministry of Labour
National Unity Government





