
Category: Activities / လုပ်ငန်းဆောင်ရွက်ချက်များ
-

အလုပ်သမားများ၏ အရေးကိစ္စရပ်များနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန၊ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (LA) တို့ တွေ့ဆုံဆွေးနွေး
ပြည်တွင်း/ပြည်ပရှိ အလုပ်သမားများ၏ အရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (LA) တို့ တွေ့ဆုံဆွေးနွေး——-၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့____________________________အမျိုးသားညီညွတ် ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစု (LA) တို့တွေ့ဆုံသည့် အခမ်းအနားကို ယနေ့ ၂-၁၂-၂၀၂၁ ရက်နေ့တွင် Zoom Meeting ဖြင့် တွေဆုံခဲ့ရာ ဆွေးနွေးပွဲသို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီးဦးကျော်နီနှင့် တာဝန်ရှိသူများ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (LA) မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်တွင်း/ပြည်ပရှိ အလုပ်သမားများ၏ အရေးကိစ္စရပ်များ၊ ပြည်တွင်း/ပြည်ပ အလုပ်သမားထုနှင့် CDM ဝန်ထမ်းများကို အကူအညီနှင့် အကာအကွယ်ပေးနိုင်ရေးကိစ္စရပ်များ၊ အကြမ်းဖက်စစ်ကောင်စီအား အမြန်ဆုံး အမြစ်ဖြတ် ဖယ်ရှားနိုင်ရေးကိစ္စရပ်များ၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။ -

ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး
အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များဆွေးနွေး –ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲများကို သိရှိနိုင်ရေးနှင့် ကူညီစောင့်ရှောက်ပေးနိုင်ရေး အမျိုးသား ညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများတွေ့ဆုံသည့် အခမ်းအနားကို ၂၈-၁၁-၂၀၂၁ရက်နေ့တွင် Zoom Meeting ဖြင့်တွေ့ဆုံခဲ့ရာ အမျိုးသား ညီညွှတ်ရေးအစိုးရ၊ အလုပ် သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဒုတိယအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ(ထိုင်းနိုင်ငံ)မှ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ်သမားများ စုစုပေါင်း ၈၀ ဦးခန့်တက်ရောက်ခဲ့ကြပါသည်။အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံ၏ စစ်အာဏာရှင်တော်လှန်ရေးတွင်တတ်အားသ၍ ပါဝင်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများ အားလုံး၏ စည်းလုံးမှုဖြင့် တော်လှန်ရေးအောင်နိုင်ရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရောက် ညီအစ်ကို မောင်နှမများကို ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲ များကို သိရှိလို၍ ပွင့်ပွင့် လင်းလင်းဆွေးနွေး ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။ထို့နောက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ) မှ ကော်မတီအနေဖြင့် ဆောင်ရွက် ပေးလျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် အလုပ်သမားများမှ အထောက်အထား များ သက်တမ်းတိုးနိုင်ရေး၊ ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးလျက်ရှိသော အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စစ်ကောင်စီသို့ငွေများစီးဆင်းမှု မရှိစေရေးနှင့် မြန်မာအလုပ်သမားများအရေးနှင့်စပ်လျဉ်း၍ဆောင်ရွက်မည့် campaign ကိစ္စတို့ကို မေးမြန်းဆွေးနွေး ခဲ့ရာ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ) မှ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရှိခဲ့ရပါသည်။ -

ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ ဖဲကြိုးဖြူလှုပ်ရှားမှု ပုံရိပ်

“ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထ အမြစ်ဖြတ်၊
အမျိုးသမီးများအပေါ်အကြမ်းဖက်မှု အဆုံးသတ်”အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ ဖဲကြိုးဖြူလှုပ်ရှားမှု ပုံရိပ်
“End Impunity, End Violence against Women”
#EndImpunity_EndVAW
#ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထအမြစ်ဖြတ်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအဆုံးသတ်
#16daysofActivism2021 #ForeverWhiteRibbon -

အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ)တို့၏ ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ပေးနိုင်ရေး ဖွဲ့စည်းထားသော မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ)တို့၏ ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ပေးနိုင်ရေး ဖွဲ့စည်းထားသော မြန်မာရွှေ့ပြောင်းအလုပ် သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ)တို့၏ ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၁-၁၁-၂၀၂၁ တနင်္ဂနွေနေ့ ညနေပိုင်းတွင် Zoom Meeting ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွှတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီ နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ(ထိုင်းနိုင်ငံ) မှတာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အမျိုးသားညီညွှတ်ရေးအစိုးရမှ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များနှင့်စပ်လျဉ်း၍ ထိရောက်စွာ ကူညီစောင်ရွက် ပေးနိုင်ရန် ထိုင်းနိုင်ငံအစိုးရမှ အမျိုးသားညီညွှတ်ရေးအစိုးရကို အသိ အမှတ်ပြု လက်ခံနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ထိုင်းနိုင်ငံရှိ နိုင်ငံကူးလက်မှတ်နှင့် CI သက်တမ်းကုန်ဆုံးတော့မည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများသက်တမ်းတိုးနိုင်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ -

Union Minister and Deputy Minister of the Ministry of Labour, the National Unity Government met with CDM officers from the Ministry
Union Minister, Nai Suwunna, and Deputy Minister, U Kyaw Ni, for theMinistry of Labour met with officers from the Ministry who have been participating in the Civil Disobedience Movement (CDM) via a zoom meeting on 20th May 2021. During the virtual meeting, the Union Minister discussed the Ministry of Labour of the National Unity Government’s endeavour and plans for the CDM officers who are standing against the military junta. Afterwards, the Deputy Minister U Kyaw Ni also explained and discussed the future plans of the ministry. Therefore, the CDM officers also closely and openly presented their current conditions that they had been facing as well as their future plans.
-

Deputy Minister of the Ministry of Labour of the National Unity Government met with Myanmar Communities in Australia

Deputy Minister of the Ministry of Labour of the National Unity of Government, U Kyaw Ni, had a friendly zoom meeting with the Myanmar Communities in Australia on 18th May, 2021. During the meeting, the Deputy Minister discussed the current ongoing processes performed by the Ministry of Labour, and attendees to the virtual meeting inquired about the ongoing crisis taking place in Myanmar. They then presented their recent and anticipated activities in Australia regarding the Myanmar crisis, and mutually discussed their ideas.